Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ အောက်တိုဘာလ (၂၆)

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ အောက်တိုဘာလ (၂၆)

 

ကျမ်းချက်။ ။ဆာလံ ၁၈

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံံးသွင်းခြင်း

၄၀အကျွန်ုပ်ကို မုန်းသောရန်သူတို့၏ လည်ပင်းကို အကျွန်ုပ်၌ အပ်၍၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော် မူ၏။ ၄၁သူတို့သည် အော်ဟစ်ကြသောအခါ၊ ကယ်တင် သောသူမရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။ ၄၂ထိုအခါအကျွန်ုပ်သည် သူတို့ကို လေတိုက်သော မြေမှုန့်ကိုကဲ့သို့၊ ညက်ညက်ချေပြီးမှ၊ လမ်း၌အမှိုက်ကို ကဲ့သို့ သွန်ပစ်လေ၏။
၄၃လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ်၍၊ တပါးအမျိုးသားတို့၏ အကဲအမှူးအရာ ၌ ခန့်ထားတော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဘူးသော လူစုသည်အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏။ ၄၄အကျွန်ုပ်စကားသံကို ကြားသည်ခဏခြင်းတွင် နားထောင်ပါ၏။ တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်ကြပါ၏။ ၄၅ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန် လှုပ်လျက် ထွက်ကြပါ၏။

(ဆာလံ ၁၈း၄၀-၄၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ရန်သူများအား အနိုင်ယူခြင်း
က။ ရန်သူတို့၏ လည်ပင်း
တိုက်ပွဲဆုံးရှုံးသော ရန်သူတို့သည် ဒါဝဒ်မင်းရှေ့မှောက်၌ ဒူးထောက်ရသည်။
ခ။ မကောင်းသောသူတို့ကို ဖျက်ဆီးခြင်း
ယုတ်မာသောသူတို့သည် ဖျက်ဆီးခြင်းကို ခံရကြသည်။
ဂ။ ကယ်တင်သောသူ မရှိခြင်း
– ရန်သူတို့သည် မစခြင်းကို ရှာကြလိမ့်မည်။
– သူတို့သည် ထာဝရဘုရားသခင်ကိုပင် ခေါ်လိမ့်မည်။
– မည်သည့်အကူအညီမျှ ရမည် မဟုတ်။ ဘုရားသခင်သည် သူတို့အား မစ မည် မဟုတ်။
ဃ။ ရန်သူများ
သူတို့သည် လုံး၀ ရှုံးနှိမ့်ကြလိမ့်မည်။ မြေမှုန့်ကဲ့သို့ ပျောက်ကွယ်ကြ လိမ့်မည်။

၂။ ရန်သူများကို အနိုင်ရခြင်း
က။ ထာဝရဘုရားအားဖြင့် အနိုင်ရကြောင်း အောက်မေ့ရမည်။
ခ။ ထာဝရဘုရားသခင်ကသာ အောင်စေနိုင်သောသူ ဖြစ်သည်။

၃။ ပို၍ ကြီးမားသော ကောင်းချီးမင်္ဂလာများ
က။ တိုက်လှန်ခြင်းအမျိုးမျိုးမှ ကယ်တင်ခြင်း ခံရမည်။
ခ။ အခြားသောတိုင်းပြည်တို့ကို အုပ်စိုးရသောသူ ဖြစ်မည်။
ဂ။ အခြားသောသူတို့သည် ကြောက်၍ နာခံကြလိမ့်မည်။
၄။ ဤကောင်းချီးမင်္ဂလာများ
က။ တစ်ချို့သော အရာများသည် သမိုင်း၌ ပြည့်စုံသည်။
ဒါဝဒ်မင်း၏ အသက်တာ၌ တွေ့ရသည်။
ခ။ တစ်ချို့သော အရာများသည် အနာဂတ်၌ ပြည့်စုံမည်။
သခင်ယေရှုခရစ်တော်၏ အုပ်စိုးခြင်း၌ ပြည့်စုံကြလိမ့်မည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဒါဝဒ်မင်း၏ ယုံကြည်ခြင်း
က။ ထာဝရဘုရားသခင်အား ကိုးစားသည်။
ခ။ ယုံကြည်သည့်အတိုင်း ဆက်လက် ရပ်တည်သည်။
ဂ။ ထာဝရဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုဏာတော်ကို ကောင်းကောင်းခံစားရသည်။

၂။ ယုံကြည်ခြင်း၏ လက်တွေ့ထိရောက်မှု
က။ ဒါဝဒ်မင်းသည် ဉာဏ်ပညာ၌ ကြီးထွားလာသည်။
ခ။ ပို၍ ခွန်အားနှင့် ပြည့်စုံလာသည်။
ဂ။ အဆုံးထိ သတ္တိရှိသည်။

၃။ ဤအရာများသည် စိန်ခေါ်ချက်များ ဖြစ်သည်။
ခွန်အားကြီး၍ လက်တွေ့ကျသော ယုံကြည်ခြင်းမျိုးကို ပျိုးထောင်ကြစို့။ ယုံကြည်ခြင်းသည် စာနှင့်ပေနှင့်သာ နားလည်ဖော်ပြရမည့် အချက်မဟုတ်၊ လက်တွေ့ဖော်ဆောင်ရမည့် အရာဖြစ်သည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]