Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၁၆)

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၀၊ နိုဝင်ဘာလ (၁၆)

 

ကျမ်းချက်။ ။ဆာလံ ၁၉

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

1 မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်း အသရေတော်ကို ကြားပြော၍၊ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။2 တနေ့ကိုတနေ့မြွက်ဆို၍၊ တညဉ့်ကို တညဉ့် သွန်သင်၏။3 နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့ နှုတ်ထွက်သံကို မကြားရသော်လည်း၊4 သူတို့၏အသံသည် မြေတပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက် လေ၏။5 မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော် မူသဖြင့်၊ နေသည် အိပ်ခန်းထဲကထွက်လာသော မင်္ဂလာ ဆောင်လုလင်ကဲ့သို့ဖြစ်၍၊ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာလမ်းသို့ လိုက်ပြေးမည်ဟု ဝမ်းမြောက်လျက်၊6 မိုဃ်းကောင်းကင် တစွနးမှထွက်လာ၍၊ တစွန်း တိုင်အောင် လှည့်ပတ်သောအားဖြင့်၊ သူ၏အပူအရှိန်မှ ကွယ်လွတ်သောအရာ တစုံတခုမျှမရှိ။

(ဆာလံ ၁၉း၁-၆)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ မိုဃ်းကောင်းကင်

က။ မိုးတမ်များ
ခ။ နေ၊ လ၊ ကြယ်များနှင့် အခြားသောဂြိုလ်များ

၂။ ဤအရာများသည် အောက်ပါတို့ကို ကြားပြောကြသည်။

က။ ဘုရားသခင်၏ဘုန်းကျက်သရေတော်၊
ခ။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း၊

၃။ ယေဘုယျဖွင့်ပြခြင်း

က။ သဘာဝတရားသည် ဘုရားသခင်ကို ထင်ရှားစွာ ပြသသည်။
ခ။ သဘာဝတရားသည် ဘုရားသခင်ကိုယ်စား စကားပြောနေသည်။

၄။ နေမင်းကို လူပုဂ္ဂိုလ်ကဲ့သို့ ထင်စားခြင်း

က။ မင်္ဂလာ ဆောင်လုလင်ကဲ့သို့ ဖြစ်သည်။
ခ။ အလွန်ဝမ်းမြောက်လျက် ရှိသည်။
ဂ။ နေမင်းသည် အမှန်ပင် အလွန်အံ့သြဖွယ် ဖြစ်သည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင် ဖန်ဆင်းသောအရာခပ်သိမ်းကို မြတ်နိူးတတ်ကြစို့။

က။ ဘုရားသခင်၏လက်ရာများကို ပေါ့တန်စွာ ခံယူမိတတ်ကြသည်။
ခ။ သဘာဝတရားက ကြားပြောနေသော ဘုရားသခင်၏အကြောင်းကို ကြားနာကြစို့။

၂။ သဘာဝတရား၏ ဘာသာစကား

က။ သဘာဝတရား၏ ဘာသာစကားသည် လူတိုင်းနားလည်သည်။
ခ။ လူတို့၏ဘာသာစကားသည် အကန့်အသတ်ရှိသည်။
ဂ။ သဘာဝတရားသည် နေ့၊ည၊ မရပ်မနားဘဲ ဘုရားသခင်၏ဘုန်းတော်ကို ဖော်ပြနေသည်။

၃။ ဘုရားသခင်၏ဘုန်းတော်

က။ ရိပ်မိ ရမည်။
ခ။ ကြားပြောရမည်။
ဂ။ လွန်စွာမှ မြတ်နိူးရမည့် ဒေသနာတရားလည်း ပါရှိသည်။

၄။ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းအမှု၌ ဝမ်းမြောက်ခြင်း

က။ ဘုရားသခင်ဖန်ဆင်းသောအရာများကို အသစ်တဖန် တန်ဖိုးထားကြစို့။
ခ။ အကျွန်ုပ်တို့ဝန်းကျင်မှာ မြင်နေရသော သဘာဝတရား၌ ကြည်နူးရွှင်လန်းကြစို့။
ဂ။ ဘုရားသခင်၏ ဘုန်းကျက်သရေတော်ကို ကြားပြောလိုသောစိတ်အပြည့်နှင့် ရှင်သန်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]