Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ အောက်တိုဘာလ (၂၄) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ အောက်တိုဘာလ (၂၄) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၇

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၅ အကြောင်းမူကား၊ ဘေးအန္တရာယ်ရောက်သည့် ကာလ၊ တဲတော်တွင် ငါ့ကို ကွယ်ကာတော်မူမည်။ ဗိမာန် တော်အတွင်းအရပ်၌၊ ငါ့ကို ဝှက်ထားတော်မူမည်။ ကျောက်ပေါ်မှာလည်း ငါ့ကိုတင်ထားတော်မူမည်။
၆ ယခုပင် ငါ့ပတ်လည်၌ရှိသော ရန်သူတို့၏ အပေါ်သို့ ငါ့၏ဦးခေါင်းကို ချီးမြှောက်တော်မူ၏။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ် ပူဇော်ပါမည်။ သီချင်းဆိုပါမည်။ ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။

(ဆာလံ ၂ရး၅-၆)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဒုက္ခရောက်သည့်ကာလ

က။ ဒုက္ခပြဿနာများသည် ဘဝ၏အစိတ်အပိုင်းများသာ ဖြစ်ကြသည်။
ခ။ ဒုက္ခပြဿာနာများကို ကြောက်လန့်၍ အလွန်အမင်း စိတ်သောက မရောက်သင့်ပေ။

၂။ အခန်းငယ် (၅)အရ၊ အထူးသတိပြုရမည့် အကြောင်းမှာ-

က။ ဘုရားသခင်သည် သူ့ကို ကိုးစားသောသူတို့အား ဝှက်ထားတော်မူမည်။
ခ။ “ဝှက်ထား” ဟုဆိုရာ၌

(၁) ကွယ်ကာခြင်း၊
(၂) လုံခြုံစွာ ထားရှိခြင်း၊

ဂ။ ဘုရားသခင်သည် အကျွန်ုပ်တို့ကို အဘယ်မှာ ဝှက်ထားမည်နည်း။

(၁) သူ၏ဗိမာန်တော်/သဲတော်၌
(၂) ရုပ်ဝတ္တု ဗိမာန်တော်/သဲတော် ဖြစ်နေစရာ မလို။
(၃) ဗိမာန်တော်/သဲတော် သည် ခိုလှုံရာအရပ် ဖြစ်သည်။
(၄) “ဗိမာန် တော်အတွင်းအရပ်” သည်လည်း ဗိမာန်တော်ပင် ဖြစ်သည်။

၃။ ဘုရားသခင်သည် သူ့အားကိုးစားသောသူတို့အတွက် မည်သည့်အရာတို့ကို ဆောင်ရွက်ဦး မည်နည်း။

က။ အကျွန်ုပ်တို့ကို အထက်အရပ်၌ တင်တော်မူမည်။

(၁) ကိုးစားသောသူတို့ကို ချီးမြှောက်တော်မူမည်။
(၂) အကျွန်ုပ်တို့ကို ကျောက် (ခိုင်ခံ့သောအရပ်) ပေါ်မှာ တင်တော်မူမည်။

ခ။ အကျွန်ုပ်တို့၏ရန်သူများကိုလည်း အောင်နိုင်စေမည်။

(၁) ရန်သူတို့သည် အကျွန်ုပ်တို့ကို အောင်နိုင်မည်မဟုတ်။
(၂) ဘုရားသခင်ကိုယ်တော်တိုင်က ရန်သူတို့ကို ချေမှုန်းလိမ့်မည်။

၄။ အကျွန်ုပ်တို့သည် အဘယ်သို့ တုံ့ပြန်သင့်သနည်း။

က။ ထာဝရဘုရားသခင်၌ ဝမ်းမြောက်ကြစို့။
ခ။ အကျွန်ုပ်တို့ စိတ်နှလုံးမှ ချီးမွမ်းသီချင်း သီဆိုကြစို့။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘေးးဒုက္ခရောက်သည့်ကာလ၌ များစွာသောသူတို့၏ တုံ့ပြန်ချက်များ

က။ အကြောက်လွန်ကြသည်။
ခ။ ယုံကြည်ခြင်းကို လက်လွတ်၍ ဘုရားသခင်ကို စိတ်မချနိုင်ခြင်း၊
ဂ။ အလွန်အမင်း ဝမ်းနည်း၍ စိတ်ဓါတ်ကျခြင်း၊

၂။ စိန်ခေါ်ချက်

က။ ဘုရားသခင်၌ တည်သော ယုံကြည်ခြင်းကို ပြုစုပျိုးထောင်ပါ။
ခ။ ဘုရားသခင်ကို ဆက်လက် ယုံကြည်ကိုးစားနေပါ။
ဂ။ ထာဝရဘုရားသခင်ကို အဆုံးထိတိုင် စွဲလမ်းသောစိတ်နှင့် ဆုပ်ကိုင်ထားပါ။
ဃ။ ဆာလံဆရာဒါဝဒ်မင်း၏ ပုံသက်သေကို အတုယူပါ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]