Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၅၀)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၅၀)

 

 

ရှောင်ရမည့် ကျိန်ဆိုခြင်း

ငါ့ညီအစ်ကိုတို့၊ ခပ်သိမ်းသောအမှုအရာတို့တွင် ကျိန်ဆိုခြင်းကို သာ၍ ရှောင်ကြလော့။ ကောင်းကင်ဘုံကိုတိုင်တည်၍ မကျိန်ကြနှင့်။ မြေကြီးကိုတိုင်တည်၍ မကျိန်ကြနှင့်။ ထိုမှတပါး၊ အဘယ်အကျိန်အားဖြင့်မျှ မကျိန်းကြနှင့်။ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့စကားမှာ၊ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ် ဖြစ်စေကြလော့။

(ယာကုပ် ၅း၁၁-၁၂)

 

ကျိန်ဆိုခြင်းကိုသာ၍ ရှောင်ကြလော့…

၁။ ကျိန်ဆိုခြင်းကို လုံး၀ ရှောင်ကြဉ်ကြရမည်။

က။ “ခပ်သိမ်းသောအမှုအရာတို့တွင်” ဆိုသည်မှာ –

– အခြားအခြားသော အရာများထက်၊
– အခြားအခြားသော ရှောင်ကြဉ်ရမည့် အရာများထက်ဟုလည်း ပြန်ဆိုနိုင်သည်။

ခ။ ကျိန်ဆိုခြင်းသည် ပထမဆုံး ရှောင်ကြဉ်ရမည့် အရာဖြစ်သည်။

၂။ ကျိန်ဆိုခြင်းဖြင့် –

က။ မလိုလားအပ်သော အမှားများ ကျူးလွန်နိုင်သည်။
(ဥပမာ၊ (ယေဖသ) တရား ၁၁း၃၀-၄၀)
ခ။ နှုတ်သည် ကိုယ်ကို အပြစ်ရောက်စေတတ်သည်။ (ဒေသနာ ၅း၆)

၃။ ကျိန်ဆိုခြင်းသည် သခင်ခရစ်တော်ကို ငြင်းပယ်သောအရာ ဖြစ်သည်။ (မဿဲ ၅း၃၂-၃၆)
၄။ ကျွန်ုပ်တို့သည် –

က။ ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်သင့်ပေ။
ခ။ မြေကြီးကိုတိုင်တည်၍လည်း မကျိန်သင့်ပေ။

၅။ ထို့ကြောင့် ကျွန်ုပ်တို့သည် –

က။ မည်သည့်နည်းနှင့်မျှ မကျိန်ဆိုသင့်ကြ။
ခ။ မည်သည့်အကြောင်းကြောင့်နှင့်လည်း မကျိန်ဆိုသင့်ကြ။
ဂ။ မည်သည့်ကျိန်ဆိုခြင်းမျိုးနှင့်မှလည်း မကျိန်ဆိုသင့်ကြ။

 

ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ် ဖြစ်စေကြလော့
၁။ စကားပြောခြင်းအရာ၌လည်း ကျွန်ုပ်တို့သည်

က။ အဟုတ်ကို ဟုတ်သည်ဟု၊
ခ။ မဟုတ်သည်ကို မဟုတ်ပါဟု၊
ဂ။ အပို အလို မရှိ ပြောဆိုရမည် ဖြစ်သည်။

၂။ အဘယ်ကြောင့် ဤသို့ အပိုအလိုမရှိဘဲ အတိအကျသာ စကားပြောဆိုရမည်နည်း။

က။ မှန်သောအရာကိုသာ ပြောရမည်။
ခ။ မှန်သည်ထက် ပိုနေခြင်း(သို့) လိုနေခြင်းသည် စာတန်မာရ်နတ်ထံမှ ဖြစ်သည်။ (မဿဲ ၅း၃၇)
ဂ။ တစ်နည်းအားဖြင့်ဆိုသော် စကားကို မှန်သည်ထက် ပို၍ (သို့) လို၍ ပြောဆိုခြင်းသည် မကောင်းသောအရာ ဖြစ်သည်။

၃။ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း စကားပြောဆိုရာ၌ အတိအကျ၊ ရိုးရိုးရှင်းရှင်းသာ ပြောကြရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည်

က။ မိမိတို့၏နှုတ်ကို စောင့်စည်းကြရမည်။ (ယာကုပ် ၁း၂၆)
ခ။ လွတ်ခြင်းတရား (ဧဝံဂေလိတရား)နှင့်အညီသာ စကားပြောဆိုကြရမည်။ (ယာကုပ် ၂း၁၂)