Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၁၇၊၈၊၂၀၂၀

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၁၇၊၈၊၂၀၂၀

 

ကျမ်းချက်။ ။ ဆာလံ ၁၈း၁-၂

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၁၈:၁ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ခွန်အားဗလတည်းဟူသော ကိုယ်တောိကို အကျွန်ုပ်ချစ်ပါ၏။
၁၈:၂ ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏။
ဆာလံ ၁၈း၁-၂

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ခေါင်းစည်းစာသာ
က။ ဆာလံကျမ်းများ၌ ခေါင်းစည်းစာသာများ ရှိတတ်ကြသည်။
ခ။ ၎င်းတို့သည် အမှတ်အသားများ ဖြစ်ကြသည်။
ဂ။ ဆာလံကျမ်းများကို ပို၍ နားလည်စေသည်။
ဃ။ သမိုင်းဝင် အမှတ်အသားများဖြစ်ကြသော်လည်း၊ သမ္မာကျမ်းစာ၏
အစိတ်အပိုင်းများ မဟုတ်ကြပါ။

၂။ ဒါဝဒ်မင်းရေးသားပြုစုသော ဆာလံသီချင်း ဖြစ်သည်။
က။ ကိုယ်တိုင် ခံစားချက်၊ အမြင်များစွာ ပါသည်။
ခ။ ဓမ္မသဘောတရားများစွာတို့လည်း ပါရှိသည်။ လေ့လာ၍ ဖော်ထုတ်ကြရမည်။

၃။ ကိုယ်တွေ့အတွေ့အကြုံများမှ ဘုရားသခင်၏အကြောင်းအရာများစွာ လေ့လာသိရှိခြင်း
က။ ဘုရားသခင်ပေးသနားတော်မူသော ခွန်အား
ခ။ ဘုရားသခင်၏ ကာကွယ်ခြင်း
(၁) ကျောက်
(၂) ရဲတိုက်
(၃) ကယ်နှုတ်သူ
(၄) ခုလှုံရာ
ဂ။ ဘုရားသခင် ကိုယ်တိုင် ပါဝင်ခြင်း
(၁) အကွယ်အကာ
(၂) ကယ်တင်ခြင်းဦးချို
ဃ။ သခင်ဘုရားကို အသင့်တော်ဆုံး တုံ့ပြန်ခြင်း
က။ ဘုရားသခင်ထာဝရဘုရားကို ချစ်မြတ်နိူးခြင်း
ခ။ ဘုရားသခင်အား ကိုးစားခြင်း
ဂ။ ဘုရားသခင်ထံတော်သို့ ဆုတောင်းခြင်း၊ နာမတော်အား ချီးမွမ်းခြင်း

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ ဘုရားသခင်ကို သိရှိနားလည်နာခြင်း
က။ ဘုရားသခင်အား သိကျွမ်းခြင်းအမှု၌ ကြီးထွားနေရမည်။
ခ။ ဘုရားသခင် သိကျွမ်းခြင်းသည် ကျောင်းပညာသာ မဖြစ်ရ။
၂။ ဘုရားသခင်နှင့် ပေါင်းသင်းဆက်နွယ်မှုကို ပို၍လေးနက်စေခြင်း
က။ လုံး၀ လုပ်ဆောင်ရမည့် အချက်ဖြစ်သည်။
ခ။ ဒါဝဒ်မင်း၏ ပုံသက်သေကို အတုယူကြပါစို့
၃။ အကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ဝေငှခြင်း
က။ ယုံကြည်စိတ်ချမှုအပြည့်နှင့် ဘုရားသခင်အကြောင်းကို ပြောပါ။
ခ။ အဓိပ္ပာယ်ရှိရှိ မိမိ၏ယုံကြည်ခြင်းကို ဝေငှပါ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]