Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ မေလ ၂၅

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ မေလ ၂၅

 

ကျမ်းချက်။ ။ ဆာလံ ၁၁း၄-၇

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်

၁၁း၄ ထာဝရဘုရားသည် သန့်ရှင်းသောဗိမာန်တော်၌ ရှိတော်မူ၏။ ထာဝရဘုရား၏ ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည်၏။ မျက်စိတော်သည် ကြည့်ရှု၍ မျက်ခမ်းတော်သည် လူသားတို့ကို စစ်တော်မူ၏။-
၁၁း၅ ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလိုသောသူကို ဝိညာဉ်တော်သည် မုန်းတော်မူ၏။-
၁၁း၆ မတရားသောသူတို့အပေါ်မှာ တောက်သောမီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ၍၊ သူတို့သောက်စရာဘို့ စီရင်တော်မူမည်။-
၁၁း၇ တရားသဖြင့် ပြုတော်မူသောထာဝရဘုရားသည် တရားသောအမှုကို နှစ်သက်၍ သဘောဖြောင့်သောသူကို မျက်နှာပြုတော်မူ၏။
ဆာလံ ၁၁း၄-၇

 

တွေ့ရှိချက်များနှင့် အနက်ဖွင့်ခြင်း
၁။ ကျမ်းချက်၏ အဓိကသော့ချက်မှာ ထာဝရဘုရားသခင်နှင့်ပတ်သက်သည်။
၂။ ထာဝရဘုရားသခင်ကို ပို၍မြတ်နှိုးမည်အကြောင်း အောက်ပါအချက်တို့သည် အရေးပါသည်။
က။ ထာဝရဘုရားသခင်သည် အဘယ်မှာရှိသနည်း။
(၁) သူ၏ဗိမာန်တော်၌ ရှိသည်။ သူသည် ဘုရားသခင်ဖြစ်၍ ကိုးကွယ်ကြရမည်။
(၂) သူသည် သူ၏ပုလ္လုင်ပေါ်၌ ထိုင်တော်မူသည်။ သူသည် ဘုရင်တကာတို့၏ဘုရင်ဖြစ်၍ အလွန်တရာမှ လေးစားကြရမည်။
(၃) သူသည် ကောင်းကင်ဘုံ၌ ရှိသည်။ အလွန်တရာမှ ခန်းနားကြီးကြယ်၍ ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံသည်။
ခ။ ထာဝရဘုရားသခင်သည် ဘုရင်အဖြစ် မည်သည်တို့ကို ဆောင်ရွက်သနည်း။
(၁) အရာခပ်သိမ်းတို့ို ထိန်းချုပ်တော်မူသည်။
(၂) လူသားတိုင်းကို စစ်ဆေးတော်မူသည်။
ဂ။ တရားသောသူနှင့် မတရားသောသူတို့ကို ဘုရားသခင် မည်သို့ သတ်မှတ်သနည်း။
(၁) ဖြောင့်မတ်သောသတို့ကို စမ်းသပ်လိမ့်မည်။ အမှန်ဖြောင့်မတ်သောသူဖြစ်သည်ကို သက်သေထူပေးနိုင်သည်။
(၂) ကြမ်းတမ်းသောသူများနှင့် ဆိုးညှစ်သောသူတို့ကို မုန်းတော်မူသည်။
ဃ။ ဘုရားသခင်သည် မကောင်းသောသူတို့ကို မည်သို့ ဆက်ဆံသနည်ု.

(၁) တရားစီရင်မည်။
(၂) ပြင်းထန်စွာ အလုပ်ပေးသည်။
(၃) စီရင်သောအပြစ်ဒဏ်သည် အလွန်ပြင်းထန်သည်။
င။ ဖြောင့်မတ်သောသူတို့အပေါ် မေတ္တာသက်တော်မူသည်။
(၁) ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူသည်။
(၂) သူသည် မျက်နှာသာပေးလိမ့်မည်။ ဖြောင့်မတ်သောသူတို့ကို စောင့်ရှောက်လိမ့်မည်။
(၃) ဖြောင့်မတ်သောသူတို့ကို မျက်နှာသာပေး၍ ဆက်ဆံတော်မူသည်။
(စ) ဖြောင့်မတ်သောသူတို့ကို ဘုရားသခင်ပေးသနားတော်မူသော `ကောင်းချီးမင်္ဂလာများကို ပြန်သတိရအောက်မေ့ကြပါစို့။

၆း၂၄ ထာဝရဘုရားသည်၊ သင့်ကိုကောင်းကြီးပေး၍ စောင့်မတော်မူပါစေသော။-
၆း၂၅ ထာဝရဘုရားသည်သင်၌မျက်နှာတော်အလင်းကို လွှတ်၍
ကရုဏာကျေးဇူးပြုတော်မူပါစေသော။-
၆း၂၆ ထာဝရဘုရားသည် သင့်ကိုမြော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသောဟု၊-
၆း၂၇ ဣသရေလအမျိုးသားတို့အပေါ်မှာ ငါ့နာမကိုမြွက်ဆို၍ တင်လျှင် ငါသည် ထိုသူတို့ကို ကောင်းကြီးမင်္ဂလာပေးမည်ဟု မိန့်တော်မူ၏။ (တော ၆း ၁၄-၂၆)

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ကျင့်ကြံအားထုတ်ခြင်း
၁။ ဘုရားသခင်ထာဝရဘုရားရှေ့၌ ဖြောင့်မတ်သောသူ ဖြစ်ကြရစို့။
၂။ မကောင်းသောသူနှင့် မကောင်းသောအရာများကို လုံးဝရှောင်ကြဉ်ကြစို့။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်

To Contact : [email protected]