Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၅)

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၅)

 

ကျမ်းချက်။ ။ဆာလံ ၁၃
ချစ်သောညီအစ်ကိုတို့၊

တိုတောင်းသော ဆာလံသီချင်း ဖြစ်သည်။
အစမှအဆုံး ဖတ်၍ လေ့လာခြင်းသည် အလွန်သင့်တော်ပေသည်။
ဤဆာလံသည်လည်း ဘဝအခက်ခဲများနှင့် ရင်ဆိုင်နေရသော ဒါဝဒ်မင်းကြီး စပ်ဆိုထားသည်။

 

ဆင်ခြင်နှလုံးသွင်းခြင်း

၁၃း၁    အိုထာဝရဘုရား၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှ ကာလပတ်လုံးမေ့လျော့ တော်မူမည်နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထား တော်မူမည်နည်း။
၁၃း၂     အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက်၊ အဘယ်မျှ ကာလပတ်လုံး တွေးတောသော စိတ်ရှိရပါမည်နည်း။ အကျွန်ုပ်၏ ရန်သူသည် အဘယ်မျှ ကာလပတ်လုံး အကျွန်ုပ်ကို အုပ်စိုးရပါမည်နည်း။
၁၃း၃    အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်စကားကို မျက်နှာပြု၍ နားထောင်တော်မူပါ။ အကျွန်ုပ်မျက်စိကို လင်းစေတော်မူပါ။ သို့မဟုတ်လျှင် အသေအိပ်ပျော်ခြင်းသို့ ရောက်ရပါမည်။
၁၃း၄    အကျွန်ုပ်၏ရန်သူက၊ ငါနိုင်ပြီဟုဆို၍၊ အကျွန်ုပ်ကို နှောင့်ရှက်သော သူတို့သည် အကျွန်ုပ်လှုပ်ရှားသည်ကို ဝမ်းမြောက်ကြပါလိမ့်မည်။
၁၃း၅    အကျွန်ုပ်သည် ကရုဏာတော်ကို ယုံကြည်ပါ၏။ ကယ်တင်တော်မူခြင်းအရာ၌ နှလုံးရွှင်လန်းပါလိမ့်မည်။
၁၃း၆    အကျွန်ုပ်၌ ကျေးဇူးပြုတော်မူသောကြောင့် ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။
ဆာလံ ၁၃း၁-၆

 

တွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ ဘုရားသခင်နှင့် စပ်လျဉ်းသော ရှုပ်ထွေးသည့် အမြင်များ
က။ ဒါဝဒ်မင်းသည် ဘုရားသခင်က စွန့်ပစ်သည်ဟု ခံစားခဲ့သည်။
ခ။ ဒါဝဒ်မင်းသည် ဘုရားသခင်၏မျက်နှာလွဲခြင်း ခံရသည်ဟု ထင်မိခဲ့သည်။

၂။ ဝမ်းနည်းစေသော အတွေးများဖြင့် စိတ်ညှစ်ခဲ့သည်။
က။ အလွန်ဝမ်းနည်းမိခဲ့သည်။
ခ။ မိမိကိုယ်ကို ကြိုးစား၍ အားပေးသော်လည်း ဝမ်းနည်းပူဆွေးခြင်းကို လုံး၀ စွန့်ပစ်ခဲ့ခြင်း မရှိနိုင်။

၃။ ရန်သူများနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်ခြင်း
က။ ရန်သူတို့မှ အနိုင်ယူနေသည်ဟု ထင်နေရသည်။
ခ။ ရန်သူများသည် အောင်မြင်၍ ချီးမြင့်ခြင်း ခံနေရသကဲ့သို့ ဖြစ်သည်။

၄။ ဒါဝဒ်မင်း၏ ဆုတောင်းချက်
က။ အမြင်ဖွင့်ရန် ဆုတောင်းသည်။
ခ။ အလျင်အမြန် မစရန် ဆုတောင်းသည်။
(၁) သေနိုင်ခြေ အလွန်များနေသည်။
(၂) ရန်သူများမှ အနို်င်ယူသွားနိုင်မည့်အလားအလာ ရှိနေသည်။

၅။ ကိုးစားခြင်းသည်သာ အဓိက
က။ ဒါဝဒ်မင်းသည် အောက်ပါတို့ကို တိုက်ထုတ်ရသည်။
(၁) ကြောက်ရွံ့တတ်သောစိတ်၊
(၂) သံသယစိတ်၊
ခ။ ဒါဝဒ်မင်းသည် ဘုရားသခင်နှင့် ဘုရားသခင်၏ သနားကြင်နာခြင်းကို ကိုးစားရန် ရွေးချယ်ဆုံးဖြတ်ရသည်။

၆။ လုံခြုံစိတ်ချမှုပြန်လည် ရရှိခြင်း
က။ ဘုရားသခင် ကယ်တင်လိမ့်မည်ဟု ဒါဝဒ်မင်း ယုံသည်။
ခ။ ဘုရားသခင်သည် မိမိကို သနားညှာတာစွာ ဆက်ဆံမည်ဟု ဒါဝဒ်မင်း ယုံသည်။
ဂ။ ဒါဝဒ်မင်းသည် မှန်ကန်စွာ ပြန်လည်ရပ်တည်နိုင်ခဲ့သည်။
ဃ။ ဘုရားသခင်၏နာမတော်ကို ချီးမွမ်းမည့် နေ့ရက်ကာလများကို မျှော်လင့်စောင့်ဆိုင်းနေခဲ့သည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
ခက်ခဲသောကာလ၌ ဘုရားသခင်ကို ပို၍ ကြီးမားစွာ ယုံကြည်ကိုးစားကြစို့။ ဘုရားသခင်၌ အဆုံးထိ သစ္စာခံ၍ ယုံကြည်ကြစို့။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်

To Contact : [email protected]