Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၄)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၄)

 

 

ပညာကို ပေးသနားတော်မူသော ဘုရားသခင်

သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလို လျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ၊ ခပ်သိမ်း သောသူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။

(ယာကုပ် ၁း၅)

 

သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်

၁။ ပညာ (ဂရိ-sophia) သည် –

က။ အသိဉာဏ်
ခ။ ပညာ စသည်တို့ဖြစ်သည်။

၂။ လို (ဂရိleipo) သည် –

က။ မရှိ၍ လိုအပ်နေခြင်း၊
ခ။ မမီသောကြောင့် နောက်ကျန်ရစ်ခြင်း၊ စသည်တို့ဖြစ်သည်။

၃။ ထို့ကြောင့်၊

က။ တစ်စုံတစ်ယောက်၌ ပညာမရှိလျှင် (သို့)
ခ။ တစ်စုံတစ်ယောက်သည် အသိဉာဏ်၌ နောက်ကျကျန်ရစ်လျှင် ဟု ပြန်ဆိုနိုင်သည်။

 

ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ…

၁။ ဘုရားသခင်သည် –

က။ အပြစ်ကို မရှာဘဲ၊
ခ။ စေတနာစိတ်နှင့် ပေးသနားတော်မူလျက် ရှိသည်။

၂။ စေတနာစိတ် (ဂရိ-့haplos) သည် –

က။ ကြင်နာစွာ၊
ခ။ ကြွယ်ဝစွာ စသည်တို့ဖြစ်သည်။

၃။ ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား –

က။ ကြင်နာစွာ နှင့်
ခ။ ကြွယ်ဝစွာ ပေးသနားတော်မူသည်။

၄။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်သည် ပညာကို သဘောထားကြီးစွာ ပေးသနားတော်မူသည်။

 

ဘုရားသခင်ကို တောင်းစေ

၁။ မည်သို့သော ဘုရားသခင်ဖြစ်သနည်း။

က။ ပြစ်တင်ကဲ့ရဲ့ခြင်းကို မပြုသော ဘုရားသခင်၊
ခ။ ကြင်နာစွာ၊ ကြွယ်ဝစွာ ပေးသနားသော ဘုရားသခင်၊
ဂ။ ခွဲခြားဆက်ဆံခြင်း မပြုသောဘုရားသခင် စသည်တို့ဖြစ်သည်။

၂။ အထူးသဖြင့် ပညာကို အမှန်တောင်းသောသူတိုင်းအား ပေးသနားတော်မူသော ဘုရားသခင်ဖြစ်သည်။
၃။ ထို့ကြောင့် –

က။ ပညာမရှိသောသူသည် ဘုရားသခင်အား တောင်းစေ။
ခ။ ပညာလိုသောသူသည် ဘုရားသခင်အား တောင်းစေ။
ဂ။ အသိပညာ၌ နောက်ကျကျန်ရစ်နေသောသူသည် ဘုရားသခင်အား တောင်းစေ။

 

ရလိမ့်မည်

၁။ ဘုရားသခင်သည် အမှန်ပေးသနားတော်မူလိမ့်မည်။
၂။ ပညာကို တောင်းသောသူသည် အမှန်ရလိမ့်မည်။
၃။ ဘုရားသခင်ထံတော်၌ ပညာကို တောင်းသောသူတိုင်း လက်တွေ့ရရှိကြမည်မှာ ဧကန်မုချပင်ဖြစ်သည်။

က။ လျှင် (ဂရိ-ei ) သည် တိကျသေချာသောအမှုကို ဖော်ပြသည်။
ခ။ ပညာကို အမှန်တောင်းသောအခါ၊ အမှန်ရရှိမည်ကို ဖော်ပြသည်။