Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဖေဖါဝါရီလ (၂၇) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဖေဖါဝါရီလ (၂၇) ရက်

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
၁၀ ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အားဖြင့် ၎င်း၊ ခိုင်ခံ့ခြင်းရှိကြလော့။
၁၁ မာရ်နတ်၏ ပရိယာယ်တို့ကို တားဆီးနိုင်မည်အကြောင်း၊ ဘုရားသခင်သည်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။
(ဧဖက် ၆း၁၀-၁၁)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အသင်းတော်၌ ပါဝင်သောသူအပေါင်းတို့အတွက် စိန်ခေါ်ချက်

က။ ညီအစ်ကိုတို့၊
ခ။ အသင်းတော်ခေါင်းဆောင်များသာ မဟုတ်ဘဲ၊

၂။ ခိုင်ခံ့ခြင်းရှိကြလော့။

က။ မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။
ခ။ မခိုင်ခံ့ပါက အသက်အန္ဒာရာယ်ပင် ရှိသည်။
ဂ။ ခွန်အားကို

(၁) သခင်ဘုရား၌ ရရှိရမည်။
(၂) ထိုခွန်အားသည် ဘုရားသခင်၏တန်ခိုးတော် ဖြစ်သည်။
(၃) ထိုခွန်အားသည် ဘုရားသခင်၏ အားကြီးသောအရှိန် ဖြစ်သည်။

၃။ ဘုရားသခင်သည်ပြင်ဆင်တော်မူသော လက်နက်စုံ

က။ လက်နက်စုံမှာ ခြောက်မျိုး ရှိသည်။
ခ။ တစ်မျိုးစီတိုင်း အရေးပါသည်။
ဂ။ တစ်မျိူးတိုင်းသည် ဘုရားသခင်ပြင်ဆင်ပေးသောအမှု စုံလင်ခြင်းကို ထင်ရှားစေသည်။
ဃ။ တစ်မျိုးချင်းစီကို ခိုင်ခံ့ခြင်းငှါ ဝတ်ဆင်ကြရမည်။

၄။ အကျွန်ုပ်တို့ ရင်ဆိုင်နေရသော တိုက်ပွဲ

က။ မာရ်နတ်ကိုယ်တိုင်ကို တိုက်နေရသော စစ်ပွဲဖြစ်သည်။
ခ။ သူသည် ပရိယာယ်ကြွယ်ဝသောသူ ဖြစသည်။
ဂ။ သခင်ခရစ်တော်၏အသင်းတော်ကို တိုက်ခိုက်ရန် မာရ်နတ်၌ နည်းမျိုးစုံရှိသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဆက်လက်ရှိနေသော ပြဿနာများ

က။ အချို့သောသူတို့ကသာ ဝိညာဉ်ရေးစစ်ပွဲကို နားလည်ကြသည်။
ခ။ များစွာသောသူတို့သည် သခင်ဘုရား၌ ခိုင်ခံ့ခြင်း မရှိကြ။

(၁) တန်ခိုးအနည်းငယ်သာ ရှိကြသည်။
(၂) ခွန်အားလည်း အနည်းငယ်သာ ရှိကြသည်။

ဂ။ ယုံကြည်သူတိုင်းသည် ဘုရားသခင်ပြင်ဆင်ပေးသာ လက်နက်စုံကို မဝတ်ဆင်ကြ။

၂။ ဤပြဿနာများကြောင့်၊

က။ အသင်းတော်၏ အသက်တာနှင့် အမှုတော်တို့သည် ထိခိုက်နစ်နာကြရသည်။
ခ။ သင်းအုပ်ဆရာများသည်လ်ညး အမှုတော်၌ မအောင်မြင်ဘဲ နေကြရသည်။

၃။ အကျွန်ုပ်တို့ရှေ့မှာ ရှိသော စိန်ခေါ်ချက်

က။ မိမိကိုယ်ကို စစ်ဆေးကြရမည်။

(၁) ခိုင်ခံ့ခြင်း ရှိကြသလား။
(၂) ဘုရားသခင်၏လက်နက်စုံကို ဝတ်ဆင်ကြသလား။

ခ။ ခိုင်ခံ့ခြင်းငှါ အစွမ်းကုန် ကြိုးစားကြစို့။
ဂ။ ဝိညာဉ်ရေးစစ်ပွဲတို့ကို တိုက်လှန်၍ အောင်နိုင်ကြရမည်။
ဃ။အကျွန်ုပ်တို့၏ညီအစ်ကိုတို့ကိုလည်း ဝိညာဉ်ရေးစစ်ပွဲအတွက် ပြင်ဆင်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]