Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ မေလ ၁၁

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀၊ မေလ ၁၁

 

ကျမ်းချက်။ ။ဆာလံ ၁၀း၁၆-၁၈

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၁၀း၁၆      ထာဝရဘုရားသည် ကာလအစဉ်အမြဲတည်သော ရှင်ဘုရင်ဖြစ်တော်မူ၍၊ တပါးအမျိူးသားတို့သည် နိုင်ငံတော်ထဲက ကွယ်ပျောက်ကြပါလိမ့်မည်။-
၁၀း၁၇      အို ထာဝရဘုရား၊ ကိုယ်တော်သည် နှိမ့်ချလျက်ရှိသောသူတို့၏ တောင့်တခြင်းအသံကို ကြားတော်မူ၏။ သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။-
၁၀း၁၈      ဆင်းရဲသားကိုသူ၏ မြေမှ တဖန်မနှင်ထုတ်မည်အကြောင်း၊ မိဘမရှိသောသူနှင့် ညှင်းဆဲခံရသောသတို့ကို တရားပေးခြင်းငှါ နားတော်ကို ဖွင့်တော်မူ၏။
ဆာလံ ၁၀း၁၆-၁၈

 

တွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ ထာဝရဘုရားသခင်သည် ရှင်ဘုရင်ဖြစ်တော်မူသည်။
က။ ဤဆောင်ပုဒ်သည် ဆာလံကျမ်းများ၌ အလွန်ထင်ရှားသည်။
ခ။ ရှေးခေတ်ကာလ၌ ဘုရင်၏အခန်းကဏ္ဍသည် အလွန်ကြီးမြတ်သည်။
(၁) အကာအကွယ်ပေးသောသူ၊
(၂) ကျွေးမွေးစောင့်ရှောက်သောသူ၊
(၃) တောင်းပန်ချက်များ၊ အသနားခံချက်များကို နားထောင်သောသူ၊
(၄) တရားမျှတမှုုကို စောင့်ထိန်းသောသူ၊ စသည်တို့ဖြစ်သည်။

၂။ ထာဝရဘုရားသခင်သည် မိမိ၏လူမျိုးတော်တို့ကို ကာကွယ်ပေးတော်မူသည်။
က။ တပါးအမျိုးသားများသည် အခြားသောတိုင်းတပါးများကို ဆိုလိုသည်။
ခ။ သူတို့သည် အစ္စရေးလူမျိုးတို့၏ ရန်သူများ ဖြစ်ကြသည်။
ဂ။ ထာဝရဘုရားသခင်၏ လူမျိုးတော်တို့ကို ထပ်ခါတလဲလဲ တိုက်ခိုက်ခဲ့ကြသည်။
ဃ။ သို့သော် သူတို့၏ကြိုးပမ်းမှုသည် အချည်းနှီးသာ ဖြစ်သည်။
င။ ထာဝရဘုရားသခင်ကိုယ်တိုင် သူတို့ကို ပျက်စီး၍ သူတို့သည် ကွယ်ပျောက်လိမ့်မည်။

၃။ ထာဝရဘုရားသခင်နှင့် သူ့လူမျိုးတော်တို့၏ နီးနွယ်ဆက်စပ်မှု
က။ နှိမ့်ချသောသူတို့၏ ဆန္ဒ (သို့) တောင်းတခြင်းများ
(၁) ထာဝရဘုရားသခင်၏ မစခြင်းကို ရှာကြသည်။
(၂) ထာဝရဘုရားသခင်သည်လည်း သူတို့၏တောင်းတခြင်းကို အသိအမှတ်ပြုလိမ့်မည်။
ခ။ သင် (ထာဝရဘုရားသခင်) သည် သူတို့၏ စိတ်နှလုံးကို တည်ကြည်စေမည်။
(၁) ဘုရားသခင်သည် သူပေးမည် မစခြင်း၊ အဖြေ ကို စောင့်ဆိုင်းနိုင်အောင် နှိမ့်ချသောသူတို့ကို သွန်သင်လိမ့်မည်။
(၂) ဘုရားသခင်သည် သူ၏လူမျိုးတော်တို့ကို စိတ်ရှည်သီးခံခြင်း၊ ဇွဲလုံးလဝိရိယ စသည်တို့ကို သင်ပေးလိမ့်မည်။
ဂ။ သင်သည် သူတို့၏ တောင်းတခြင်းအသံကို ကြားတော်မူမည်။
(၁) ဘုရားသခင်သည် ဆုတောင်ပဌနာပြုခြင်းကို အမှန် နားညှောင်းမည်။
(၂) သူ၏အထံတော်၌ လျောက်တင်သမျှသော အသနားခံချက်များကို နားထောင်တော်မူမည်။
ဃ။ သူသည် တရားမျှတခြင်းကို ဆုပ်ကိုင်ထားမည်။
(၁) မိဘမဲများ (ဖခင်မရှိသောသူများ) ကို မစလိမ့်မည်။
(၂) အနှိမ်ခံသောသူတို့ဘက်က ရပ်တည်လိမ့်မည်။
(၃) အနိုင်ကျင့်ခြင်းအမှုကို အဆုံးသတ် စီရင်လိမ့်မည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ ထာဝရဘုရားသခင်ကို ယုံကြည်ခြင်း
က။ ဘုရားသခင်ကို ပို၍သိကျွမ်းကြစို့။
ခ။ ဘုရားသခင်ကို ပို၍ သိလာသည်နှင့်အမျှ ပို၍အားကိုးကြစို့။
၂။ ဆုတောင်းသောအသက်တာနှင့် အမှုတော်
က။ အချိန်ပေးပြီး ဆုတောင်းကြစို့။
ခ။ ယနေ့သိမြင်နေသည်ထက် သာ၍မြတ်သောအမှုများသည် ယုံကြည်စွာ ဆုတောင်းခြင်းဖြင့် ရရှိခံစားနိုင်သည်။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်

To Contact : [email protected]