Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဒီဇင်ဘာလ (၅) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဒီဇင်ဘာလ (၅) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၈း၈-၉

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၈ ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏။ အထံတော်၌ ဘိသိတ်ခံသောသူ၏ ကယ်တင်ခြင်းအကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ၏။
၉ ကိုယ်တော်၏လူစုကို ကယ်တင်၍၊ အမွေတော် ကို ကောင်းကြီးမင်္ဂလာပေးတော်မူပါ။ သူတို့ကိုအုပ်ထိန်း ၍၊ ထာဝရချီးမြှောက်ခြင်းရှိစေတော်မူပါ။

(ဆာလံ ၂၈း၈-၉)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ယုံကြည်ခြင်းကို အတိအလင်း ထုတ်ဖော်ခြင်း

က။ ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏။

(၁) အကျွန်ုပ်တို့ကို ခွန်အားပေးတော်မူသည်။
(၂) ထိုခွန်အားဗလကို အကျွန်ုပ်တို့၌ ခိုင်ခံ့မြဲမြံစေတော်မူသည်။

ခ။ထာဝရဘုရားသည် ခိုလှုံရာဖြစ်တော်မူသည်။

(၁) ဘုရားသခင်သည် အကယ်စင်စစ် ခိုလှုံရာဖြစ်သည်။
(၂) ခိုလှုံရာအရပ်သည် လုံခြုံသောအရပ်ကို ဆိုသည်။

ဂ။ အထံတော်၌ ဘိသိတ်ခံသောသူ

က။ ဘုရင်၊ ပုရောဖက် (ဝါ) ယဇ်ပရောဟတ် တစ်ပါးပါးကို ရည်ညွန်းနိုင်သည်။
ခ။ က္ကုသရေလနိုင်ငံတစ်ခုလုံးကိုလည်း ဘိသိပ်ခံသောလူမျိုးတစ်စုအဖြစ် ရည်ညွန်းနိုင်သည်။

၂။ အရေးကြီးသော ဆုတောင်းချက်

က။ ကယ်တင်ခြင်းအတွက်

(၁) ကယ်တင်ခြင်းကို ကြိမ်ဖန်များစွာ ကယ်မခြင်း ဟုလည်း ဖော်ပြသည်။
(၂) တန်းခိုကြီးသော ရန်သူများလက်ထဲမှ ကယ်မခြင်းကို ဆိုလိုသည်။

ခ။ အမွေခံလူမျိုးတို့အပေါ်သို့ ကျရောက်မည့် ဘုရားသခင်၏ကောင်းချီး မင်္ဂလာအတွက်

(၁) က္ကုသရေလ လူမျိုးတို့ကို ရည်ညွန်းသည်။
(၂) ဤကျမ်းချက်များကို လေ့လာပါ (တရား ၄း၂၀၊ ၃၂း၉)။

ဂ။ အုပ်ထိန်းတော်မူခြင်းအတွက်

(၁) ဘုရားသခင်သည် အကျွန်ုပ်တို့ကို အုပ်ထိန်းတော်မူသော သိုးထိန်းဖြစ်သည်။
(၂) ဘုရားသခင်သည် သူ၏လူမျိုးတို့ကို ထာဝရ ချီးမြောက်တော်မူမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အကျွန်ုပ်တို့၏ ယုံကြည်ခြင်း

က။ မိမိတို့၏ ယုံကြည်ခြင်း အခြေအနေကို အမြဲတမ်း စမ်းစစ်ပါ။
ခ။ အကျွန်ုပ်တို့၏ ယုံကြည်ခြင်း အခြေအနေမှာ မည်သို့ရှိနေသနည်း။

(၁) ဓမ္မသသောတရားအရ သော်လည်းကောင်း၊
(၂) ကိုယ်စီအသက်တာ၌ ထင်ရှားသောအမှုအရ သော်လည်းကောင်း၊

ဂ။ ဘုရားသခင်အပေါ်၌ ထားသော အကျွန်ုပ်တို့၏ ယုံကြည်ကိုးစားမှုသည် အကျွန်ုပ်တို့အတွက် ခိုင်ခံ့ခိုလှုံရာရပ် ဖြစ်ပါစေ။

၂။ ဘုရားသခင်နှင့် အကျွန်ုပ်တို့ ပေါင်းသင်းဆက်ဆံမှု

က။ ဘုရားသခင်နှင့် အကျွန်ုပ်တို့၏ ပေါင်းသင်းဆက်ဆံမှု မည်မျှ ခိုင်ခံ့သနည်း။
ခ။ ထာဝရဘုရားသခင်ကို မိမိတို့၏ခိုလှုံရာအရပ်အဖြစ် ကိုးစားသလား။

၃။ အကျွန်ုပ်တို့၏ ဆုတောင်းခြင်းအသက်တာ

က။ အကျွန်ုပ်တို့၏ ဆုတောင်းခြင်းအသက်တာသည် အဘယ်မျှလောက် အဓိပ္ပာယ်ရှိသလား။
ခ။ အချိန်မှန်မှန် ဆုတောင်းကြသလား။
ဂ။ ဆုတောင်းသောအသက်တာကို အမှန်ပိုင်ဆိုင်နိုင်မည်အကြောင်း စိတ်ဆုံးဖြတ်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]