Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ မေလ ၁၈

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ မေလ ၁၈

 

ကျမ်းချက်။ ။ဆာလံ ၁၁

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၁၁း၁-၃ မတရားသောသူတို့သည် သဘောဖြောင့်သောသူတို့ကို မထင်မရှား ပစ်အံ့သောငှါ လေးကိုတင်၍ လေးညှို့ပေါ်မှာ မြှားကိုပြင်ကြ၏။ အမှီတကဲတို့သည် ပျက်လျင် ဖြောင့်မတ်သောသူသည် အယ်သို့ပြုနိုင်သနည်း။ ငါ့ဝိညာဉ်အား သင်သည် ငှက်သကဲ့သို့ ကိုယ်နေရာ တောင်ပေါ်သို့ ပြေးချေဟု အဘယ်ကြောင့်ပြောကြသနည်း။ ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏။-

 

တွေ့ရှိချက်နှင့်အနက်ဖွင့်ခြင်း
၁။ ထာဝရဘုရားသခင်ကို ကိုးစားခြင်း
က။ ဒါဝဒ်မင်းကြီးသည် ထာဝရဘုရားသခင်ကို ကိုယ်တိုင် ယုံကြည်ကိုးစားသည်။
ခ။ ဒါဝဒ်မင်းကြီးသည် ထိုသို့သော မိမိ၏ယုံကြည်ခံယူချက်ကို အတိအလင်း ဖော်ထုတ်သည်။

၂။ အကြံပြုချက်
က။ ဒါဝဒ်မင်းကို ဒုက္ခပေးနေသော ရန်သူများ ရှိနိုင်သည်။
ခ။ ဘုရားသခင်ကို ကိုးစားနေခြင်းသည် အချည်းနှီးဖြစ်သည်ဟု ပြောသောသူ များ ရှိနိုင်သည်။
ဂ။ ရန်သူထံမှ ထွက်ပြေးနေသော ကာလလည်း ဖြစ်နိုင်သည်။
စိတ်ချလုံခြုံရာထွက်ပြေးနေသော ငှက်ကလေးအလား ဖြစ်သည်။

၃။ ထိုအကြံတို့သည် မည်သည့်အရာကို အခြေခံကြသနည်း။
က။ မတရားသောသူတို့သည် တိုက်ခိုက်လုယူရန် ပြင်ဆင်နေကြသည်။
ခ။ ရန်သူများသည် အရေအတွက်အားဖြင့် များနိုင်သည်။
ဂ။ တိုက်ပွဲကြီးကို အနိုင်ယူမည့်အလား ဖြစ်နေကြသည်။
ဃ။ သူတို့၏ အစီအစဉ်များသည်
(၁) ပေါ်တင်တိုက်ခိုက်ခြင်း၊
(၂) လျိုဝှက်တိုက်ခိုက်ခြင်း၊
င။ ဖြောင့်မတ်သောသူတို့၏ အခြေခံအုတ်မြစ်များ
(၁) အားနည်းသကဲ့သို့ ဖြစ်သည်။
(၂) မတရားသောသူတို့မှ အနိုင်ယူမည့် အလားအလာရှိသည်။
စ။ စိတ်ပျက်အားငယ်ခြင်း
(၁) မျှော်လင့်ခြင်းမရှိ၊
(၂) အရာခပ်သိမ်းတို့သည် ယိုယွင်းပျက်စီးနေခြင်း၊ စသည်တို့ ဖြစ်နိုင်သည်။

၄။ ဖြောင့်မတ်သောသူသည် မည်သည့်အရာကို ဆောင်ရွက်သင့်သနည်း။
က။ ရွေးချယ်ဆုံးဖြတ်နိုင်သည်။
(၁) သူသည် ကြောက်တတ်သော ငှက်ကလေး မဟုတ်။
(၂) ရန်သူကို မကြောက်တတ်သော လူတစ်ဦး အဖြစ် ရွေးချယ်ဆုံးဖြတ်နိုင်သည်။
ခ။ ဘုရားသခင်ကို ယုံကြည်ကိုးစားရန် ရွေးချယ်နိုင်သည်။
(၁) ဘုရားသခင်သည် အကွယ်အကာဖြစ်သည် (ဆာလံ ၃း၃)။
(၂) ဘုရားသခင်သည် အသနားခံတော်မူချက်များကို နားထောင်ပေးသည်
( ဆာလံ ၃၄၊ ၄း၃)။
(၃) ဘုရားသခင်ကို သူ့ဖက်၌ ရပ်တည်ပေးလိမ့်မည် (ဆာလံ ရး၁၀) ။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ သတ္တိရှိသော လူစွမ်းကောင်းများ ဖြစ်ကြရမည်။
၂။ အဆုံးထိ အောင်ပွဲဝင်နိုင်မည့် ယုံကြည်ခြင်းခွန်အားကြီးသောသူများ ဖြစ်ကြရမည်။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်) တန်

 

To Contact : [email protected]