Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၁၄၊ ၉၊ ၂၀၂၀

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၁၄၊ ၉၊ ၂၀၂၀

 

ကျမ်းချက်။ ။ဆာလံ ၁၈
ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၂၁အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏ လမ်းတော်သို့ အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၏မသွား။ ၂၂စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက် ပြု၏။ အထုံးအဖွဲ့တော်တို့ကို မပယ်၊ ( ဆာလံ ၁၈း၂၁-၂၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်၏ ဆုလဒ်
က။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို တနည်းအားဖြင့် ဖော်ပြခြင်း ဖြစ်သည်။
ခ။ ဘုရားသခင်သည် လူတို့ကို အဘယ်သို့ ကောင်းချီးပေးသည်ကို ပို၍လေးနက်စွာ နားလည်သဘောပေါက် လာကြသည်။
ဂ။ ကြီးမားစွာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိခံစားသောသူသည် ဘုရားသခင်၏ဆုလဒ်ကို ရရှိသောသူ ဖြစ်သည်။

၂။ မည်သည့်အရာကို ဘုရားသခင်သည် ဆုလဒ်အဖြစ် ပေးမည်နည်း။
က။ အကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်း
(၁) အကျွန်ုပ်တို့သည် အမှန်ဖြောင့်မတ်သည်၊ မဖြောင့်မတ်သည်ကို ဘုရားသခင် သိကျွမ်းတော်မူသည်။
(၂) အကျွန်ုပ်တို့သည် အကယ်စင်စစ် သူတော်ကောင်း ဟန်ဆောင်နေသည်ကိုလည်း ဘုရားသခင် သိတော်မူသည်။
ခ။ အကျွန်ုပ်တို့လက်များ၏ သန့်ရှင်းခြင်း
(၁) မကောင်းသောအရာများကို လက်တွေ့ကျူးလွန်ခြင်း မရှိ။
(၂) မကောင်းသောအရာများမှာ မုသာစကားပြောဆိုခြင်း၊ သူတပါးပစ္စည်းဥစ္စာများကို ခိုးယူခြင်း၊ နှင့် သူတပါးအား လှည့်ဖြားခြင်း
စသည်တို့ဖြစ်သည်။
(၃) အကျွန်ုပ်တို့သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်နေခြင်း ရှိရမည်။
(၄) လက်နှစ်ဖက်စလုံး အမှန်သန့်ရှင်းနေခြင်းသည် ဘုရားသခင်၏ ဆုချီးမြှင့်ခြင်း အကြောင်းဖြစ်သည်။
(၅) ဖြောင့်မတ်စွာ လျောက်လှမ်းကြစို့။

 

၃။ သူသည် အကျွန်ုပ်အား ပြန်ပေးဆပ်တော်မူသည်။
က။ ဘုရားသခင်သည် နစ်နာသမျှတို့ကို ပြန်၍ပေးဆပ်တော်မူသည်။
ခ။ ဖြောင့်မတ်စွာ အသက်ရှင်ပါက၊ ဘုရားသခင်သည် အမှန် ကျေးဇူးပြုမည် ဖြစ်သည်။
၄။ ဘုရားသခင်၏ ကျေးဇူးပြုခြင်းကို ဖြစ်စေသော အရာများမှာ
က။ ဘုရားသခင်၏ လမ်းစဉ်အတိုင်း လျောက်လှမ်းခြင်း
(၁) ဘုရားသခင်၏ လမ်းတော်ကို သိရမည်။
(၂) ဘုရားသခင်၏ လမ်းတော်အတိုင်း လျောက်လှမ်းရမည်။
ခ။ ဘုရားသခင်ထံမှ ပြစ်မှား၍ မထွက်ခွါခြင်း
(၁) ဘုရားသခင်နှင့်ခွါ၍ သူ၏လမ်းတော်ကို စွန့်ပယ်ခြင်းသည် မကောင်းမှု ဖြစ်သည်။
(၂) ဘုရားသခင်၏လမ်းတော်မှ လွဲ၍ခွဲထွက်သွားခြင်းသည် အလွန်ဆိုးသော အလားအလာတစ်ခု ဖြစ်သည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို မျှော်လင့်ကြစို့။
ဤအမှုသည် သဘာဝကျ၍ ကောင်းမြတ်သည်။

၂။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများသည် အဘယ်သို့ ရရှိခံစားနိုင်သနည်း။
က။ ဖြောင့်မတ်စွာ အသက်ရှင်ခြင်းဖြင့်၊
ခ။ ဘုရားသခင်၏လမ်းတော်အတိုင်း လျောက်လှမ်းခြင်းဖြင့်၊
ဂ။ ဘုရားသခင်ထံတော်အပါးမှ မခွါဘဲ ရင်းနှီးစွာ ပေါင်းသင်းခြင်းဖြင့်၊
၃။ ကောင်းချီးမင်္ဂလာများသည် အလိုအလျောက် ဖြစ်လာသော အရာများ မဟုတ်။
က။ သင်းအုပ်ဆရာများဖြစ်သောကြောင့် ဘုရားသခင်က ကောင်းချီးပေးသည် မဟုတ်။
ခ။ ဘုရားသခင်ကို အမှန် နာခံ၍ ဖြောင့်မတ်စွာ အသက်ရှင်မှသာလျှင် ဘုရားသခင်က ကောင်းချီးပေးမည် ဖြစ်သည်။
၄။ ဘုရားသခင်အတွက် ဖြောင့်မတ်စွာ အသက်ရှင်ရန် ဆုံးဖြတ်ကြစို့။ သခင်ဘုရား အမှန်ကောင်းချီးပေးလိမ့်မည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]