Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁ ၊ဖဖေါ်ဝါရီလ (၁၅)

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁ ၊ဖဖေါ်ဝါရီလ (၁၅)

 

ကျမ်းချက်။ ။ ဆာလံ ၂၂

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

ကိုယ်တော်မူကား၊ ဣသရေလအမျိုးသားတို့ ချီးမွမ်းရာ၌ ကျိန်းဝပ်လျက် သန့်ရှင်းခြင်းရှိတော်မူ၏။ အကျွန်ုပ်တို့ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစား ကြပါ၏။ ကိုးစားကြသည်တွင်၊ ကိုယ်တော်သည် ကယ် တင်တော်မူ၏။ သူတို့သည် ကိုယ်တော်ကို အော်ဟစ်၍ ကယ် တင်ခြင်းသို့ ရာက်ပါ၏။ ကိုယ်တော်ကို ကိုးစား၍ ရှက် ကြာက်ခြင်းနှင့် ကင်းလွတ်ကြပါ၏။

(ဆာလံ ၂၂း၃-၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်ကို ကိုးစားခြင်း

က။ ဣသရေလ ဘိုးဘေးတို့၏ပုံသက်သေများ၊

ခ။ ဘုရားသခင်ကို ကိုးစားခဲ့ကြသည်။

၂။ ကိုးစားရခြင်း၏ အကြောင်းရင်းများ

က။ ဘုရားသခင်သည် သန့်ရှင်းတော်မူသည်။

ခ။ ကယ်တင်သော (သူတို့နှင့်ပဌိညာဉ်ပြုသော) ထာဝရဘုရားသည် သူတို့၏ဘုရားသခင် ဖစ်တော်မူသည်။

၃။ သမိုင်းသင်ခန်းစားများကို အာက်မေ့သတိရခြင်း

က။ ဘုရားသခင် ကယ်တင်လိမ့်မည်ဟု ကိုးစားခဲ့ကြသည်။

ခ။ အသနားခံဆုတောင်းခဲ့ကြသည်။

၄။ ဘုရားသခင်၏ တုံ့ပြန်ချက်များ

က။ သူတို့၏ဆုတောင်းသံကို နားညှောင်းခဲ့သည်။

ခ။ သူတို့ကို မစကယ်တင်ခဲ့သည်။

၅။ အသင့်တော်ဆုံးသော တုံ့ပြန်ချက်များ

က။ ဘုရားသခင်ကို ချီးမွမ်းခြင်း၊

ခ။ ရာဇပုလ္လင်ပေါ်၌ တင်မြှောက်ခြင်း၊

(၁) ဘုရားသခင်သည် ဘုရင်တပါးအဖြစ် ရာဇပုလ္လင်ပေါ်၌ ကျိန်းဝပ်တော်မူသည်။

(၂) ဘုရားသခင်ကို ဘုရင်တပါးအဖြစ် ချီးမွမ်းကြစို့။

ဂ။ အစဉ်အမြဲ ကိုးစားခြင်း၊

ဃ။ ဆုတောင်းခြင်း

(၁) ကိုးစားလျက်၊

(၂) မျှာ်လင့်လျက်၊

(၃) ကျးဇူးတော်ကို ချီးမွမ်းလျက်၊

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ သမ္မာကျမ်းစာသမိုင်းမှ များစွာသောသင်ခန်းစာများ သင်ယူရမည်။

က။ သမ္မာကျမ်းစာကို ဖတ်ပါ။

ခ။ ဆုတောင်းချက်များကို ဘုရားသခင် မည်သို့တုံ့ပြန်သည်ကို မှတ်ယူပါ။

ဂ။ သမ္မာကျမ်းစာ၌ ဖာ်ပြထားသော သင်ခန်းစာများကို သင်ယူပါ။

၂။ သင်ခန်းစာများကို လက်တွေ့ဖော်ဆောင်ခြင်းသည် စိန်ခေါ်ချက်ပင်ဖြစ်သည်။

က။ ပို၍အဓိပ္ပာယ်ရှိရှိ ဆုတောင်းပါ။

ခ။ အားကြီးစွာကိုးစားလျက် ဆုတောင်းပါ။

ဂ။ စိတ်နှလုံးမှ အစဉ်မျှော်လင့်လျက် ဆုတောင်းပါ။

ဃ။ ဘုရားသခင်ကို သခင်နှင့်ဘုရင်အဖြစ် ချီးမွမ်းခြင်းငှါ သင်ယူလေ့ကျင့်ပါ။

င။ ဆုတောင်းခြင်းသည် အစဉ်သင်ယူအပ်သောအရာ ဖစ်သည်။

လုံးလဝိရိယနှင့် ဆက်လက် ဆုတောင်းကြရမည်။

 

ဆုတောင်းလျက်

ပါစတာချားလ်(စ်)တန်

To Contact : [email protected]