Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂၊ ဇနဝါရီလ (၉) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂၊ ဇနဝါရီလ (၉) ရက်

 

ချစ်သော ညီအစ်တိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၁၈ လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့ ။
၁၉ ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဘတ်ရွတ်၍၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍သီချင်း ဆိုကြလော့။
(ဧဖက် ၅း၁၈-၁၉)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်း

က။ မူးယစ်ခြင်းကို ရှောက်ရမည်။

(၁) နေရာအနှံ့တွေ့ရသော ပြဿနာ ဖြစ်သည်။
(၂) ဤစုံစမ်းနှောက်ယှက်ခြင်းကို အနိုင်ယူနိုင်ကြရမည်။

ခ။ လွန်ကျူးခြင်း

(၁) အားအင် မထိန်းသိမ်းနိုင်ခြင်း၊
(၂) မိမိကိုယ်ကို မထိန်းမသိမ်းနိုင် ဖြစ်သည်။

၂။ ဝိညာဉ်တော်နှင့်ပြည့်စုံခြင်း

က။ လိုချင်တောင်းတအပ်သော အရာ ဖြစ်သည်။
ခ။ ရအောင် ရှာဖွေအပ်သော အရာ ဖြစ်သည်။

၃။ ဝိညာဉ်တော်နှင့် ပြည့်ဝသော သူတို့၏ ပုံသက်သေများ

က။ ဧလိဇဘက် လု ၁း၄၁
ခ။ ဇာကရိ လု ၁း၆၇
ဂ။ သခင်ယေရှု လု ၄း၄
ဃ။ ယေရုရှုလင်အသင်းတော် တ ၂း၄

၄။ ဝိညာဉ်တော်နှင့်ပြည့်ဝသောအခါ

က။ အချင်းးချင်း အောက်ပါသီချင်းများဖြင့် ပြောဆိုကြသည်။

(၁) ဆာလံသီချင်းများ၊
(၂) ဓမ္မသီချင်းများ၊
(၃) ဝိညာဉ်သီချင်းများ၊

ခ။ သီဆိုခြင်း

(၁) တစ်ဦးချင်းသော်လည်းကောင်း၊
(၂) အစုလိုက်၊အဖွဲ့လိုက်သော်လည်းကောင်း၊

ဂ။ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍သီချင်း ဆိုကြလော့။

(၁) စိတ်နှလုံးသားမှ ဖြစ်သည်။
(၂) သခင်ဘုရားနှင့် တိုက်ရိုက်သက်ဆိုင်သည်။
(၃) အမှန်မှာ၊ ကျွနုပ်တို့သည် ဘုရားသခင်ထံသို့ သီချင်းများ သီဆိုကြသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်၏အစေခံများပီပီ အောက်ပါအရာတို့၌ တိုးတတ်ကြစို့

က။ ဝိညာဉ်တော်နှင့်ပြည့်ဝခြင်း၊
ခ။ ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝခြင်း၊
ဂ။ ချီးမွမ်းခြင်းနှင့်ပြည့်ဝခြင်း၊

၂။ စွန့်ပစ်ရမည့် အရာများ

က။ စိတ်ညှစ်နေသော မျက်နှာ၊
ခ။ ကျေးဇူးတော်ကို မသိနားမလည်သော စိတ်နှလုံးသား၊
ဂ။ ချီးမွမ်းခြင်း မရှိသော အသက်ဝညာဉ် (စိတ်ဓါတ်)၊

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]