Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မတ်လ် (၂၀) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မတ်လ် (၂၀) ရက်

 

ကျမ်းချက်။ ။ ဆာလံ ၃၁း၂၁-၂၄

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၂၁ ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း။ အကြောင်းမူကား၊ ခိုင်ခံသောမြို့၌ အံဘွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ။
၂၂ အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုတ်လှုပ်လျက် ဆိုမိသော်လည်း၊ ကိုယ်တော်ကိုအော်ဟစ်သောအခါ အကျွန်ုပ်ပြုသော ပဌနာစကားသံကိုကိုယ်တော်နားထောင်တော်မူသတည်း။
၂၃ ထာဝရဘုရား၏ သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာ ရှိသောသူတို့ကို စောင့်မတော်မူ၏။ မာနထောင်လွှား သောသူတို့ကိုကား၊ အပြစ်များစွာဆပ်ပေးတော်မူ သတည်း။၂၄ ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့၊ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိကြလော့။

(ဆာလံ ၃၁း၂၁-၂၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ “ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း”

က။ ထာဝရဘုရားကို ကောင်းချီးပေးခြင်းသည် ကောင်း၌ မှန်သောအမှု ဖြစ်သည်။
ခ။ ထာဝရဘုရားသခင်၏နာမတော်မြတ်ကို အစဉ်အမြဲ ကောင်းချီးပေးရမည်။

၂။ ဘုရားသခင်ပြုပြီးသောအမှုတို့ကို ဆင်ခြင်နှလုံးသွင်းပါ။

က။ “အံဘွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ။”
ခ။ “ခိုင်ခံသောမြို့(ကြီးစွာသော ခွန်အားဗလ)ကို” ပေးသနားတော်မူပြီ။
ဂ။ ဆုတောင်းချက်များကိုလည်း ကြားနာတော်မူပြီ။
ဃ။ “အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီ (သေပါပြီ) ဟု” မဆင်မခြင် ဆိုမိကြောင်း ဒါဝဒ်မင်းကြီး ဝန်ခံသည်။
င။ ထာဝရဘုရားသခင်သည် စောင့်မတော်မူသည်။
စ။ “မာနထောင်လွှား သောသူတို့ကိုကား၊ အပြစ်များစွာဆပ်ပေးတော်မူ”သည်။

၃။ စိန်ခေါ်ချက်မှာ – ထာဝရဘုရားသခင်၌ မျှော်လင့်လျက် ယုံကြည်စွဲလမ်းနေခြင်း ဖြစ်သည်။

က။ အားယူ၍ ရဲရင့်ခြင်း ရှိရမည်။
ခ။ ထာဝရဘုရားသခင်သည် ကိုးစားသောသူအပေါင်းတို့ကို ခွန်အားပေးလိမ့်မည်။

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ထာဝရဘုရားသခင်အား ကောင်းချီးပေးခြင်း

က။ အကျင့်ရသည်အထိ သင်ယူအပ်သောအရာ ဖြစ်သည်။
ခ။ အောင်မြင်သည်အထိ လက်တွေ့ဆောင်ရွက်နိုင်သောအရာ ဖြစ်သည်။

၂။ အကျွန်ုပ်တို့ ဆောင်ရွက်ရမည့်အရာများ-

က။ မိမိတို့အသက်တာ၌ ဘုရားသခင်၏လက်ရာတော်ကို ရှာပါ။
ခ။ ဘုရားသခင်ပေးသနားတော်မူသော ကောင်းချီးမင်္ဂလာများကို မှတ်သားပါ။
ဂ။ ကောင်းချီးမင်္ဂလာများကို ရေးသား၍ စာရင်းပြုစုပါ။
ဃ။ ဘုရားသခင်ပြုသမျှသောအမရာတို့အတွက် ကျေးဇူးတင်ပါ။
င။ ဘုရားသခင်အား ချီးမွမ်းတတ်စေခြင်းငှါ မိမိနှလုံးသားကို သွန်သင်ပါ။
စ။ လူတို့၏စိတ်နှလုံးသည် ကျေးဇူးမတင်တတ်ပေ။

(၁) လူတို့၏စိတ်နှလုံးသည် များစွာသောကောင်းချီးမင်္ဂလာတို့ကို
မိမိရပိုင်ထိုက်သောအရာများဖြစ်သည်ဟု ခံယူတတ်သည်။
(၂) စိတ်နှလုံးသည် ဆေးကြောသန့်စင်ရမည်။
(၃) ထိုစိတ်နှလုံးသည် ပြုပြင်ပြောင်းလဲခြင်းသို့ ရောက်ရမည်။
(၄) ကျေးဇူးတော်ကို ချီးမွမ်းတတ်သော စိတ်နှလုံးကို ပြုစုပျိူးထောင်ပါ။

အကျွန်ုပ်တို့အတွက် ပြုသောအရာများကြောင့်၊ ထာဝရဘုရားသခင်သည် ချီးမွမ်းရန်ထိုက်တန်သည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

 

To Contact : [email protected]