Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ ဇနဝါရီ ၆

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ ဇနဝါရီ ၆

 

ကျမ်းချက်။ ။ဆာလံ ၆း၄-၁၀

ဆင်ခြင်ခြင်း

၆း၄ အိုထာဝရဘုရား၊ တစ်ဖန်ကြွလာ၍ အကျွနု်ပ်စိတ်ဝိညာဉ်ကို ကယ်ယူတော်မူပါ။
ကရုဏာတော်နှင့်အညီ အကျွနု်ပ်ကို ကယ်တင်တော်မူပါ။
၆း၅ အကြောင်းမူကား၊ သေလျက်နေစဉ်တွင် ကိုယ်တော်ကို အောက်မေ့ခြင်းမရှိပါ။
မရဏာနိုင်ငံတွင် ကျေးဇူးတော်ကို အဘယ်သူချီးမွမ်းပါမည်နည်း။
၆း၆ အကျွနု်ပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွနု်ပ်ခုတင်ကို ကိုယ်မျက်ရည်၌
တစ်ညလုံးမျှော၍၊ အိပ်ရာကိုလည်းမွန်းစေပါ၏။
၆း၇ ဝမ်းနည်းခြင်းအားဖြင့် မျက်စိပျက်၍၊ ရန်သူများကြောင့် ပြာမှုန်လျက်ရှိပါ၏။
၆း၈ မတရားသဖြင့် ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါငိုကြွေးသံကို ထာဝရဘုရား
ကြားတော်မူ၏။
၆း၉ ငါတောင်းပန်ခြင်းကို ထာဝရဘုရား ကြားတော်မူ၏။ ငါပြုသောပတ္ထနာစကားကို
ထာဝရဘုရား နာယူတော်မူ၏။
၆း၁၀ ငါ့ရန်သူအပေါင်းတို့သည် ရှက်ကြောက်၍ ဆုံးရှုံးခြင်း ရှိကြလိမ့်မည်။
ချက်ချင်းပြန်သွား၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။

ဆာလံ ၆း၄-၁၀

 

အလွန်စိတ်ပျက်ခြင်း၏ လက္ခဏာများ
၁။ ညဉ်းတွားခြင်း
၂။ ဝမ်းနည်းခြင်း
၃။ ငိုကြွေးခြင်း

စိတ်သောက ဖြစ်စေသော အကြောင်းတရားများ

၁။ ရန်သူများ
၂။ မတရားသဖြင့်ပြုသောသူများ
၃။ မကောင်းသောသူများကြောင့် ဖြစ်သော ပြဿနာများ

အဓိပ္ပာယ်ရှိရှိ ဆုတောင်းခြင်း
၁။ ဘုရားသခင်၏ ကရုဏာတော်ကို အသနားခံတောင်းရှောက်ခြင်း နိမ့်ချစွာ ဆုတောင်းရမည်။
၂။ ဘုရားသခင်သည် အကျွနု်ပ်တို့၏ ဆုတောင်းသံကို နားညှောင်းသည်ကို ယုံကြည်ခြင်း
က။ တောင်းပန်ချက်များကို နားညှောင်းလိမ့်မည်။
ခ။ သစ္စာရှိ၍ နိမ့်ချသောသူတို့၏ ဆုတောင်းချက်များကို နားညှောင်းသည်။

စိတ်ဓါတ်ကျခြင်းကို အနိုင်ယူခြင်း
၁။ စိုးရိမ်ပူပန်မည့်အစား ယုံကြည်ကိုးစားရမည်။
၂။ စိတ်အားငယ်နေမည့်အစား ပြန်လည်နိူးကြားသော စိတ်ဓါတ် မွေးမြူရမည်။
၃။ အရှုံးမပေးဘဲ အနာဂတ်အတွက် မျှောင်လင့်ချက်ရှိနေရမည်။

၂၀၂၀ ၌ ဘုရားသခင်ကိုယ်တိုင် ပြုမည့် ကြီးမားသော အမှုများကို မျှောင်လင့်ကြရအောင်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

 

To Contact : [email protected]