Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၁၄)

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၁၄)

 

ကျမ်းချက်။ ။ဆာလံ ၂၂း၁၆-၁၈
ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
ခွေးတို့သည် အကျွန်ုပ်ကိုဝိုင်းလျက်၊ စုဝေးသော လူဆိုးတို့သည် ဝန်းရံလျက်နေ၍၊ အကျွန်ုပ်၏ ခြေလက် တို့ကို ထိုးဖောက်ကြပါပြီ။ ကိုယ်အရိုးရှိသမျှတို့ကို အကျွန်ုပ်ရေတွက်နိုင် ပါ၏။ သူတို့သည် အကျွန်ုပ်ကိုကြည့်မြင်၍ အားရလျက် နေကြပါ၏။ အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍၊ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏။

(ဆာလံ ၂၂၁၆-၁၈)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဒါဝဒ်မင်းကြီးကိုသာ ရည်ညွှန်းသောအချက်များ

က။ လူဆိုးတို့သည် သူ့ကို ဝန်းရံကြသည်။
ခ။ ထိုလူဆိုးတို့သည် ခွေးကဲ့သို့ဖြစ်ကြသည်။

၂။ ဤဆာလံ၌ ပုရောဖက်ပြုချက်များလည်း ပါဝင်လာသည်။

က။ ဒါဝဒ်မင်းကြီးကိုသာ ဆက်လက်၍ မရည်ညွှန်းတော့ချေ။
ခ။ ဤကျမ်းပိုဒ်များ၌ ကြိုတင်ဟောကြားချက်များ၏ အရိပ်အယောင်များပါရှိလာသည်။

၃။ မေရှိယနှင့်ဆိုင်သော ဆာလံ

က။ ကြိုတင်ဟောကြားချက်များသည် မေရှိယကိုသာ ရည်ညွှန်းသည်။
ခ။ ထို့ကြောင့်၊ ဤဆာလံကို မေရှိယနှင့်စပ်ဆိုင်သော ဆာလံဟုလည်း ခေါ်ကြသည်။

(၁) ဆာလံ ၂၂ လုံးလုံးသည် မေရှိယနှင့်စပ်ဆိုင်သော ဆာလံ မဟုတ်။
(၂) ဆာလံ ၂၂ ၏ အစိတ်အပိုင်းအချို့တို့သည် မေရှိယနှင့်စပ်ဆိုင်သောအချက်များ ဖြစ်ကြသည်။

၄။ မေရှိယနှင့်စပ်ဆိုင်သော အချက်အလက်များ

က။ “အကျွန်ုပ်၏ ခြေလက် တို့ကို ထိုးဖောက်ကြပါပြီ” (မဿဲ ၂ရး၃၅)

(၁) ဒါဝဒ်မင်းကို ရည်ညွှန်းခြင်း မဖြစ်နိုင်။
(၂) ဒါဝဒ်မင်းသည် ဆင်းရဲဒုက္ခများစွာ ခံစားရသော်လည်း၊ အထက်ပါအတိုင်းမခံစားခဲ့ ။
(၃) သခင်ယရှုခရစ်တော်၊ မေရှိယကိုယ်တိုင် ရင်ဆိုင်ရသော ဒုက္ခဝေဒနာကိုရည်ညွန်းသည်။

ခ။ “အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍၊ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏။” (မဿဲ ၂ရး၃၅) ။

(၁) ဒါဝဒ်မင်းကြီးကို ရည်ညွန်းခြင်း မရှိ။
(၂) လက်ဝါးကားတိုင်၌ အသေခံတော်မူသော သခင်ခရစ်တော် မေရှိယကို ရည်မှတ်ခြင်းသာ ဖြစ်သည်။

၅။ အလွန်အံ့သြဖွယ်ကောင်းသော ပုရောဖက်ပြုချက်များ

က။ သခင်ခရစ်တော် ရင်ဆိုင်မည့်ဒုက္ခဝေဒနာကို ကြိုတင်ဟောပြောသည်။
ခ။ ဤပုရောဖက်ပြုချက်များသည် စာသားအတိုင်း လုံးဝဥဿုန် ပြည့်စုံကြသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပို၍လေးနက်စွာ အမြတ်တနိုးထားခြင်း

က။ သွန်သင်ခြင်းအတွက်ငှါလည်းကေင်း၊
ခ။ မိမိကိုယ်ကျိုးအတွက်ငှါလည်းကောင်း၊
ဂ။ ကြိုတင်ဟောကြားချက်များ နားလည်းခြင်းငှါ လည်းကောင်း၊ဘုရားသခင်၏နှုတ်ထွက်စကားတော်ကို အလေးအနက်ထား၍ လေ့လာ
ဆည်းပူးကြစို့။

၂။ သခင်ယေရှုခရစ်တော် ခံရသောဆင်းရဲခြင်းအမျိုးမျိုးကို လေးနက်စွာ နားလည်သဘောပေါက်လာခြင်း

က။ အကျွန်ုပ်တို့၌ မည်သည့်အရာမဆို တန်ဖိုးမထားဘဲ ရယူတတ်သောအကျင့်ဆိုးရှိကြသည်။
ခ။ အကျွန်ုပ်တို့၏အပြစ်ကြောင့်၊ ခံစားရသော သခင်ခရစ်တော်၏ဒုက္ခဆင်းရဲကိုလည်းတန်ဖိုးမထားဘဲ နေတတ်ကြသည်။
ဂ။ သခင်ခရစ်တော် ရင်ဆိုင်ရသောအရာများနှင့် သခင်ခရစ်တော်ကိုယ်တော်တိုင်ကိုပို၍ တန်ဖိုးထားနိုင်ကြမည်အကြောင်း အားထုတ်ကြိုးစားကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]