Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၅၊၁၀၊၂၀၂၀

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၅၊၁၀၊၂၀၂၀

 

ကျမ်းချက်။ ။ဆာလံ ၁၈

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၂၈အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကို ထွန်း၍၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။ ၂၉အကျွန်ုပ်သည် ကိုယ်တော်ကိုအမှီပြု၍၊ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ ဝင်ပါပြီ။ ၃၀ဘုရားသခင် စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသော သူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏

ဆာလံ ၁၈း၂၈-၃၀

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဆာလံဆရာ ဒါဝဒ်မင်းအသက်တာတွင် တွေ့ရသော ဘုရားသခင်
က။ အကျွန်ုပ်တို့၏ အသက်မီးခွက်ကို ထွန်းပေးသည်။
(၁) အမြင်ဖွင့်ပေးသည်။
(၂) နားလည်သဘောပေါက်စေသည်။
(၃) အလင်းသည် မှောင်မိုက်ကို ကွယ်ပျောက်စေသည်။
ခ။ အကျွန်ုပ်တို့အား ခွန်အားပေးသည်။
(၁) ရန်သူတို့၏တပ်များကို ဖျက်ပြတ်ရန်၊
(၂) မြို့ရိုးတို့ကို ကျော်ဖြတ်ရန်၊
(၃) ဘုရားသခင်ပေးသော ခွန်အားအားဖြင့် အကျွနု်ပ်တို့သည် သစ္စာရှိစွာ အစေခံနိုင်ကြမည် ဖြစ်သည်။
ဂ။ ဘုရားသခင်သည် သူ၏လမ်းတော်ကို ပြညွန်တော်မူသည်။
(၁) သူ၏လမ်းတော်သည် အကျွန်ုပ်တို့၏လမ်းများ မဟုတ်။
(၂) သူ၏လမ်းတော်တို့သည် စုံလင်ကြသည်။
(၃) သူ၏လမ်းတော်ကို နားလည်နိုင်ဖို့ ဘုရားသခင် မစနိုင်သည်။
ဃ။ ဘုရားသခင်သည် အကျွန်ုပ်တို့၏ အကွယ်အကာ ဖြစ်သည်။
(၁) မကောင်းမှုဟူသမျှတို့ကို ကာကွယ်ပေးသော ဒိုင်းဖြစ်သည်။
(၂) လူဆိုးတို့၏လက်မှ အကျွန်ုပ်တို့ကို ကာကွယ်ပေးသည်။
(၃) ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်ခြင်းကို လုံး၀ မှီခိုကြစို့။

၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်
က။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သီအိုရီ မဟုတ်။
ခ။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် စုံလင်သည်။
ဂ။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အစစ်ခံ၍ သက်သေထူလို့ ရသည်။

 

အသက်တာနှင့် အမှုတော်မြတ်တွင် လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်နှင့် စပ်လျဉ်း၍ အကျွန်ုပ်တို့၏ စိန်ခေါ်ချက်
က။ အသက်တာဖြင့် ဘုရားသခင်ကို အမှန်အကန် သိမြင်ရန်၊
ခ။ ဘုရားသခင်ကို ပို၍ ခင်မင်ရင်းနှင်းစွာ ပေါင်းသင်းဆက်ဆံရန်၊
ဂ။ ဒါဝဒ်မင်းကဲ့သို့ ဘုရားသခင်ကို အံ့သြဖွယ် ဘုရင်တပါးအဖြစ် ပေါင်းသင်းရန်၊

၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် စပ်လျဉ်း၍ အကျွန်ုပ်တို့၏ စိန်ခေါ်ချက်
က။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပို၍ အကျွမ်းတဝင် ဖြစ်လာရန်၊
ခ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပို၍ နားလည်သဘောပေါက်ရန်၊
ဂ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ဘဝအားဖြင့် သိသာစွာအကောင်အထည် ဖော်ရန်၊

၃။ လက်တွေ့လုပ်ဆောင်ရမည့် အချက်များ
က။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပို၍ ဖတ်ပါ။
ခ။ အရေးပါသော ကျမ်းချက်များကို အလွတ်ကျက်မှတ်ပါ။
ဂ။ နှုတ်ကပတ်တော်မှ သွန်သင်ချက်များ( အမှန်တရား) ကို လက်တွေ့ ကျင့်ဆောင်ပါ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်) တန်

To Contact : [email protected]