Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၀)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၀)

 

လျှာ၏ နေရာမှန်

ငါတို့သည် လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်
တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်ကြ၏။ နှုတ်တပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား။

ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။

(ယာကုပ် ၃:၉-၁၀)

 

ငါတို့သည် လျှာဖြင့်…

၁။ ကျွန်ုပ်တို့သည် မိမိတို့၏ လျှာဖြင့် များစွာသော အရာတို့ကို ဆောင်ရွက်ကြသည်။
၂။ အထူးသဖြင့်၊ အကျွန်ုပ်တို့ လျှာ ဖြင့်

က။ ခမည်းတော်ဘုရားသခင်ကို ကောင်းချီးပေးသည်။
ခ။ ဘုရားသခင်ဖန်ဆင်းတော်မူသော လူတို့ကိုလည်း ကျိန်ဆဲကြသည်။

၃။ ကျွန်ုပ်တို့သည် မိမိတို့လျှာဖြင့် ကောင်းချီးပေးခြင်းနှင့်ကျိန်ဆဲခြင်းကို –

က။ ဆောင်ရွက်နိုင်သည်။
ခ။ ဆောင်ရွက်တတ်ကြသည်။
ဂ။ ဆောင်ရွက်လျက်ရှိကြသည်။

၄။ ဤသည်ကား လုံး၀ စွန့်ပယ်ရမည့် လမ်းစဉ် ဖြစ်သည်။

 

ခမည်းတော်ဘုရားသခင်ကို ကောင်းချီးပေးခြင်း

၁။ အကျွန်ုပ်တို့သည် ဘုရားသခင်ကို ကောင်းချီးပေးနိုင်သည် မဟုတ်။
၂။ ဘုရားသခင်သည် လူတို့ထံမှ မည်သည့်ကောင်းချီးမင်္ဂလာမျှ လက်မခံ။ လိုအပ်သည် ဟူ၍လည်း မရှိ။
၃။ ဘုရားသခင်ကို အဘယ်သို့ ကောင်းချီးပေးနိုင်မည်နည်း။

က။ ကောင်းချီးပေး (ဂရိ- eulogeo) သည် –

– ချီးမွမ်းသည်၊
– ကောင်းမွန်ကြောင်း ချီးကျူးသည်၊
– ကောင်းချီးပေးသည်၊ စသည်တို့ဖြစ်သည်။

ခ။ အကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းမြတ်ကြောင်းကို သက်သေခံနိုင်သည်။
ဂ။ အကျွန်ုပ်တို့သည် ခမည်းတော်ဘုရားသခင်ကို ထောမနာပြုနိုင်သည်။
ဃ။ အကျွန်ုပ်တို့သည် ခမည်းတော်ဘုရားသခင်ကို ချီးကျူးနိုင်သည်။

 

လူတို့ကို ကျိန်ဆဲခြင်း

၁။ လူသည် ဘုရားသခင်၏ ပုံဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံထားသည်။ (ကမ္ဘာ ၁:၂၆)

က။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်သည် လူ၏ပင်ကိုတန်ဖိုး ဖြစ်သည်။
ခ။ အရောင်အဆင်း၊ ယုံကြည်ခံယူချက် မခွဲခြားဘဲ လူတိုင်းကို တန်းတူဆက်ဆံရမည်။

၂။ ကျိန်ဆဲ (ဂရိ-kataraomai) သည် –

က။ ရွံရှာမှုကို ဖော်ထုတ်သည်၊
ခ။ ရွံရှာသည်၊
ဂ။ ကျိန်ဆဲသည် စသည်တို့ဖြစ်သည်။

၃။အခြားတစ်ဦးဦးကို ရွံရှာကြောင်းထွက်ဆိုခြင်းသည် ကျိန်ဆဲခြင်းဖြစ်သည်။
၄။ အကျွန်ုပ်တို့သည် မိမိတို့နှင့်စပ်ဆိုင်သောသူ(တိုင်း)ကို ကိုယ်နှင့်အမျှ ချစ်ကြရမည် ဖြစ်သည်။ (မဿဲ ၂၂:၃၉)

က။ သူတစ်ပါးအား ရွံရှာနေခြင်းသည် ကိုယ်နှင့်အမျှ ချစ်နေခြင်းမဟုတ်။
ခ။ သူတစ်ပါအား အမင်္ဂလာရှိစေလိုခြင်းသည် ကိုယ်နှင့်အမျှ ချစ်နေခြင်းမဟုတ်။
ဂ။ သူတစ်ပါးအား ကျိန်ဆဲခြင်းသည် သခင်ခရစ်တော်၏ သွန်သင်ချက်နှင့် လုံးဝဆန့်ကျင်နေသည်။

 

နှုတ်တပါးတည်းအထဲက…

၁။ နှုတ်လျှာပါးစပ်ကနေ –

က။ ထောမနာချီးမွမ်းခြင်းနှင့်၊
ခ။ ကျိန်ဆဲခြင်း ထွက်နေသည်။

၂။ ဤသို့ မဖြစ်ကောင်းပေ။
၃။ ဤအချက်သည် လုံး၀ မဖြစ်သင့်သော အရာဖြစ်သည်။
၄။ ယာကုပ်သည် သူချစ်သော ညီအစ်ကိုတို့ကို သတိပေး တိုက်တွန်းလိုက်သည်မှာ-

က။ လျှာကို ထိန်းချုပ်ကြရန်၊
ခ။ လျှာဖြင့် ဘုရားသခင်ကို ချီးမွမ်းပြီး၊ အခြားသောသူတို့ကို မကျိန်ဆဲကြရန်၊
ဂ။ အထူးသဖြင့် မိမိတို့ လျှာဖြင့် ကောင်းသော၊ သန့်ရှင်းသောနှစ်သက်ဖွယ်သော၊ အရာတို့ကိုသာ ထွက်ဆိုကြရန် စသည်တို့ဖြစ်သည်။

၅။ ယုံကြည်ခြင်းရတနာကို ရှာယူရာ၌ လျှာကိုမှန်ကန်စွာ အသုံးပြုခြင်းသည်လည်း အရေးပါသော အချက်ဖြစ်သည်။