Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ စက်တင်ဘာလ (၅) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ စက်တင်ဘာလ (၅) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၆

ဆင်ခြင်းနှလုံးသွင်းခြင်း

၁ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဖြောင့်မတ် ခြင်းလမ်းသို့ လိုက်သောကြောင့်၊ အကျွန်ုပ်ဘက်၌ တရား စီရင်တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရားကို ခိုလှုံ၍၊ ရွေ့လျားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။

၂ အိုထာဝရဘုရား၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်း၍၊ နှလုံး ကျောက်ကပ်ကို ဆေးကြောတော်မူပါ။

(ဆာလံ ၂၆း၁-၂)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ “တရားစီခြင်း” ၏ အနက်အဓိပ္ပာယ်

က။ စွပ်စွဲချက်များနှင့် ကင်းလွတ်ကြောင်း သက်သေထူခြင်း၊
ခ။ မှားယွင်းသော စွဲချက်များနှင့် ကင်းရှင်းခြင်း၊

၂။ ဤဆုတောင်းခြင်း၏ နောက်ခံသမိုင်း

က။ စာရေးဆရာသည် ဒါဝဒ်မင်းကြီး ဖြစ်သည်။
ခ။ သူ၌ များစွာသော ရန်သူများ ရှိကြသည်။
ဂ။ သူတပါးတို့သည် ဒါဝဒ်မင်းအား မဟုတ်မမှန် စွပ်စွဲကြသည်။
ဃ။ ဒါဝဒ်မင်းသည် ဘုရားသခင်မှ တရားစီရင်စေခြင်းငှါ ဆုတောင်းခဲ့သည်။

(၁) သူ၌ (စွပ်စွဲထားသော) အပြစ်များ မရှိကြောင်းကို ပြသရန်၊
(၂) သူသည် မှားယွင်းစွာ စွပ်စွဲခံရသည်ကို သက်သေထူရန်၊

၃။ ဒါဝဒ်မင်း၏ အသနားခံချက်မှာ

က။ လေးနက်သည်။
ခ။ ရိုးသားသည်။
ဂ။ ပွင့်လင်းသည်။

၄။ ဒါဝ်ဒ်မင်းသည် မိမိ၏နှလုံးသားနှင့် အသက်တာကို ဘုရားသခင်က စေးစေ့ရန် ဖွင့်ပြသည်။

က။ “ရွေ့လျားခြင်းနှင့် ကင်းလွတ်ခြင်း”

(၁) ဒါဝဒ်မင်းသည် ကောင်းသောလမ်းစဉ်ကို လိုက်လျောက်သည်။
(၂) ဖြောင့်မတ်မှန်ကန်စွာ (ရွေ့လျားခြင်းနှင့် ကင်းလွတ်လျက်) အသက်ရှင်သည်ဟု ဝန်ခံသည်။

ခ။ ထာဝရဘုရားသခင်အား ကိုးစားခြင်း

(၁) သူသည် ရုပ်တုဆင်းတုများကို မကိုးကွယ်။
(၂) ထာဝရဘုရားကို အကြွင်းမဲ့ ကိုးစားသည်။
(၃) အသက်တာတစ်လျောက်လုံး ထာဝရဘုရားအား သစ္စာစောင့်သည်။

၅။ ပြတ်သားရှင်းလင်းသော ဖော်ပြချက်

က။ ဘုရားသခင်မှ အောက်ပါတို့ကို စစ်ဆေးရန်၊

(၁) သူ၏စိတ်
(၂) သူ၏နှလုံး

ခ။ အကျွန်ုပ်ကို စစ်ဆေးတော်မူပါ။

(၁) ဘုရားသခင်ရှေ့မှောက်တော်၌ အစစ်ဆေးခံရန် မိမိအသက်တာကိုဖွင့်ပြသည်။
(၂) ဤသည်ကား အလွန်ရိုးသားပွင့်လင်းသော ဆုတောင်းချက် ဖြစ်သည်။

ဂ။ အကျွန်ုပ်ကို စုံစမ်းတော်မူပါ။

(၁) ဘုရားသခင်က ဆုံးမသွန်သင်ရန် အသင့်ပြင်ထားသည်။
(၂) မိမိမှာ အမှန်ရိုးသားဖြောင့်မတ်သည်ကို ဘုရားသခင် အမှန်တွေ့မြင်မည်ဖြစ်ကြောင်း စိတ်ချမှုရှိသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဒါဝဒ်မင်းကြီးကဲ့သို့ ကျင်လည်ကြမည်အကြောင်း အကျွန်ုပ်တို့ သင်ယူကြရမည်။
၂။ ရိုးသားဖြောင့်မတ်သောသူများ ဖြစ်ကြမည်အကြောင်း သင်ယူကြစို့။ မိမိပြောထွက်သော စကားသည် မိမိကိုအုပ်စိုးစေ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]