Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၂၉) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၂၉) ရက်

 

ကျမ်းချက်။ ။ဆာလံ ၃၃း၁၃-၁၅

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၁၃ ထာဝရဘုရားသည် ကောင်းကင်ဘုံက ကြည့်ရှု ၍၊ လူသားအပေါင်းတို့ကို မြင်တော်မူ၏။
၁၄ ကျိန်းဝပ်တော်မူရာ အရပ်က ကြည့်ရှု၍၊ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ် တော်မူ၏။ ၁၅ သူတို့၏ စိတ်နှလုံးရှိသမျှတို့ကို ဖန်ဆင်း၍၊ သူတို့ကျင့်သမျှသော အကျင့်တို့ကိုလည်း ဆင်ခြင်တော် မူ၏။

(ဆာလံ ၃၃း၁၃-၁၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထာဝရဘုရားသခင်၏ ထူးမြတ်စွာ စီရင်သောအမှု

က။ သူသည် ကောင်းကင်ဘုံက ကြည့်ရှုသည်။

(၁) ဘုရားသခင်သည် မြေကြီးပေါ်မှာ ဖြစ်ပျက်သောအမှုတို့ကို အလွန်အမင်း စိတ်ဝင်စားသည်။
(၂) သူကိုယ်တိုင်ဖန်ဆင်းထားသောအမရာတို့ကို ဂရုမစိုက်တတ်သော ဘုရားသခင် မဟုတ်ပါ။

၂။ “အဝေးရောက်ဝါဒီ” (deism) ဟုခေါ်သော မှားယွင်းသော သွန်သင်ချက်ရှိသည်။

က။ ထိုဝါဒီအရ၊ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်။
ခ။ သို့သော်၊ ဖန်ဆင်းထားသော လူသားတို့၏အရေး၌ ပါဝင်ပတ်သက်နေခြင်း မရှိ။
ဂ။ သူသည် လူသားအပေါင်းတို့ကို မြင်တော်မူ၏။

(၁) ဤအချက်သည် မှတ်ယူစရာ အလွန်ကောင်းသော သမ္မာတရား ဖြစ်သည်။
(၂) အလွန်ချစ်မြတ်နိူးသောကြောင့်၊ အကျွန်ုပ်တို့ ဆောင်ရွက်သမျှသောအမှုတို့ကို မြင်တော်မူသည်။

ဃ။ “ကျိန်းဝပ်တော်မူရာ အရပ်က ကြည့်ရှု၍၊ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ် တော်မူ၏။ ”

(၁) ဘုရားသခင် ကျိန်းဝပ်ရာနေရာသည် ကောင်းကင်ဘုံ ဖြစ်သည်။
(၂) အကျွန်ုပ်တို့ အတွက် အလွန်အလှမ်းဝေးသော်လည်း၊ ဘုရားသခင်အတွက် လုံး၀ အလှမ်းမဝေးပါ။
(၃) သူသည် ကောင်းကင်ဘုံမှ ကြည့်၍ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ်တော်မူနိုင်သည်။

င။ သူသည် လူသားတို့၏ စိတ်နှလုံးရှိသမျှတို့ကို ဖန်ဆင်းသည်။

(၁) ဘုရားသခင်သည် လူသားတိုင်းကို တမူထူးခြားစွာ ဖန်ဆင်းထားသည်။
(၂) လူသားတိုင်း၌ ကိုယ်စီ အရည်အချင်းများ၊ စွမ်းဆောင်ရည်များ ရှိကြသည်။
(၃) လူသားတိုင်း၏ လက်ဖွေတို့ပင်လျှင် မတူဘဲ၊ ခြားနားကြသည်။
(၄) အလွန်အံ့အားသင့်သော အချက်ပင် ဖြစ်သည်။
(၅) ဘုရားသခင်၏ ဖန်တီးနိုင်စွမ်းသည် အလွန်ပင်အံ့သြစရာကောင်းသည်။

စ။ ဘုရားသခင်သည် သူတို့ကျင့်သမျှသော အကျင့်တို့ကိုလည်း ဆင်ခြင်တော် မူ၏။

(၁) ဘုရားသခင်ရှေ့တော်၌ အကျွန်ပ်တို့သည် အရေးမပါကြပါဟု မိမိကိုယ်ကို ခံယူကြသောအခါ အလွန်ပင် မှားကြသည်။
(၂) ဘုရားသခင်သည် အကျွန်ုပ်တို့ ပြုသမျှသောအမှုတို့ကို (အကျင့်တို့ကို) ဆင်ခြင်တော်မူသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်ကို သိကျွမ်းသော ပညာ

က။ သိသာစွာ ကျယ်ပြန့်နေရမည်။
ခ။ ဘုရားသခင်၏ကြီးမြတ်ခြင်းကို သင့်တော်လျော်ကန်စွာ အလေးပေးရမည်။

၂။ ထာဝရဘုရားသခင်ကို အဘယ်သို့ သင့်လျော်စွာ အစေခံကြရမည်နည်း။

က။ ဤအချက်သည် အရေးကြီးသည်။
ခ။ ဘုရားသခင်သည် အကျွန်ုပ်တို့ ၏အသက်တာကို စောင့်ကြည့်နေသည်။
ဂ။ ဘုရားသခင်သည် အကျွန်ုပ်တို့ က သူ့အား မည်သို့အစေခံကြသည်ကို ဆင်ခြင်တော်မူသည်။

ဤဆာလံ၌ ဖတ်ရသော အမှန်တရားများသည် အကျွန်ုပ်တို့ ၏ယုံကြည်ခြင်းနှင့် အသက်တာကို အဓိပ္ပါယ်ရှိရှိ တို့ထိပါစေ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

 

 

 

To Contact : [email protected]