Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၁၀၊၈၊၂၀၂၀

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၁၀၊၈၊၂၀၂၀

ကျမ်းချက်။ ။ဆာလံ ၁ရး၁၀-၁၅

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၁ရး၁၀ သူတို့သည် မိမိတို့ဆူဝခြင်းကို ကိုးစား၍ ထောင်လွှားစော်ကားစွာ ပြောဆိုကြပါ၏။-
၁ရး၁၁ အကျွန်ုပ်တို့သွားသောလမ်းကို ယခုဝိုင်းမိကြပါပြီ။ အကျွန်ုပ်တို့ကို မြေပေါ်မှာလှဲခြင်းငှါ မျက်စိနှင့် ရွယ်ကြပါ၏။-
၁ရး၁၂ ဘမ်းမိသောအကောင်ကို စားချင်အားကြီးသော ခြင်သေ့ၤကဲ့သို့၎င်း၊ ဆိတ်ကွယ်ရာအရပ်၌ ချောင်း၍နေသော ခြင်သေ့ၤပျိုကဲ့သို့၎င်း ဖြစ်ကြပါ၏။-
၁ရး၁၃ အိုထာဝရဘုရား၊ ထတော်မူပါ။ သူတို့ကို ဆီးတား၍ လှဲချတော်မူပါ။ မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကို ထားတော်ဖြင့် ကယ်လွှတ်တော်မူပါ။-
၁ရး၁၄ အိုထာဝရဘုရား၊ လောကီသားဖြစ်သော ထိုသူတ့ိုလက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့်ကယ်လွှတ်တော်မူပါ။ ထိုသူတို့သည် ယခုဘဝမှာ မိမိတို့အဘို့ကိုခံရကြပါ၏။ သူတို့အလိုကို ဘဏ္ဍာတော်နှင့် ပြည့်စုံစေတော်မူ၏။ သူတို့သားသမီးတို့သည် လည်းကြွယ်ဝ၍၊ မြေးမြစ်စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။။-
၁ရး၁၅ အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်။ နိုးသောအခါ ပုံသဏ္ဍာန်တော်အားဖြင့် အကျွန်ုပ်ကို ပြည့်စုံရပါလိမ့်မည်။

ဆာလံ ၁ရး၁၀-၁၅

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ မတရားသောသူများ (ပထမ အပိုင်း)
က။ ကိုယ်ကိုကိုယ် အားကိုးကြသည် (မိမိတို့ ဆူဝခြင်းကို ကိုးစား)။
ခ။ ထောင်လွှားစွာ စကားပြောကြသည်။
ဂ။ သူတို့၏ မျက်စီသည် စားအံ့သောငှါ သားကောင်းကို စောင့်ကြည့်သည်။
ဃ။ သားကောင်းကို ဖမ်းအံ့သောငှါ ရှာနေသော ခြင်္သေ့ကဲ့သို့ ဖြစ်ကြသည်။

၂။ မတရားသောသူများ အကျိုးယုတ်ရန် ဆုတောင်းခြင်း
က။ ထာဝရဘုရားသခင်သည် မတရားသောသူများကို ဆန့်ကျင်ရန် တောင်းဆိုသည်။
ခ။ မတရားသောသူများကို တားမြတ်၍ လှဲချစေရန် တောင်းဆိုသည်။
ဂ။ မတရားသောသူမျာစးကို ဘုရားသခင်သည် မိမိ၏ဓါးတော်ဖြင့် သတ်ပြတ်ရန် တောင်းဆိုသည်။

၃။ မတရားသောသူများ (ဒုတိယ အပိုင်း)
က။ လောကီစည်းစီမ်များစွာကို ပိုင်ဆိုင်ကြသည်။
ခ။ ကလေးသူငယ်များစွာ မွေးဖွားကြသည်။
ဂ။ သားသမီးများအား အမွေပေးနိုင်လောက်အောင် ချမ်းသာကြွယ်ဝကြသည်။

၄။ ဆာလံဆရာ ဒါဝဒ်မင်း၏ ကိုယ်ပိုင် အယူအဆ
က။ မတရားသောသူများလက်မှ လွှတ်မြောက်ရန် ဆုတောင်းသည်။
ခ။ စည်းစိမ်းချမ်းသာထက် ထာဝရဘုရားသခင်၏ မျက်နှာတော်ကို သာ၍မြင်လိုသည်။
ဂ။ သခင်ဘုရားကဲ့သို့ ဖြစ်လိုသော ဆန္ဒအပြည့် ရှိသည်။ ထိုအမှု၌ ကျေနပ်လျက် ရှိသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ မတရားသောသူများ အကျိုးယုတ်ရန် ဆုတောင်းခြင်း
က။ ဆုတောင်းခြင်းသည် ကောင်းမွန်စွာ နားလည်ရမည့် အရာဖြစ်သည်။
ခ။ မတရားသောသူများကို ဆန့်ကျင်၍ ဆုတောင်းခြင်းသည်လည်း
အရေးပါသောအချက် ဖြစ်သည်။

၂။ မိမိတို့အတွက် ဆုတောင်းခြင်း
က။ မည်သည့်အမှုမဆို ပေါ့တန်စွာ မခံယူသင့်ချေ။
ခ။ မှန်ကန်သောအရာများအတွက် ဆုတောင်းနေရမည်။

၃။ ဆာလံဆရာ ဒါဝဒ်မင်း၏ ပုံသက်သေကို အတုယူခြင်း
က။ သခင်ဘုရားကဲ့သို့ ဖြစ်လာရန် ဆုတောင်းကြစို့။
ခ။ စည်းစိမ်ချမ်းသာထက် သခင်ဘုရား၏မျက်နှာသာကို သာ၍လိုချင်တောင်းတကြစို့။

ဆုတောင်းခြင်းအမှု၌ သာ၍ ကြိုးစားကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]