Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၃၁၊ ၈၊ ၂၀၂၀

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၃၁၊ ၈၊ ၂၀၂၀

 

ကျမ်းချက်။ ။ဆာလံ ၁၈း၇-၁၅

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၇ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ တောင်အမြစ်တို့သည် တရွေ့ရွေ့ လှုပ်ရှားကြ၏။ ၈နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော် ထဲက မီးလောင်သောအားဖြင့်၊ မီးခဲတောက်လေ၏။ ၉မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက် တော်မူ၍၊ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ ၏။ ၁၀ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ် မှာလျင်စွာ ပျံတော်မူ၏။ ၁၁မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ၍၊ တခဲနက် သောရေနှင့်ထူထပ်သော မိုဃ်းတိမ်တို့သည် ကိုယ်တော် ကို ကာရံလျက်ရှိကြ၏။ ၁၂ရှေ့တော်၌ ရောင်ခြည်ကြောင့်တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ၏။ ၁၃ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။ ၁၄လေးမြှားတော်တို့ကိုပစ်၍ လျှပ်စစ်ပြက်စေ သဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။
၁၅ထိုအခါ အိုထာဝရဘုရား၊ ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှုတော်မူ သောအားဖြင့်၊ သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက် မြစ်တို့သည်ပွင့်လစ် ထင်ပေါ်လျက်ရှိကြ၏။ (ဆာလံ ၁၈း၇-၁၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်၏ တရားစီရင်ခြင်း
က။ ဘုရားသခင်သည် မိုက်မဲသောသူတို့အား အမျက်ထွက်လျက် ရှိသည်။
ခ။ ဘုရားသခင်သည် မကောင်းသောသူတို့ကို ဆုံးမတော်မူမည်။

၂။ ဆုတောင်းချက်များကို ဘုရားသခင် အဘယ်သို့ တုံ့ပြန်တော်မူသနည်း
က။ သူ၏လူမျိုးတော်တို့ကို အလျင်အမြန် ပျံသန်း၍ ကယ်တော်မူသည်။
ခ။ လူဆိုးတို့ကို အသေအချ တိုက်ခိုက်ချေမှုန်းတော် မူသည်။
ဂ။ မကောင်းသောသူအပေါင်းတို့ကို အနိုင်ယူ၍ နေရာအနှံ့ နှင်ထုတ်တော်မူသည်။

၃။ ဘုရားသခင်ပုဂ္ဂိုလ်အား အလွန်တရာမှ ကြည်ညှိလေးစားခြင်း
က။ မှောင်မိုက်ခြင်း ပုံရိပ်
(၁) ဘုရားသခင်သည် လူသားတို့ အကုန်အစင်
နားမလည်နိုင်သောသူဖြစ်ကြောင်း ဖော်ထုတ်လိုသည်။
(၂) ဘုရားသခင်သည် မှောင်မိုက်၌ ပုန်းတော်မူသည်။
ခ။ အလင်း ပုံရိပ်
(၁) အလွန်ကြီးမားသော အလင်း
(၂) ဘုရားသခင်၏ အံံံ့ဖွယ်သော တန်ခိုးတော်ကို ဖော်ပြရန် ဖြစ်သည်။
ဂ။ လက်နက် ပုံရိပ်
(၁) မြှားများ
(၂) မိုးသီးများနျင့် မီးများ

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်၏ ကြီးမြတ်တော်မူခြင်း
က။ ဆာလံဆရာ ဖော်ထုတ်လိုသော အချက်ပင် ဖြစ်သည်။
ခ။ ဘုရားသခင်သည် အမှန် ကြီးမြတ်တော်မူသည်။

၂။ အကျွန်ုပ်တို့၏ တုံ့ပြန်ချက်
က။ အလွန်အံ့သြခြင်း ရှိကြကုန်အံ့။
ခ။ ဘုရားသခင်ကို အမှန်သိ၍ ကောင်းမွန်စွာ ဆက်ဆံကြကုန်အံ့။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်

To Contact : [email protected]