Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဖေဖါဝါရီလ (၂၀) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဖေဖါဝါရီလ (၂၀) ရက်

 

ချစ်သော ညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၅ အစေခံကျွန်တို့၊ ခရစ်တော်၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက်၊ စိတ်နှစ်ခွ မရှိဘဲ လောကီသခင်၏စကားကို နားထောင်ကြလော့။
၆ လူတို့၏စိတ်ကိုနူးညွတ်စေသောသူကဲ့သို့ မျက်မှောက်၌သာ နားထောင်သည်မဟုတ်၊ ခရစ်တော်၏ ကျွန်ကဲ့သို့ စေတနာစိတ်နှင့် ဘုရားသခင်၏ အလိုတော်ကို စောင့်၍၊
၇ လူ၏အစေကိုသာ ခံသကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အစေကို ခံသကဲ့သို့ ကြည်ညိုသော သဘောနှင့် အစေကိုခံကြလော့။ ၈ ကောင်းသောအကျင့်ကို ကျင့်သောသူ မည်သည်ကား၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ သခင်ဘုရား၏ လက်တော်မှ အကျိုးကိုခံရလိမ့်မည်ဟု သိမှတ်ကြလော့။ ၉ သခင်တို့၊ ခြိမ်းခြောက်ခြင်းကို ချုပ်တည်း၍၊ ကိုယ်ကျွန်တို့ကို ထိုနည်းတူပြုကြလော့။ သင်တို့၏ သခင်သည် ကောင်းကင်ဘုံ၌ရှိသည်ကို၎င်း၊ ထိုသခင်သည် အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူသည်ကို၎င်း သိမှတ်ကြလော့။

(ဧဖက် ၆း၅-၉)

 

လေ့လောတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ ၁ ရာစုခေတ်

က။ ကျွန်စနစ်ကို ကျင့်သုံးခဲ့ကြသည်။
ခ။ ကျွန်များကို ပိုင်သော သခင်များလည်း ရှိကြသည်။
ဂ။ ကျွန်အဖြစ်မှ လွတ်မြှောက်လာသော လူလွတ်တို့လည်း ရှိကြသည်။

၂။ ခရစ်ယာန်ကျွန်များအား သွန်သင်ခြင်း

က။ ရိုးသားသော နာခံခြင်းကို လက်တွေ့ဖော်ဆောင်ခြင်း

(၁) ကြောက်ရွံ့တုန်လှုပ်လျက်၊
(၂) စိတ်နှစ်ခွ မရှိဘဲ၊
(၃) ခရစ်တော်၏စကားကို နားထောင်သကဲ့သို့၊
(၄) ထိုသို့ နာခံခြင်းသည် လွယ်ကူသောအမှု မဟုတ်ပါ။

ခ။ မမှန်ကန်သော နာခံခြင်းကို ရှောင်ရှားခြင်း

(၁) မျက်မှောက်၌သာ နားထောင်သည်မဟုတ်၊
(၂) ရိုးသားသကဲ့သို့ ဟန်ဆောင်၍ အစေခံခြင်း၊

ဂ။ သခင်ဘုရား၏အစေကို ခံခြင်း

(၁) လူတို့၏အစေကို ခံနေသည် မဟုတ်၊
(၂) သခင်ဘုရား၏အစေကို ခံနေကြသည်။

ဃ။ ဘုရားသခင်သည် ကောင်းချီးပေး၍ နာခံခြင်း၏အကျိုးကို ခံရစေမည်။

၃။ ခရစ်ယာန်ကျွန်ပိုင်ရှင်များ (သခင်များ) ကို သွန်သင်ခြင်း

က။ တူသော မူကို ခံယူ၍ ကျင့်သုံးပါ။
ခ။ ခြိမ်းခြောက်ခြင်းကို အသုံးမချနှင့်။
ဂ။ သခင်ဘုရားကို အားလုံးတို့၏သခင်အဖြစ် ကြောက်ရွံ့နေရမည်။
ဃ။ သခင်ဘုရားသည် အဘယ်သူကိုမျှ မျက်နှာမထောက်တတ်ပေ။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ မတူခြားနားသော ရာစု၌ အသက်ရှင်နေထိုင်ခြင်း

က။ ယနေ့၌ ကျွန်တော်တို့အလယ်၌ ကျွန်နှင့်သခင် မရှိ။
ခ။ သို့သော် ယုံကြည်ခြင်းနှင့်အသက်တာ၏ မူဝါဒတို့သည် မပြောင်းလဲ့ကြပါ။

၂။ စိန်ခေါ်ချက်များ

က။ သခင်ဘုရားကို အကျွန်ုပ်တို့၏သခင်အဖြစ် အသိအမှတ်ပြုခြင်း၊
ခ။ ရိုးသားသော နာခံခြင်းနှင့်အတူ အစေခံခြင်း၊
ဂ။ သခင်ဘုရားအတွက် အသက်ရှင်ခြင်း၊
ဃ။ သမ္မာကျမ်းစာ၏မူဝါဒတို့ကို လက်တွေ့ကျင့်လိုစိတ် ရှိကြရမည်။
င။ သခင်ဘုရား၏နှုတ်ကပတ်တော်သည် အကျွန်ုပ်တို့၏ စိတ်နှလုံးတို့ကို နက်ရှိုင်းစွာ ပြည့်ဝပါစေ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်) တန်

To Contact : [email protected]