Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၅၀)

ထိုသခင်၌ ကျင်လည်ကြလော့ (၅၀)

 

နိဂုံးချုပ်
အာခိပ္ပုကိုလည်း၊ သင်သည် သခင်ဘုရား၏ လက်တော်မှ ခံရပြီးသော ဓမ္မဆရာ၏အမှုအရာကို ပြည့်စုံခြင်းငှါ သတိပြုပါဟု ပြောကြလော့။ ငါပေါလုသည် သင်တို့အား နှုတ်ဆက်သော အချက်ကို ကိုယ်လက်ဖြင့် ရေးးထား၏။ ငါခံရသော ချည်နှောင်ခြင်းကို အောက်မေ့ကြလော့။ သင်တို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။

(ကော ၄း၁၇- ၁၈)။

 

အာခိပ္ပု …
၁။ ပေးစာကို အဆုံးသတ် ရတော့မည်။
၂။ နောက်ဆုံးအနေဖြင့် အရေးကြီးသော အကြောင်းအရာများ၊ အရေးပါသော စကားလုံးများကို ပေါလု ရွေးချယ်ရသည်။
၃။ ချန်လှပ်ထားခဲ့၍ မဖြစ်သောသူမှာ အာခိပ္ပု ဖြစ်သည်။

က။ ပေါလုသည် အာခိပ္ပုကို တိုက်ရိုက် သတိမပေးနိုင် (အဝေးရောက်နေသောကြောင့်လည်းဖြစ်နိုင်သည်)။
ခ။ ပေါလုသည် အာခိပ္ပုကို တစ်ဆင့်အားဖြင့်သာ သတိပေး ရသည်။

၄။ အာခိပ္ပုသည်သင်းထောက်ဖြစ်နိုင်ခြေ ရှိသည်။ အကြောင်းရင်း မှာ (diakonian) ခေါ် လက်တွေ့လုပ်ဆောင်ရသော အလုပ်ကို သခင်ဘုရားထံမှ ရရှိသည်။
၅။ ထို (diakonian) ဒါဂိုးနီးယား ကို ယုဒသန်က “ဓမ္မဆရာ၏ အမှုအရာ” ဟုပြန်ဆိုသည်။

က။ သခင်ဘုရားထံမှ ရရှိသော အလုပ်တာဝန်ကို အဆုံးထိ ထမ်းဆောင်ရမည်။
ခ။ အာခိပ္ပုသည်လည်း သူ၏ ဓမ္မဆရာအလုပ်ကို ဆုံးခန်းတိုင် အောင်ဆောင်ရွက်ရမည်။

၆။ ထိုသို့ ဆောင်ရွက်နိုင်ရန် သတိပြုနေရမည် (၁တိ ၄း၁၆)။
ဂ။ ကျေးဇူးတော်ကို အချည်းနှီး မခံမယူဘဲ၊ ရရှိခံစားရသော ကျေးဇူးတော်နှင့် ထိုက်တန်စွာ တုံ့ပြန်အသက်ရှင်ရမည်။
၅။ ဤစာကို ဖတ်ရှုသူတိုင်းအပေါ်၌ ထိုကျေးဇူးတော် သက်ရောက်ပါစေဟု ဆုတောင်းလျက်ပေါလု နိဂုံးချုပ်လိုက်သည်။

ကောလောသဲသြဝါဒစာကို စိတ်ရောကိုယ်ပါ ဖတ်ရှု လေ့လာသူတိုင်းအပေါ်၌ ဘုရားသခင်၏ ကျေးဇူးတော် သက် ရောက်ပါစေဟု။

To Contact : [email protected]