Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၊၇၊၂၀၂၀

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၊၇၊၂၀၂၀

ကျမ်းချက်။ ။ဆာလံ ၁၆

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၁၆:၉      ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတပါး၊ ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။-
၁၆:၁၀    အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်၊-
၁၆:၁၁    အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်။ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့်နှင့် လကျာ်းတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့်ရှိပါ၏။
ဆာလံ ၁၆:၉-၁၁

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ ထာဝရဘုရားသခင်၌ ဝမ်းမြောက်ခြင်းသည် နှုတ်ထွက်စကားတော်၌ ကျိန်းဝပ်ခြင်းဖြစ်သည် (ဆာလံ ၃၃:၁၁)။
၂။ ထာဝရဘုရားသခင်ကို ယုံကြည်စိတ်ချခြင်း
က။ အကျွန်ုပ်တို့၏လကျ်ာဘက်၌ ရှိနေသည်ကိုလည်းကောင်း၊
ခ။ အကျွန်ုပ်တို့ကို ဘယ်တော့မှ စွန့်ပစ်မထားမည်ကိုလည်းကောင်း၊ယုံကြည်စိတ်ချရမည်။
၃။ ထာဝရဘုရားသခင်၌ မျှော်လင့်ခြင်း
က။ သေမင်းကို မကြောက်ဘဲ အသက်ရှင်သည်။
ခ။ အသက်ရှင်ရာလမ်းကို ဘုရားသခင်ပြညွန်းလိမ့်မည်။
ဂ။ ဘုရားသခင်ရှေ့မှောက်တော်၌ ဝမ်းမြောက်ခြင်း ရှိရမည်။
ဃ။ စစ်မှန်သောဝမ်းမြောက်ခြင်းသည် ဘုရားသခင်၏လကျ်ာဘက်၌ ရှိသည်။
င။ မျှော်လင့်ခြင်းအမှန်သည် ပစ္စည်းဥစစ္စာပိုင်ဆိုင်မှု၌ မရှိ။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ ထပ်၍ သွန်သင်ခြင်းခံယူရန်၊
က။ နှုတ်ကပတ်တော်ကို တိတ်ဆိတ်စွာ ဆင်ခြင်နှလုံးသွင်းရမည်။
ခ။ နေဝင်ပြီး အိပ်ရာမဝင်ခင် ဆင်ခြင်နှလုံးသွင်းရမည်။
ဂ။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျေညှပ်စွာ ဆင်ခြင်အောက်မေ့ရမည်။
၂။ ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရာ၌ မိမိတို့၏စိတ်မျက်စိမှ ထာဝရဘုရားသခင်ကို အစဉ်အောက်မေ့ရမည်။
က။ ရွေးချယ်ပြီး လုပ်ဆောင်ရမည့် အချက် ဖြစ်သည်။
ခ။ သတိဝိရိယအပြည့်နှင့် လုပ်ဆောင်ရမည့် အရာဖြစ်သည်။
ဂ။ ဇွဲလုံးလအပြည့်နှင့် အစဉ်ဆောင်ရွက်ရမည့် အချက် ဖြစ်သည်။
၃။ ထာဝရဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ
က။ မျှော်လင့်ချက်များ၊
ခ။ ဝမ်းမြောက်ခြင်းများ၊
ဂ။ ယုံကြည်စိတ်ချမှုများ၊ စသည်တို့ဖြစ်သည်။

ယုံကြည်ခြင်းဖြင့် ဘုရားသခင်နှင့်အတူ အသက်ရှင်ရာမှ ရရှိနိုင်သော ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။

 

ဓမ္မကျောင်းသူ၊သားများအနေဖြင့် ရှာဖွေပြုစုအပ်သော အရာများမှာ
၁။ အကောင်းဆုံး သင်ယူခြင်းသည် အရေးကြီးသည်။
၂။ မိမိ အသက်တာနှင့် ယုံကြည်ခြင်း တို့ကို ပြုပြင်ခြင်းသည်လည်း အလွန်အရေးကြီးသည်။
၃။ ထာဝရဘုရားသခင်ကို အမှန်ကိုးစား၍ ခွန်အားကြီးစွာ ယုံကြည်လာနိုင်ဖို့ အချင်းချင်း တိုက်တွန်းနိူးဆော်ကြပါ။

ဗေသနိဓမ္မတက္ကသိုလ်၌ ပျော်ရွှင်စွာ သင်ယူနိုင်ကြပါစေလို့၊

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်

To Contact : [email protected]