Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ နိုဝင်ဘာလ (၂၈) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ နိုဝင်ဘာလ (၂၈) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၈

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၆ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
၇ ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏ အကွယ်အကာဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍၊ ငါ့ကို စောင့်မတော်မူသောကြောင့်၊ ငါ့နှလုံး သည်ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက်ဂုဏ်တော်ကို ငါချီးမွမ်းမည်။

(ဆာလံ ၂၈း၆-၇)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ “ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း” ဆိုသည်မှာ-

က။ ဘုရားသခင်အား ကျေးဇူးတင်ခြင်း၊
ခ။ ထာဝရဘုရားသခင်အား ချီးမွမ်းခြင်း၊

၂။ အထူးသဖြင့် မည်သည့်အကြောင်းကြောင့် “ဘုရားသခင်အား မင်္ဂလာရှိစေသတည်း” ဟုကောင်းချီးပေးရသနည်း။

က။ အကျွန်ုပ်တို့ ဆုတောင်းသံကို နားထောင်တော်မူသောကြောင့်
ခ။ “တောင်းလျှောက်” ခြင်းဆိုသည်မှာ-

(၁) အပြင်းအထန် အသနားခံခြင်း
(၂) စိတ်ခံစားမှုအပြည့်နှင့် ဆုတောင်းခြင်း၊
(၃)မရှိမဖြစ်၍ တောင်းလျှောက်ခြင်း၊

ဂ။ “တောင်းလျှောက်ခြင်း”များကို

(၁) အမှန်အကန် ဒုက္ခရောက်သောကာလ၌၊
(၂) ကြီးမားသော အခက်ခဲနှင့် ရင်ဆိုင်နေရသောအချိန်၌၊
(၃) ဘုရားသခင်၏မစခြင်းကို အလွန်အမင်း လိုအပ်နေသေအချိန်၌ ပြုရသောဆုတောင်း ပဌနာဖြစ်သည်။

၃။ ဒါဝဒ်မင်းကြီးသည် ဘုရားသခင်ကို ဘယ်သို့ ဆက်ဆံသနည်း။

က။ ဘုရားသခင်သည် သူ၏ခွန်အားဗလ ဖြစ်သည်။

(၁) အားနည်းသောအခါ၊ ဘုရားသခင်သည် သူ့ကို ခွန်အားပေးသည်။
(၂) စိတ်ပျက်သောအခါ၊ ဘုရားသခင်သည် သူ့ကို နိူးကြားစေသည်။

ခ။ ဘုရားသခင်သည် သူ၏အကွယ်အကာ ဖြစ်သည်။

(၁) ကာကွယ်ခြင်း၊
(၂) အန္တာရာယ်ရှိသော အခြေအနေအမျိုးမျိုးဘေးမှ ကာကွယ်ခြင်း၊

ဂ။ ဒါဝဒ်မင်းကြီးသည် ဘုရားသခင်ကို ကိုးစားသည်။

(၁) မှန်သော ပညာအားဖြင့်၊
(၂) ယုံကြည်ခြင်းကို လက်တွေ့ဖော်ဆောင်ခြင်းအားဖြင့်၊
(၃) ထို့ကြောင့်၊ ဘုရားသခင်ထံတော်မှ မစခြင်းကို ခံရသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဒါဝဒ်မင်းကြီးသည် သင်မိသမျှသော ယုံကြည်ခြင်းသင်ခန်းစားများကို လက်တွေ့ ဖော်ဆောင်သည်။

က။ ထာဝရဘုရားသခင်၌ လွန်စွာ ဝမ်းမြောက်လျှက်ရှိသည်။
ခ။ ထာဝရဘုရားသခင်အား သီချင်းဆို၍ ချီးမွမ်းသည်။

၂။ အကျွန်ုပ်တို့အဖို့ စိန်ခေါ်ချက်မှာ-

က။ ဘုရားသခင်ကို မှန်ကန်စွာ ပို၍သိကျွမ်းကြရန်၊
ခ။ ဘဝအသက်တာ၌ ယုံကြည်ခြင်းကို အမှန်လက်တွေ့ဖော်ဆောင်ရန်၊
ဂ။ သခင်ဘုရားထံ၌ ဝမ်းမြောက်တတ်ရန်၊
ဃ။ ဘုရားသခင်ကို သိကျွမ်းခြင်းပညာနှင့် ယုံကြည်ကိုးစားခြင်းအမှုတို့၌ ဆက်လက်ကြိးပွားတိုးတတ်ရန်၊

အကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ဘဝအသက်တာ၌ လက်တွေ့ဖော်ဆောင်ရမည့်အရာ ဖြစ်သည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]