Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၅၁)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၅၁)

 

ယုံကြည်သူတို့ လုပ်ဆောင်စရာ

သင်တို့တွင် ဆင်းရဲခံရသောသူရှိလျှင်၊ ဆုတောင်းစေ။ ရွှင်လန်းသောသူရှိလျှင် ဆာလံသီချင်းကိုဆိုစေ။ နာသောသူရှိလျှင်၊ သင်းအုပ်တို့ကိုခေါ်၍ သူတို့သည် သခင်ဘုရား၏ နာမတော်ကို အမှီပြုလျှက်၊ လူနာကို ဆီနှင့် လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။

(ယာကုပ် ၅း၁၃-၁၄)

 

သင်တို့တွင် ဆင်းရဲခံရသောသူရှိလျှင်…
၁။ ဆင်းရဲ (ဂရိ-kakopatheo) သည် –

က။ မကောင်းမှုကို ခံစားရသည်၊
ခ။ ညှင်းပန်းနှိပ်စက်ခြင်းကို ခံရသည်၊
ဂ။ အခက်ခဲပြဿနာ ရင်ဆိုင်ရသည် စသည်တို့ဖြစ်သည်။

၂။ “ဆင်းရဲခံရသောသူ” သည် –

က။ ငွေရေးကြေးရေး၌ ဆင်းရဲသောသူကို ရည်ညွှန်းသည် မဟုတ်။
ခ။ ဒုက္ခဆင်းရဲ၊ ညှင်းပန်းနှိပ်စက်ခြင်း ခံရသောသူကို ဆိုလိုသည်။

၃။ ယုံကြည်သူများသည် ညှင်းပန်းနှိပ်စက်ခြင်း ဒုက္ခကို ခံရသောအခါ ဆုတောင်းရမည်။ ထိုသို့ ဆုတောင်းခြင်းဖြင့်၊ ဆင်းရဲခံနေရသောသူသည် –

က။ ဘုရားသခင်၏ နှစ်သိမ့်ခြင်းကို သိရှိနားလည်လာမည် ဖြစ်သည်။
ခ။ ဘုရားသခင်ပေးသနားတော်မူသော ငြိမ်သက်ခြင်းကိုလည်း ရရှိခံစားနိုင်မည် ဖြစ်သည်။
ဂ။ ဘုရားသခင်၏ အကြံအစည်ကို နားလည်သဘောပေါက် လာမည်ဖြစ်သည်။ (ဒံယေလ ၉)
ဃ။ ဘုရားသခင်၏ အလိုတော်ကို လက်ခံလာနိုင်မည် ဖြစ်သည်။ (မဿဲ ၂၆း ၃၉)

 

ရွှင်လန်ေးသာသူရှိလျှင်…
၁။ “ရွှင်လန်းသောသူ” သည် –

က။ စိတ်ဓာတ်ခိုင်ခံံံ့သောသူ၊
ခ။ ဝမ်းမြောက်သောသူ စသည်တို့ကို ဆိုလိုသည်။

၂။ ထိုသို့သောသူသည် –

က။ ဆာလံသီချင်းကို ဆိုရမည်။
ခ။ ချီးမွမ်းသီချင်းကို ဆိုရမည်။
ဂ။ ဘုရားသခင်ကို ချီးမွမ်းနေရမည်။

၃။ ချီးမွမ်းသီချင်းကို ဆိုနေရခြင်းဖြင့်၊ ရွှင်လန်းသောသူသည် ဘုရားသခင်ပြုသောအမှုတို့ကို ဝန်ခံသည်။ (ဆာလံ ၇၅း၁)

 

နာသောသူရှိလျှင်…
၁။ “နာသောသူ” (ဂရိ-astheneo) သည် –

က။ ခွန်အားနည်းသောသူ၊
ခ။ နာမကျန်းသောသူ စသည်တို့ဖြစ်သည်။

၂။ ဤကျမ်းပိုဒ်၏ ရှေ့နောက် ကွင်းဆက်အရ၊ “နာသောသူ” သည် ကြုံတွေ့ရသော ဒုက္ခဆင်းရဲ၊ ညှင်းပန်းနှိပ်စက်ခြင်းကြောင့် –

က။ ယုံကြည်ခြင်း အားနည်းသောသူ၊
ခ။ စိတ်ဓာတ်ကျသောသူ၊
ဂ။ ဒဏ်ရာရနေသောသူ စသည်တို့လည်း ဖြစ်နိုင်သည်။

၃။ ထို့ကြောင့် သင်းအုပ်တို့မှ –

က။ ဆုတောင်းပေးခြင်း၊
ခ။ အားပေးတိုက်တွန်းခြင်းနှင့်
ဂ။ (အနာကို) ဆီလူးပေးခြင်း စသည်တို့သည် “နာသောသူ” အတွက် လွန်စွာမှ အကျိုးရှိသည်။

၄။ အနာဒဏ်ရာမရှိသော်လည်း နာသောသူအပေါ်၌ ဆီလူး၍ ဆုတောင်းပေးခြင်းသည် သင်းအုပ်တို့က ဆောင်ရွက်ပေးနိုင်သော အရာဖြစ်သည်။ (မာကု ၆း၁၃၊ ဝတ်ပြု ၁၄း၁၈)