Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဧပြီလ (၁၈) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဧပြီလ (၁၈) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၂

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
မြေကြီးပေါ်မှာ ကြွယ်ဝသောသူအပေါင်းတို့ သည် စား၍ကိုးကွယ်ကြလိမ့်မည်။ ကိုယ်အသက်ကိုမစောင့် နိုင်။ မြေမှုန့်သို့ဆင်းရသော သူအပေါင်းတို့သည်လည်း၊ ရှေ့တော်၌ ညွတ်ပြတ်ဝပ်တွားကြလိမ့်မည်။ သူတို့အမျိုးအနွယ်သည်လည်း ဝတ်တော်ကို ပြုသဖြင့်၊ လူအစဉ်အဆက်တို့သည် ထာဝရဘုရား၏ သိတင်းတော်ကို ကြားရကြလိမ့်မည်။ ဤသို့စီရင်တော်မူပြီးမှ သူတို့သည်ပေါ်လာ၍၊ တရားသောအမှုတော်ကိုဘွားသောလူမျိုးအား ဘော်ပြ ရကြလိမ့်မည်။

(ဆာလံ ၂၂း၂၉-၃၁)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ မတူကွဲပြားသော ဘုရားကိုးကွယ်သောသူများ

က။ ကြွယ်ဝသောသူများ၊
ခ။ အလွန်ဆင်းရဲသောသူများ၊

ဤသို့ခြားနားသော ကိုးကွယ်သူများသည် အဖွဲ့အစည်းတိုင်း၌ ရှိကြသည်။

၂။ ဧဝံဂေလိတရားတော်၏ စစ်မှန်သော တန်ခိုးတော်

က။ ချမ်းသာကြွယ်ဝသောသူတို့သည် ဘုရားသခင်ကို ယုံကြည်လာကြသည်။
ခ။ အလွန်ဆင်းရဲသောသူတို့သည်လည်း ဘုရားသခင်ကို ယုံကြည်လာကြသည်။

ဤအချက်သည်လည်း နှုတ်ထွက်စကား၏အစိတ်အပိုင်း ပြည့်စုံခြင်းဖြစ်သည်။

၃။ နောက်ထပ်ပေါ်လာသော တတိယအသိုင်းအဝန်းမှာ အမျိုးအနွယ်

က။ အနာဂတ်ကို ရည်ညွှန်းသည်။
ခ။ ဘုရားသခင်၏အကြံအစည်၌ သူ၏အလိုတော်ကို ဆောင်ရွက်မည့် အနာဂတ်အသိုင်းအဝန်း အမြဲတန်းရှိနေသည်။
ဂ။ နောက်မျိုးဆက်သစ်ကို ခရစ်တော်အတွက် သိမ်းပိုက်နိုင်ရမည်။

၄။ သခင်ဘုရားအတွက် လူများစွာတို့ကို သိမ်းပိုက်ခြင်း

က။ သမ္မာကျမ်းစာမှ သခင်ဘုရားအကြောင်းကို ဟောပြောသက်သေခံရမည်။
ခ။ သခင်ဘုရားပြုတော်မူသောအချက်များကို ဝေငှသက်သေခံရမည်။

(၁) အတူပါရှိခြင်း၊
(၂) ကာကွယ်စောင့်ရှောက်ခြင်း၊
(၃) မစထောက်ပံ့ခြင်း၊

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အပြင်လူများကို သိမ်းပိုက်ခြင်းနှင့်စပ်ဆိုင်သော စိန်ခေါ်ချက်

က။ မတူခြားနားသော လူတန်းစားမျိုးစုံကို သိမ်းပိုက်ခြင်း

(၁) ချမ်းသာသောသူများ၊
(၂) ဆင်းရဲသောသူများ၊

(၃) နောက်မျိုးဆက်သစ်များ၊

ခ။ ဆာလံ ၂၂ ကို ထိရောက်စွာ အသုံးပြုခြင်း

(၁) ကိုယ်ရေးနှင့်ဆိုင်သော အချက်များ၊
(၂) ပုရောဖက်ပြုခြင်းနှင့်ဆိုင်သော အချက်များ၊

၂။ ပိုမိုနက်ရှိုင်းသော ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော စိန်ခေါ်ချက်

က။ အသိဉာဏ်ကို အခြေခံသော ယုံကြည်ခြင်း၊
ခ။ အတွေ့အကြံနှင့်စပ်ဆိုင်သော ယုံကြည်ခြင်း၊
ဂ။ သက်သေထူထားသော ယုံကြည်ခြင်း၊

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]