Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၃၊၈၊၂၀၂၀

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၃၊၈၊၂၀၂၀

 

ကျမ်းချက်။ ။ဆာလံ ၁ရး၆-၉

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၁ရး၆ အိုဘုရားသခင်၊ ကိုယ်တော်သည် နားထောင်တော်မူတတ်သောကြောင့် အကျွန်ုပ်သည် တောင်းလျှောက်ပါ၏။ နားတော်ကို လှည့်၍ အကျွန်ုပ်စကားကို နာယူတော်မူပါ။
၁ရး၇ ကိုယ်တော်ကို ခိုလှုံသောသူတို့ကို သူပုန်တို့လက်မှ၊ လကျာ်လက်တော်အားဖြင့် ကယ်နှုတ်တော်မူသောဘုရား၊ ထူးဆန်းသော မေတ္တာကျေးဇူးတော်ကို ပြတော်မူပါ။-
၁ရး၈ အကျွန်ုပ်ကို ညှဉ်းဆဲသောလူဆိုးတည်းဟူသော အကျွန်ုပ်ကို ဝိုင်း၍သတ်လိုသော ရန်သူတို့လက်မှ အကျွန်ုပ်ကို လွှတ်စေခြင်းငှါ၊ မျက်ဆန်ကဲ့သို့ အကျွန်ုပ်ကို စောင့်မတော်မူပါ။
၁ရး၉ အတောင်တော်အရိပ်ထဲမှာ ဖုံးအုပ်တော်မူပါ။-
ဆာလံ ၁ရး၆-၉

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထာဝရဘုရားသခင်အား ခေါ်ဖတ်ခြင်း
က။ ယုံကြည်သက်ဝင်မှု ရှိရမည်။
ခ။ ယုံကြည်စိတ်ချမှုလည်း ရှိရမည်။
ဂ။ ဆုတောင်းချက်များကို နှလုံးသားမှ ပြင်းပြသောဆန္ဒနှင့် တင်ပြတောင်းဆိုရမည်။

၂။ အကျွန်ုပ်တို့ တောင်းရှောက်အပ်သော အရာများ
က။ ဘုရားသခင်၏ ထူးဆန်းသောမေတ္တာကျေးဇူးတော် ထင်ရှားလာရန်၊
ခ။ ထာဝရဘုရားကို အားကိုးသောသူတို့အား ဘုရားသခင်ကယ်မရန်၊
ဂ။ ဘုရားသခင်သည် အကျွန်ုပ်တို့အား မိမိ၏မျက်ဆန်ကဲ့သို့ စောင့်ရှောက်ရန်၊
ဃ။ ဘုရားသခင်သည် မိမိ၏အတောင်တော်အရိပ်အောက်မှာ အကျွန်ုပ်တို့အားဖုံးအုပ်ထားရန်၊

၃။ ဘဝအခြေအနေမှန်
က။ ရန်သူတို့သည် အကျွန်ုပ်တို့ကို ဝိုင်းရံနေကြချိန် ဖြစ်သည်။
ခ။ သူတပါးတို့၏ ဖိနှိပ်အုပ်စိုးခြင်းကို ခံရကြချိန် ဖြစ်သည်။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဆာလံ ၁၇ သည် ဖြောင့်မတ်မှန်ကန်ကြောင်း သက်သေထူပေးရန်ပြုသော ဆုတောင်းချက် ဖြစ်သည်။

၂။ ထိုဆုတောင်းချက်၏ သိင်္ကတလက္ခဏာများမှာ
က။ ဘုရားသခင်သည် တရားစီရင်သူ ဖြစ်သည်။
ခ။ ဘုရားသခင်သည် တရားမျှတသောတရားသူကြီး ဖြစ်သည်။
ဂ။ အကျွန်ုပ်တို့သည် ဘုရားသခင်၏တရားစီရင်ခြင်းကို လက်ခံကြရသည်။

၃။ အကျွန်ုပ်တို့သည်
က။ ယုတ်မာမူအမျိုးမျိုး၊
ခ။ မကောင်းမှုအမျိုးမျိုး၊ တို့ကို ကျူးလွန်မိသောအခါ
ဂ။ ဘုရားသခင်သည် အကျွန်ုပ်တို့ကိုလည်း တရားစီရင်မည် ဖြစ်သည်။

၄။ အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်
က။ ဘုရားသခင်ရှေ့မှောက်တော်၌ ဖြောင့်မတ်ကြရမည်။
ခ။ အကျွန်ုပ်တို့သည် မှန်၍ ဖြောင့်တန်းလမ်းစဉ်ကို လျောက်လှမ်းနေကြရမည်။
ဂ။ ဘုရားသခင်ရှေ့တော်၌ မှန်သောအရာများကိုသာ ဆောင်ရွက်ကြရမည်။

၅။ အသက်တာကို ပို၍ လေးနက်စေကြစို့

 

အောက်ပါအချက်တို့ကို လက်တွေ့လုပ်ဆောင်ကြစို့။
က။ ထာဝရဘုရားသခင်ကို ပို၍ သိကျွမ်းပါ။
ခ။ ဘုရားသခင်၏နှုတ်ထွက်စကားတော်ကို ပို၍ ရင်းနှီးနားလည်ပါ။
ဂ။ မိမိတို့၏ ယုံကြည်သက်ဝင်မှုကို ပို၍ ခိုင်ခံံ့စေပါ။
ဃ။ ဆုတောင်းအသက်တာကို အချိန်ပိုပေး၍ ပျိုးထောင်ပါ။
င။ ဘုရားသခင်နှင့်အတူ လျောက်လှမ်းသောအသက်တာကို အစဉ်ပိုင်ဆိုင်ပါ။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်

To Contact : [email protected]