Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လှိုင်လ (၁၈) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လှိုင်လ (၁၈) ရက်

 

ကျမ်းချက်။ ။ ဆာလံ ၂၅

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
အိုထာဝရဘုရား၊ ရှေးကာလမှစ၍၊ ပြတော်မူ သောကရုဏာနှင့် မေတ္တာသဘောကို အောက်မေ့တော် မူပါ။ အကျွန်ုပ်သည် အသက်အရွယ်ငယ်စဉ်၊ ပြစ်မှား မိသောအပြစ်တို့ကို အောက်မေ့တော်မမူပါနှင့်။ ကောင်း မြတ်တော်မူသည်ဖြစ်၍။ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါထာဝရဘုရား။

(ဆာလံ ၂၅:၆-၇)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထာဝရဘုရားသခင်အား အသနားခံတောင်းလျောက်ခြင်း

က။ စိတ်နှလုံးနှိမ့်ချစွာ ပြုသော ဆုတောင်းပဌနာများ ဖြစ်ကြသည်။
ခ။ ဤသို့သော အသနားခံတောင်းလျောက်ခြင်းများသည် မရှိမဖြစ်သော၊အရေးပါသော ဆုတောင်းချက်များ ဖြစ်ကြသည်။

၂။ အကျွန်ုပ်တို့အသက်တာ၌ အကြီးမားဆုံးသောအရာများသည် အကျွန်ုပ်တို့ကျူးလွန်သောအပြစ်များဖြစ်ကြသည်။

က။ အသက်အရွယ်ငယ်စဉ်၊ ပြစ်မှားမှုများ

(၁) လူငယ်များနှင့်စပ်လျဉ်းသော အပြစ်များ
(၂) မကောင်းသော စကားများ၊
(၃) မူးယစ်သောက်စားခြင်းများ၊
(၄) မူးယစ်ဆေးဝါး စွဲလမ်းသုံးစွဲခြင်းများ၊
(၅) လိင်ပိုင်းဆိုင်ရာ မရိုးမဖြောင့်မှုများ၊

ခ။ ပြုမိသော အပြစ်များ

(၁) ဘုရားသခင်၏ပညတ်ချက်များကို ချိုးဖေါက်သောအခါ၊
(၂) ပညတ်တော်ဆယ်ပါးကို မကြာခဏ ချိုးဖေါက်သောအခါ၊
(၃) ထိုသို့သော ပြုမူခြင်းများကို ပြုမိသော အပြစ်များ ဟုခေါ်သည်။

၃။ အကျွန်ုပ်တို့သည် အဘယ်သို့ ဘုရားသခင်ထံ၌ အသနားခံတောင်းလျောက်ကြသလား။

က။ ဘုရားသခင်၏သိမ်မွေ့သော ကရုဏာ၊
ခ။ ဘုရားသခင်၏ မေတ္တာ၊
ဂ။ ဘုရားသခင်၏ ကောင်းမြတ်ခြင်း၊

၄။ ဘုရားသခင်က အမှန်ခွင့်လွတ်မည်ကို အဘယ်သု့ိ လက်ခံကိုးစားနိုင်မည်နည်း။

က။ ဘုရားသခင်၏ ကြာအင်လက္ခဏာများသည် ရှေးကာလမှ ဖြစ်ကြသည်။
ခ။ ဤကြာအင်လက္ခဏာတို့သည် ဘုရားသခင်၏ထာဝရ အခြင်းအရာများဖြစ်ကြသည်။
ဂ။ ဘုရားသခင်က အမှန်ခွင့်လွတ်မည်

(၁) အကျွန်ုပ်တို့က အပြစ်များကို ဝန်ခံလျှင်၊
(၂) အကျွန်ုပ်တို့က အမှန် နောင်တရလျှင်၊
(၃) အကျွန်ုပ်တို့သည် ခွင့်လွတ်ခြင်းကို အမှန်ရှာလျှင်၊
(၄) အကျွန်ုပ်တို့သည် အသစ်သော အသက်တာကို အမှန်ပိုင်ဆိုင်လိုလျှင်၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အထက်ပါ သင်ခန်းစာများကို လေးနက်စွာ သင်ယူကြရမည်။
၂။ သို့မှသာ၊ အကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်နိုင်ကြမည် ဖြစ်သည်။
၃။ ဤသင်ခန်းစာများအားဖြင့်၊ အကျွန်ုပ်တို့ထက် အားနည်းသောသူတို့ကိုလည်း ကိုယ်ချင်းစာသနားညှာတာ တတ်လာမည်။
၄။ စိန်ခေါ်ချက်မှာ သင်ယူပြီးသော သင်ခန်းစာများကို လက်တွေ့ဖော်ဆောင်ကြရမည်သာဖြစ်သည်။
၅။ များစွာသောသူတို့သည် ဖတ်ရှုလေ့လာ၍ သင်ယူကြသော်လည်း၊ လက်တွေ့မဖော်ဆောင်ကြပေ။ သင်ယူသမျှတို့သည် အချည်းနှီးပင် ဖြစ်ကြသည်။
၆။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့၏စိတ်နှုလုံးကို တိုက်ရိုက်၊ လေးနက်စွာတို့ထိပါစေ။
၇။ ယုံကြည်ခြင်းကို အခြေခံသော ဘုရားသခင်နှင့် ရင်းနှီးပေါင်းသင်းဆက်ဆံရေးကိုဆက်လက် ခိုင်ခံ့စေပါ။
၈။ ဘုရားသခင်နှင့် အကျွန်ုပ်တို့၏ ပေါင်းသင်းဆက်ဆံရေးသည် အကျွန်ုပ်တို့၏အမှုတော်မြတ်ကို တိုက်ရိုက် ထိရောက်မှုရှိနေသည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]