Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၅၂)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၅၂)

 

ယုံကြည်သူအချင်းချင်း ပြုအပ်သော အမှု

ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း၏ ပဌနာသည် လူနာကိုကယ်ဆယ်၍၊ သခင်ဘုရားသည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကိုလွှတ်တော်မူမည်။ အချင်းချင်း တစ်ယောက်နှင့် တစ်ယောက်၊ ကိုယ်အပြစ်ကိုဘော်ပြတောင်းပန်ကြ
လော့။ ချမ်းသာရမည်အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသောပဌနာသည် အလွန်တန်ခိုးပါ၏။

(ယာကုပ် ၅း၁၅-၁၆)

 

ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း၏ ပဌနာသည် လူနာကိုကယ်ဆယ်…

၁။ သင်းအုပ်တို့ကို ပင့်ခေါ်၍ လူနာအပေါ်ဆုတောင်းပေးခြင်းသည် (၅း၁၄)
ယုံကြည်ခြင်းအားဖြင့်ပြုသော ဆုတောင်းခြင်းဖြစ်သည်။

က။ သင်းအုပ်တို့သည် ဘုရားသခင်ကို ယုံကြည်စွဲလမ်းနေကြသည်။
ခ။ သင်းအုပ်တို့သည် သမ္မာကျမ်းစာဖြင့် လူနာကို တိုက်တွန်းအားပေးကြသည်။
ဂ။ သင်းအုပ်တို့သည် သမ္မာကျမ်းစာနှင့်အညီ ဆုတောင်းပေးကြသည်။
ဃ။ ယုံကြည်ခြင်း၏ ပတ္ထနာပင် ဖြစ်သည်။

၂။ ထိုဆုတောင်းခြင်းမျိုးသည် လူနာကို ကယ်ဆယ်မည် ဖြစ်သည်။

က။ ကယ်ဆယ် (ဂရိ-sozo =ကယ်တင်သည်) မည်။
ခ။ သက်သာစေမည်။
ဂ။ ကျန်းမာစေမည်။

၃။ ထို့အပြင် ဘုရားသခင်သည် ထိုလူနာကို –

က။ ထမြောက် (ဂရိ-egerei =ထမြောက်သည်) စေမည်။
ခ။ ပြန်လည်သက်သာလာစေမည်။
ဂ။ ယုံကြည်သက်ဝင်မှု ပြန်လည်သက်ဝင်စေမည်။

၄။ ထိုလူနာ ပြုမိသော အပြစ်များကိုလည်း ဘုရားသခင်သည် လွှတ်တော်မူမည်။

 

အချင်းချင်း တယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကိုဘော်ပြတောင်းပန်ကြလော့…

၁။ ယုံကြည်သူအချင်းချင်း မိမိတို့အပြစ်ကို ကိုယ်စီ ဝန်ခံ၍ တောင်းပန်ကြရမည်။

က။ အပြစ်ကို ဘော်ပြတောင်းပန် (ဂရိ- exomologeo) သည်

– အပြစ်ရှိကြောင်း ဝန်ခံသည်၊
– အပြစ်ပြုမိကြောင်း လက်ခံသည်၊
– အပြစ် (မည်သည့်အပြစ်မျိုးဖြစ်သည်) ကိုလည်း အချင်းချင်း လက်ခံသည် စသည်တို့ ဖြစ်သည်။

ခ။ မိမိတို့၏ ကိုယ်စီ အပြစ်ကို ဝန်ခံ၍ တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ရန် တောင်းပန်ကြရမည်။

၂။ ဤသို့ပြုပါက ချမ်းသာရမည် ဖြစ်သည်။

က။ နေကောင်း ကျန်းမာခြင်း ရမည်။
ခ။ ယုံကြည်ခြင်း၌ ပြည်လည်ကျန်းမာလာမည်။
ဂ။ စိတ်ဝိညာဉ်နှင့် ခန္ဒာကိုယ် နှစ်ပါးစလုံးတို့၏ ချမ်းသာသုခ ရမည်။
ဃ။ လူမှုဆက်ဆံရေး ပြန်လည်ကောင်းမွန်လာမည်။

 

အချင်းချင်းအဘို့ ဆုတောင်းကြလော့…
၁။ အချင်းချင်း အပြစ်များကို ဝန်ချတောင်းပန်ပြီးနောက်၊ အချင်းချင်း ဆုတောင်းပေးကြရမည်။
၂။ တစ်ယောက်အတွက် တစ်ယောက် ဆုတောင်းခွင့် ရှိကြသည်။ အကြောင်းမှာ –

က။ ယဇ်ပုရောဟိတ်အမျိုးအနွယ် များဖြစ်ကြသည်။
ခ။ သန့်ရှင်းသောလူမျိုးတော် ဖြစ်ကြသည်။ (၁ ပေ ၁း၉-၁၀)

၃။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသော ပတ္ထနာသည် အလွန်တန်ခိုးပါ၏

က။ သူတော်ကောင်း (ဂရိ-dikaios) သည် ဖြောင့်မတ်သောသူကို ဆိုလိုသည်။

– မည်သူမဆို ဖြောင့်မတ်သောသူ ဖြစ်နိုင်သည်။
– သင်းအုပ်တု့ိသည် ဖြောင့်မတ်သောသူများ ဖြစ်ကြရမည်။
– အသင်းသူ၊ အသင်းသားတို့သည်လည်း ဖြောင့်မတ်သောသူများ ဖြစ်ကြရမည်။

ခ။ ဖြောင့်မတ်သောသူသည် ကြီးသောအရှိန်နှင့် ဆုတောင်းသည်။

၄။ ဖြောင့်မတ်သောသူပြုသော ပတ္ထနာသည် အလွန်တန်ခိုးပါသည်။

က။ အလွန်တန်ခိုး(ဂရိ- energoumene) သည် –

– ထိရောက်သည်၊
– ပြီးမြောက်သည်၊
– သက်ဝင်လုပ်ဆောင်သည် စသည်တို့ဖြစ်သည်။

ခ။ ဖြောင့်မတ်သောသူ၏ ဆုတောင်းခြင်းသည် များစွာထိရောက်မှုရှိသည်။

၅။ ယုံကြည်သောသူဖြစ်သောကြောင့် ဆုတောင်း ပတ္ထနာပြုခွင့် ရရှိကြသည်။
ဖြောင့်မတ်သောသူ၏ ဆုတောင်းခြင်းသည် အလွန်ထိရောက်မူ ရှိသည်။

ထိုသို့ အလွန်ထိရောက်မှု ရှိသောဆုတောင်းခြင်းများကြောင့်လည်း ယုံကြည်ခြင်း၌ ပို၍ ကြွယ်ဝချမ်းသာလာမည်ဖြစ်သည်။