Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၀ ဧပြီလ ၂၇

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၀ ဧပြီလ ၂၇

 

ကျမ်းချက်။ ။ ဆာလံ ၁၀း၅-၁၁
ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၁၀း၅        အဉ်ခိုင်မာစွာ ကျင့်ကြံပြုမူတတ်ပါ၏။ တရားစီရင်တော်မူချကိတို့သည် သူနှင့်ဝေးမြင့်သည်ဖြစ်၍ ခပ်သိမ်းသောရန်သူတို့ကို မထီမဲ့မြင်ပြုတတ်ပါ၏။
၁၀း၆        ငါသည်အစဉ်မရွှေ့ရ၊ ဆင်းရဲခြင်းသို့မရောက်ရဟု အေက်မေ့တတ်ပါ၏။
၁၀း၇        သူ၏နှုတ်သည်ကျိန်ဆဲခြင်း၊ လှည့်စားခြင်း၊ ရှုတ်ချခြင်းနှင့် ပြည့်ဝပါ၏။ လျှာအောက်မှာ မကောင်းသောအကြံနှင့် မတရားသောအမှုရှိပါ၏။
၁၀း၈        ရွာအနားတွင် ပုန်းနေရာအနားတွင်ထိုင်၍၊ အပြစ်မရှိသောသူကို ဆိတ်ကွယ်ရာအရပ်၌ သတ်တတ်ပါ၏။ ဆင်းရဲသောသူကို ချောင်းမြောင်းတတ်ပါ၏။
၁၀း၉        ချုံထဲမှာနေသော ခြင်သေ့ၤကဲ့သို့ ကွယ်ရာအရပ်၌ ပုန်း၍နေတတ်ပါ၏။ ဆင်းရဲသောသူကို ဘမ်းဆီးခြင်းငှါ ပုန်းကွယ်၍နေပါ၏။ ဆင်းရဲသောသူကို ကွန်ရွက်ထဲသို့ဆွဲ၍ ဘမ်းဆီးတတ်ပါ၏။
၁၀း၁၀        ထိုသို့ညှင်းဆဲနှိပ်စက်ခြင်းကို ခံရ၍၊ ဆင်းရဲသောသူအပေါင်းတို့သည် သူ၏လက်သို့ ကျရောက်တတ်ကြပါ၏။
၁၀း၁၁        ထိုသူက၊ ဘုရားသခင်သည် မေ့လျော့တော်မူ၏။ မျက်နှာကို လွဲတော်မူ၏။ မြင်တော်မမူဟု အောက်မေ့တတ်ပါ၏။
ဆာလံ ၁၀း၅-၁၁

 

တွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ မတရားသောသူနှင့် စပ်လျဉ်း၍ တွေ့ရှိချက်များ
က။ ဘုရားသခင်၏ တရားစီရင်ခြင်း
(၁) မတရားသောသူသည် သည် စိတ်ဝင်းစားခြင်း မရှိ။
(၂) မတရားသောသူသည် သမ္မာကျမ်းစာကို လစ်လှူရှုသည်။
ခ။ ရန်သူများ
(၁) သူတပါးကို သရော်သည်။
(၂) ဒုက္ခရောက်မည် မဟုတ်ဟု ထင်မှတ်သည်။
ဂ။ နှုတ်ပါးစပ်
(၁) သူတပါးကို ကျိန်ဆိုသည်။
(၂) မုသာပြော၍ မတရားအနိုင်ကျင့်သည်။
(၃) မတရားသောအမှုကို ပြု၍ ပြဿနာကို ဖန်းတီးသည်။
ဃ။ မတရားသောအမှုများ
(၁) အကူအညီမဲ့သောသူများကို မကောင်းကြံသည်။
(၂) လိုချင်သောအရာများကို အရယူရန် ဘာမဆိုလုပ်သည်။
င။ ဘုရားသခင်အပေါ်ထားသော စိတ်ဓါတ်
(၁) ဘုရားသခင်သည် အရာခပ်သိမ်း သိ (ဝါ) မြင်သည်ကို မယုံကြည်။
(၂) မတရားသောမေထုန်ကို မှီဝဲသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ လူတွေနှင့်စပ်လျဉ်း၍ ပါးနပ်ကြစို့။
က။ မရိုးအကြစို့နှင့်။
ခ။ ခွဲခြားစပ်ဖြာ၍ ဆက်ဆံကြစို့။
၂။ မတရားသောအမှုနှင့်စပ်ဆိုင်၍ မိမိတို့ုကိုယ်တိုင် ထိန်းသိမ်းကြစို့။
က။ မကောင်းသောအကြံများ
ခ။ မဟုတ်၊ မမှန်သော စကားများ
ဂ။ သစ္စာမရှိသော အပေါင်းအသင်းများ
ဃ။ ဖြောင့်မတ်ခြင်းမရှိသော လုပ်ဆောင်ချက်များ
၃။ ဖြေင့်မတ်၍ တည်ကြည်သောအသက်တာကို ပျိုးထောင်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]