Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်း အုပ်ပေးစာ ၂၀၂၁၊ ဧပြီလ (၂၆) ရက်

ဘီထီအက်(စ်)သင်း အုပ်ပေးစာ ၂၀၂၁၊ ဧပြီလ (၂၆) ရက်

 

ကျမ်းချက်။ ။ ဆာလံ ၂၃

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော် မူ၏။ ငါသည် ဆင်းရဲမခံရ။

(ဆာလဲ ၂၃း၁)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဆာလံ ၂၃

က။ ဤဆာလံသည် အခြားသောဆာလံများထက် လူတွေက ပို၍နှစ်သက်ကြသည်။
ခ။ များစွာသောသူတို့သည် ဤဆာလံကို အလွတ်ကျက်မှတ်၍ မကြာခဏ ပြန်၍အောက်မေ့တတ်ကြသည်။

၂။ ဤဆာလံ၌ အဓိက အစိတ်အပိုင်း နှစ်ခု ရှိသည်။

က။ ဘုရားသခင်ကို သိုးထိန်းဖြစ်သည် (ဆာလံ၂၃း၁-၄)
ခ။ ဘုရားသခင်ကို သစ္စာရှိသော အိမ်ရှင်ဖြစ်သည်(ဆာလံ ၂၃း၅)

၃။ ကိုယ်တွင်းနှလုံးသားမှ ထွက်ပေါ်လာသော မြတ်နိူးမှုကို ဖော်ပြခြင်း

က။ ဒါဝဒ်မင်းသည် သိုးထိန်းအဖြစ် ဘဝကို အစပြုခဲ့သည်။
ခ။ ဖခင်၏သိုးများကို နှစ်ရှည်လများ စောင့်ရှောက်ခဲ့သည်။
ဂ။ သူကိုယ်တိုင်က သိုထိန်းဖြစ်သောကြောင့်၊ ဘုရားသခင်ကို သိုထိန်းအဖြစ် အလွန်မြတ်နိူးရခြင်း ဖြစ်နိုင်သည်။

၄။ ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော် မူ၏။

က။ ဤဆာလံ ၂၃ ၌ ကိုယ်တွေ့ခံစားချက်များစွာ ပါဝင်သည်။
ခ။ “ငါ” ဟူသော နာမ်စားကို ဒါဝဒ်မင်းသည် ကြိမ်ဖန်များစွာ သုံးသည်။
ဂ။ ထာဝရဘုရားသည် ဒါဝဒ်မင်း၏ ဘုရားသခင်သာ မဟုတ်။
ဃ။ ထာဝရဘုရားသည် ဒါဝဒ်မင်းအတွက် သိုးထိန်းတစ်ပါးလည်း ဖြစ်သည်။

၅။ ငါသည် ဆင်းရဲမခံရ။

က။ “ဆင်းရဲမခံရ” ကို ချဲ့၍ ရှင်းလင်းချက်ပေးရမည်။
ခ။ “လိုအပ်သောအရာများ ရှိနေမည် မဟုတ်” ဟု အဓိပ္ပာယ်ရှိသည်။

(၁) အလိုမပြည့်ဘဲနေသည်။
(၂) လုံလောက်မှုမရှိဘဲ နေသည်။

ဂ။ မလုံလောက်ဘဲ နေမည် မဟုတ် ကြောင်း ဒါဝဒ်မင်း သက်သေခံသည်။

(၁) ဘုရားသခင်က ကာကွယ်ခဲ့သည်။
(၂) ဘုရားသခင်က လိုအပ်သည်များကို ပေးသနားခဲ့သည်။
(၃) ထို့ကြောင့်၊ ဘယ်တော့အခါမျှ ဆင်းရဲခံရမည် မဟုတ်ကြောင်း သက်သေထွက်ဆိုနိုင်သည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အောက်ပါမေးခွန်းများကို မိမိတို့ကိုယ်တိုင် မေး၍ ဖြေကြရအောင်။

က။ ဘုရားသခင်ကို မိမိတို့ကိုယ်တိုင် အဘယ်မျှလောက် ရင်းနှီးသိကျွမ်းကြသနည်း။
ခ။ ဘုရားသခင်သည်လည်း အကျွန်ုပ်တို့နှင့် အဘယ်မျှလောက် ရင်းနှီး၍ နေသနည်း။

၂။ ဆာလံ ၂၃ ကို အလွတ်ကျက်မှတ်ကြရန် ကိုယ့်ကိုယ်ကို စိန်ခေါ်ကြည့်ပါ။

က။ ကောင်းမွန်စွာ နားလည်လျှက် အလွတ်ကျတ်ပါ။
ခ။ နှိမ့်ချသောစိတ်နှင့် ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကို ရှာရင်းအလွတ်ကျတ်ပါ။

၃။ ဆာလံ ၂၃ ကို အလွတ်ကျတ်မှတ်ရန် စီမံဆုံးဖြတ်ပါ။
၄။ ထာဝရဘုရားသခင်နှင့် ပို၍ ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနိုင်မည်အကြောင်း၊ ဆာလံ ၂၃ မှရရှိသာ အမှန်တရားများကို လက်တွေ့ကျင့်သုံးပါ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]