Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၁)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၁)

 

ကောင်းသောသူသည် ကောင်းသောအကျင့်ကို ကျင့်ကြံ၏

စမ်းရေပေါက်တပေါက်တည်းအထဲက ချိုးသောရေနှင့်ခါးသောရေ ထွက်တတ်သလော။ ငါ့ညီအစ်ကိုတို့၊ သင်္ဘောသဖန်းပင်သည် သံလွင်သီးကိုသီးနိုင်သလော။ စပျစ်ပင်သည် သင်္ဘောသဖန်းသီးကို သီးနိုင်သလော။ ထိုအတူ၊ ငန်သောရေသည် ချိုသောရေကို မဖြစ်စေနိုင်။

(ယာကုပ် ၃:၁၁-၁၂)

 

စမ်းရေပေါက်တပေါက်တည်းအထဲက…

၁။ စမ်းရေပေါက်တစ်ပေါက်တည်းမှ ချိုသောရေနှင့် ခါးသောရေ နှစ်မျိုးစလုံး ထွက်သည် မရှိ။ ဤသည်ကား

က။ ဥပမာ စကားဖြစ်သည်။
ခ။ စမ်းရေပေါက် သာဓက ဖြစ်သည်။

၂။ တစ်ခုတည်းသော လျှာမှ ချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်း နှစ်မျိုးစလုံး ပြောထွက်နေခြင်းသည် မဖြစ်သင့်ကြောင့် သဘာဝတရားနှင့်ပင် မညီကြောင်း ခိုင်းနှိုင်းဖော်ပြထားခြင်း ဖြစ်သည်။
၃။ ထို့ကြောင့် လျှာကိုချုပ်တည်း၍ ကောင်းမွန်သောအမှုအရာတို့အတွက်သာ အသုံးပြုရမည်ကို စမ်းရေပေါက်သာဓကဖြင့် ယာကုပ်ကဖော်ပြလိုက်ခြင်းဖြစ်သည်။

 

သင်္ဘောသဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော

၁။ ယာကုပ်ချစ်သော ညီအစ်ကိုတို့သည် သင်္ဘောသဖန်းပင် သာဓကကိုလည်း ထပ်၍ ဆင်ခြင်ရမည်။
၂။ သင်္ဘောသဖန်းပင်သည် –

က။ သံလွင်သီးကို မသီးနိုင်။
ခ။ သင်္ဘောသဖန်းသီးသာ သီးနိုင်သည်။

၃။ ထိုနည်းတူ ဖြောင့်မတ်သောသူ၏ နှုတ်လျှာမှ

က။ မကောင်းမှုများ ပြောထွက်နေခြင်း မရှိသင့်ချေ။
ခ။ ကောင်းသောအရာများသာ ပြောထွက်နေရမည်။

 

စပျစ်ပင်သည် သဘောင်္သဖန်းသီးကို သီးနိုင်သလော

၁။ သင်္ဘောသဖန်းပင် သာဓကနှင့်အတူ၊ စပျစ်ပင် သာဓကကိုလည်း ဆင်ခြင်ရမည်။
၂။ စပျစ်ပင်သည် –

က။ သင်္ဘောသဖန်းသီးကို မသီးနိုင်။
ခ။ စပျစ်သီးကိုသာ သီးနိုင်သည်။

၃။ ထိုနည်းတူ ကောင်းသောသူ၏ နှုတ်လျှာမှ –

က။ မကောင်းသောအရာများ ထွက်မလာနိုင်။
ခ။ ကောင်းသောအရာများသာ ထွက်လာနိုင်သည်။

 

ထိုနည်းတူ၊ ငန်သောအရသည်…

၁။ ထိုနည်းတူ” သည် –

က။ စမ်းရေပေါက် သာဓက၊
ခ။ သင်္ဘောသဖန်းပင် သာဓကနှင့်
ဂ။ စပျစ်ပင်သာဓကတို့၏ ပင်ကိုသဘာဝကို ဆိုလိုသည်။

၂။ ၎င်းတို့၏ နိယာမအတိုင်း ဟုဆိုလိုသည်။

က။ စမ်းရေပေါက်တစ်ပေါက်မှ ချိုသောရေ (သို့မဟုတ်) ခါးသောရေတစ်မျိုးတည်းသာ ထွက်နိုင်သည်။
ခ။ သင်္ဘောသဖန်းပင်မှ သဘောင်္သဖန်းသီး တစ်မျိုးတည်းသာသီးနိုင်သည်။
ဂ။ စပျစ်ပင်မှ စပျစ်သီး တစ်မျိုးတည်းသာ သီးနိုင်သည်။

၃။ ထိုနည်းတူ ငန်သောရေသည် ချိုသောရေကို မဖြစ်စေနိုင်။ ချိုသောရေသည်လည်း ငန်သောရေကို မဖြစ်စေနိုင်။
၄။ ထို့ကြောင့် ကောင်းသောသူ၏ နှုတ်လျှာမှ ကောင်းသောအရာများ ထွက်ဆိုမည်။ မကောင်းသောသူ၏ နှုတ်လျှာမှ မကောင်းသောအရာများ ထွက်ဆိုမည် ဖြစ်သည်။
၅။ သခင်ခရစ်တော်ကိုယ်တိုင်ကလည်း အောက်ပါအတိုင်း သွန်သင်သည်။

ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။ ဆူးပင်၌ စပျစ်သီးကိုဆွတ်တတ်သလော။ ဆူးလေပင်၌ သဘောင်္သဖန်းသီးကို ဆွတ်တတ်သလော။ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည်
မကောင်းသောအသီးကို သီးတတ်၏။ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည်
ကောင်းသောအသီးကို မသီးနိုင်။ (မဿဲ ရး၁၆-၁၈)