Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လှိုင်လ (၄) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လှိုင်လ (၄) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၅

ဆင်ခြင်နှလုံးသွင်းခြင်း

အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် တသလျက်နေပါ၏။ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက် ပါစေနှင့်။ အကျွန်ုပ်၏ ရန်သူတို့သည် အကျွန်ုပ်ကို အောင်၍ အောင်ပွဲကိုမခံပါစေနှင့်။ အကယ်စင်စစ် ကိုယ်တော်ကို မြော်လင့်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ မရောက်ရကြပါ။ အကြောင်းမရှိဘဲ သစ္စာကိုဖျက်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ ရောက်ရကြပါလိမ့်မည်။

(ဆာလံ ၂၅း၁-၃)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ကိုယ်တော်ကို တသခြင်း

က။ ဘုရားသခင်အား တသခြင်း ဖြစ်သည်။
ခ။ ရိုးသားစွာ၊ လေးနက်စွာ (အသက်ဝိညာဉ်မှ) ဘုရားသခင်ထာဝရဘုရားကိုတသစောင့်မျှော်ခြင်း ဖြစ်သည်။

၂။ ဆုတောင်းခြင်း

က။ ရန်သူများနှင့် ရင်ဆိုင်နေရခြင်းပြဿနာ၊
ခ။ ရန်သူဖက်က အနိုင်ရလျှင်၊ (အကျွန်ုပ်သည်) အရှက်ကွဲရလိမ့်မည်။
ဂ။ (ထို့ကြောင့်) ရန်သူများမှ အနိုင်မရ၊ အစိုးမရ မည်အကြောင်း ဆုတောင်းရခြင်းဖြစ်သည်။

၃။ ကိုးစားခြင်း

က။ ယုံကြည်ကိုးစားလျှက် ဆုတောင်းခြင်းပြုရမည်။
ခ။ ယုံကြည်ကိုးစားခြင်း ဆိုသည်မှာ-

(၁) ဘုရားသခင်ကို ယုံကြည်စွဲလမ်းခြင်း၊
(၂) ဘုရားသခင်၌ မျှော်လင့်နေခြင်း၊
(၃) ဘုရားသခင်ကို ရာနှုန်းပြည့်စိတ်ချခြင်း၊ စသည်တို့ဖြစ်သည်။

၄။ ကိုယ်တော်ကို မျှော်လင့်စောင့်ဆိုင်းခြင်း

က။ မရှိမဖြစ် ဆောင်ရွက်ရမည့်အချက် ဖြစ်သည်။
ခ။ ဘုရားသခင်က အရေးယူဆောင်ရွက်ပေးသည်အထိ စောင့်ဆိုင်းရမည်။

(၁) ရန်သူများကို အနိုင်ယူပေးခြင်း၊
(၂) ဘုရားသခင်အား စောင့်မျှော်လင့်သောသူတို့ကို အောင်ပွဲပေးခြင်း၊

၅။ ရှက်ကြောက်ခြင်း (အရှက်ကွဲခြင်း) နှင့်စပ်လျဉ်းသော အကျိုးအကြောင်း

က။ ထာဝရဘုရားသခင်ကို စောင့်ဆိုင်းသောသူတို့သည် ရှက်ကြောက်ခြင်း ရှိမည်မဟုတ်။
ခ။ ဖေါက်ပြန်သောသူတို့သည် အရှက်ကွဲ ကြရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဆာလံ ၂၅ ကို ဒါဝဒ်မင်းကြီး၏ ဆုတောင်းချက်အနေဖြင့် လေ့လာဖတ်ရှုရမည်။

က။ ရန်သူများ၏ ခြိမ်းခြောက်မှုကြောင့် ဤဆုတောင်းပဌာနာပြုရသည်။
ခ။ ရန်သူများသည် ဒါဝဒ်မင်းကြီးကို အနိုင်ယူလိုကြသည်။
ဂ။ ဒါဝဒ်မင်းသည် အရာခပ်သိမ်းတို့အတွက် ဆုတောင်းတတ်လာသည်။
ဃ။ အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်မှာ အကျွနု်ပ်တို့၏ဆုတောင်းခြင်းအသက်တာကိုပို၍ တိုးတတ်စေရမည်။

၂။ ဆုတောင်းပဌနာပြုသောအခါ၊

က။ ဘုရားသခင်ကို ကိုးစားခြင်း၊
ခ။ ဘုရားသခင်ကို စောင့်ဆိုင်းမျှော်လင့်ခြင်း၊
ဂ။ အသက်ဝိညာဉ်မှ ဘုရားသခင်အား တသခြင်း၊ စသည်တို့လည်း ရှိရမည်။

၃။ ဆုတောင်းခြင်း၌ ပို၍ခွန်အားကြီးသောသူများ ဖြစ်ကြပါစို့။

အကျွန်ုပ်တို့၏ ဆုတောင်းခြင်းများကိုလည်း ဘုရားသခင် နားညှောင်းတော်မူပါစေ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]