Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၁၃၊ဇူလိုင်၊၂၀၂၀

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၁၃၊ဇူလိုင်၊၂၀၂၀

 

ကျမ်းချက်။ ။ဆာလံ ၁၆

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၁၆း၅      ထာဝရဘုရားသည် ငါအမွေခံရာအဘို့၊ ငါစားသောက်ရာအဘို့ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏။
၁၆း၆      ငါပိုင်ထိုက်သောနယ်နိမိတ်သည် သာယာသော အရပ်တွင်ကျ၍၊ ကောင်းမွန်သော အမွေကို ငါခံရပြီး။
ဆာလံ ၁၆း၅-၆

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်သည် အကျွန်ုပ်တို့အတွက် မည်မျှတန်ဖိုးကြီးသနည်း။
က။ ဘုရားသခင်ကို အကျွန်ုပ်တို့ အမှန်တကယ် ရွေးချယ်ကြမည်လော့။
ခ။ အမွေအနှစ်ကို ရွေးချယ်ပိုင်ခွင့်ရှိခဲ့လျှင် အကျွန်ုပ်တို့ မည်သည့်အရာကို ရွေးချယ်ကြမည်နည်း။
(၁) ပစ္စည်းဥစ္စာများ၊
(၂) ထာရဘုရာသခင်ကိုယ်တော်၊
ဂ။ ဆာလံဆရာ ဒါဝဒ်မင်းသည် ဘုရားသခင်ကို မိမိ၏အမွေအနှစ်အဖြစ် ရွေးချယ်ခဲ့သည်။

၂။ ငါအမွေခံရာအဘို့ နှင့် ငါစားသောက်ရာဘို့
က။ `စားသောက်ရာဘို့’ သည်
(၁) ဘုရားသခင်ပေးသနားသော ကောင်ချီးမင်္ဂလာများ၊
(၂) စားသုံံးစရာ ပစ္စည်းဥစ္စာများ၊ ဖြစ်ကြသည်။
ခ။ `အမွေခံရာအဘို့´ သည်
(၁) အမွေအဖြစ်ပေးသော အရာ ဖြစ်သည်။
(၂) ဒါဝဒ်မင်းသည် ထာဝရဘုရားသခင်ကို မိမိ၏အမွေအဖြစ် ရွေးချယ်ခဲ့သည်။
ဂ။ ဒါဝဒ်မင်းသည် ဘုရားသခင်ကို ရွေးချယ်ရာ၌ အလွန်ဝမ်းမြောက်သည်။
(၁) ဘုရားသခင်သည် ဒါဝဒ်မင်း၏အသက်တာကို စောင့်ထိန်းပေးသည်။
(၂) ဒါဝဒ်မင်းသည် ဘုရားသခင်ထာဝရဘုရား ရွေးချယ်ရသည်ကို အလွန်ကျေနပ်လျက် ရှိသည်။

၃။ ဒါဝဒ်မင်းရွေးချယ်ခဲ့သော အရာများကို ပြန်လည်သုံးသပ်ခြင်း
က။ သူ့ကို ရွေးချယ်သောကြောင့် ဘုရားသခင်သည် ဒါဝဒ်မင်းကို ကောင်းချီးပေးသည်။
ခ။ ဘုရားသခင်ကို ဒါဝဒ်မင်းကို ဥစ္စာပစ္စည်းများစွာ ပေးသည်။
(၁) နယ်နိမိတ်ကိုလည်း ချဲ့ပေးသည်။
(၂) ဒါဝဒ်မင်းသည် ဘုရားသခင်ပေးသနားသောအရာများနှင့် အလွန်ဝမ်းမြောက်ကြောင်း ကြော်ငြာသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဥစ္စာပစ္စည်းများကို အချို့သောသူတို့သည် ရွေးချယ်ကြသည်။
က။ ရွေငွေ၊
ခ။ အလုပ်၊
ဂ။ လူသိများခြင်း၊ ကျော်ဇော်ခြင်း၊

၂။ လမ်းညွန်ချက်
က။ ဒါဝဒ်မင်းသည် အကျွန်ုပ်တို့အတွက် ပုံသက်သေကောင်း ဖြစ်သည်။
ခ။ သခင်ခရစ်တော်ကိုယ်တိုင်ကလည်း အောက်ပါအတိုင်း သွန်သင်ခဲ့သည်။
၆း၃၁ ထိုကြောင့် အဘယိသို့ စားသောက်ရအံ့နည်း။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။
၆း၃၂ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။-
၆း၃၃ ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့။-
၆း၃၄ ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏။
(မဿဲ ၆း၃၁-၃၄)

ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာ ရှာကြစို့။

ဆုတောင်းလျက်
ပါစတာချာလ်း(စ်)တန်

To Contact : [email protected]