Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၈)

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၈)

 

ကျမ်းချက်။ ။ဆာလံ ၁၂း၅-၈

 

ချစ်သောညီအက်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၁၂း၅ ဆင်းရဲသောသူသည် ခံရသောညှင်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်။ ကဲ့ရဲ့ခြင်းကိုခံရသောသူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။-
၁၂း၆ ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်းခြင်းရှိ၍ မြေနှင့် ကင်းစင်စေခြင်းငှါ၊ မိုက်၌ခုနစ်ကြိမ်စစ်သော ငွေကဲ့သို့ဖြစ်ကြ၏။-
၁၂း၇ အိုထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ်စောင့်မတော်မူမည်။-
၁၂း၈ ဆိုးယုတ်သောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သည်ကာလ၊ မတရားသောသူတို့သည် အရပ်ရပ် လှည့်လည်ရသော အခွင့်ရှိကြ၏။
ဆာလံ ၁၂း၅-၈

 

တွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထာဝရဘုရားသခင့်ထံမှ အထူးစကား
က။ သူသည် ထတော်မူလိမ့်မည်။
ခ။ ငတ်မွတ်သောသူ၊ ဆင်းရဲသောသူများကို ကျေးဇူးပြုတော်မူမည်။
ဂ။ ထိုသူတို့၏ ဒုက္ခဆင်းရဲခြင်းကို သိတော်မူသည်။
(၁) ညှင်းပန်းနှိပ်စက်ခြင်း၊
(၂) ဝမ်းနည်းခြင်း၊
(၃) အန္တာရာယ်ရှိခြင်း၊

၂။ ဘုရားသခင်၏နှုတ်ထွက်စကားကို သင့်လျော်စွာ တုံ့ပြန်ခြင်း
က။ ဘုရားသခင်၏နှုတ်ထွက်စကားများသည် ဖြူစင်ကြသည်။
ခ။ နှုတ်ကပတ်တော်သည် ငွေကဲ့သို့ ဖြူစင်သည်။
(၁) ငွေသန့်စင်ရာ၌ အဆင့်ဆင့်ရှိသည်။
(၂) မီးလျှံထဲသို့ ခုနှစ်ကြိမ်တိုင်တိုင် စစ်ရသည်။
(၃) အညစ်အကြေးများနှင့် လုံး၀ ကင်းစင်သည်။
(၄) ငွေသားအစစ်သာ ကျန်ရစ်သည်။
(၅) သန့်စင်သောငွေသည် မှန်ကဲ့သု့ိ ဖြစ်သည်။
(၆) ငွေကို ကြည့်သောအခါ မိမိမျက်နှာ ယောင်ပြန်ဟပ်သည်ကို မြင်နိုင်သည်။

၃။ ဘုရားသခင်သည် မိမိ၏နှုတ်ထွက်စကားများကို ထိန်းသိမ်းစောင့်ရှောက်လိမ့်မည်။
က။ မကောင်းသောအရားများသည် နှုတ်ကပတ်တော်ကို ဒုက္ခပေးနိုင်မည် မဟုတ်။
ခ။ ဘုရားသခင်သည် မိမိ၏နှုတ်ထွက်စကားကို အစဉ်ထာဝရ ထိန်းသိမ်းစောင့်ရှောက်မည်။

၄။ မတရားသောသူ
က။ မတရားသောသူများသည် အကျွန်ုပ်တို့၏ အနီးအနား၌ အမြဲရှိနေမည် ဖြစ်သည်။
ခ။ မတရားသောသူတို့သည် မိမိတို့ကိုယ့်ကို ချီးမြှောက်ကြလိမ့်မည်။
ဂ။ သို့သော်၊ သူတို့သည် အမှန်တရားကို မည်သို့မျှ မပျက်စီးနိုင်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်
၁။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ချစ်မြတ်နိူးပါ။
က။ ဇွဲလုံးလဝိရိယနှင့် ဖတ်နေပါ။
ခ။ အလွှတ်ကျက်မှတ်၍ နှလုံးသွင်းပါ။

၂။ ဘုရားသခင်၏နှုတ်ထွက်စကားများ မှန်ကန်ကြောင်း သက်သေထူပါ။
က။ နှုတ်ကပတ်တော်အားဖြင့် လျောက်လှမ်းပါ။
ခ။ သမ္မာကျမ်းစာကို စိတ်ထဲမှ စွဲလမ်းလျက် အသက်တာ၌ အစီအမံချပါ။

၃။ နှုတ်ကပတ်တော်ကို ဝေငှပါ။
က။ မိမိမိသားစုများနှင့်သော်လည်းကောင်း၊
ခ။ မိမိသူငယ်ချင်းမိတ်ဆွေများနှင့်သော်လည်းကောင်း၊

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

 

To Contact : [email protected]