Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၉)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၉)

 

လျှာကို ထိန်းချုပ်ခြင်း (၂)

သားရဲမျိုး၊ ငှက်မျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ ငါမျိုးတို့ကို လူမျိုးသည် အောင်တတ်သည်အတိုင်း၊ အောင်ခဲ့ပြီ။- လျှာကိုကား၊ အဘယ်သူမျှ မအောင်နိုင်၊ မဆုံးမနိုင်သော အဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော အဆိပ်အတောက်နှင့် ပြည့်စုံ၏။

(ယာကုပ် ၃း၇-၈)

 

လူက အောင် (ထိန်းချုပ်နိုင်) သော အရာများ

၁။ အောင် (ဂရိ– damazo) သည် –

က။ ယဉ်ပါးစေသည်၊
ခ။ ချိုးနှိမ်ထားသည်၊
ဂ။ နာခံစေသည်၊
ဃ။ လက်အောက်ခံစေသည် စသည်တို့ဖြစ်သည်။

၂။ လူသည် အောက်ဖော်ပြထားသော အရာတို့ကို မိမိ၏ အုပ်ချုပ်မှုအောက်၌ ထားရှိနိုင်ကြသည်။

က။ သားရဲမျိုး၊
ခ။ ငှက်မျိုး၊
ဂ။ တွားတတ်သောတိရစ်္ဆာန်မျိုး၊
ဃ။ ငါးမျိုး စသည်တို့ဖြစ်ကြသည်။

၃။ ဘုရားသခင်သည် လူတို့အား အထက်ဖော်ပြထားသော တိရစ္ဆာန်အမျိုးမျိုးတို့ကို ထိန်းကျောင်းအုပ်ချုပ်နိုင်သော အခွင့်ပေးသည်။ (ကမ္ဘာ ၁း၂၆)

ထို့ကြောင့် –

က။ လူသည် ထိုတိရစ္ဆာန်တို့ကို အောင်နိုင်သောအစွမ်း ရှိသည်။
ခ။ လူသည် ထိုတိရစ္ဆာန်တို့ကို ဧကန်အမှန်အောင်ခဲ့ပြီးဖြစ်သည်။

 

လူက မအောင် (မထိန်းချုပ်နိုင်)သေးသော လျှာ

၁။ လူသည် လျှာကို မအောင်နိုင်သေး ပါ။
၂။ ဆိုလိုသည်မှာ –

က။ လျှာကို အဘယ်သူမျှ မထိန်းချုပ်နိုင်။
ခ။ လျှာကို အဘယ်သူမျှ ယဉ်ကျေးအောင် မလုပ်နိုင်။
ဂ။ လျှာကို အဘယ်သူမျှ ဆုံးခြင်းမပြုနိုင်။

၃။ လူသည် တိရစ္ဆာန်ကို ယဉ်းပါးအောင် ထိန်းကျောင်းနိုင်သော်လည်း၊ မိမိ၏ လျှာကိုမူ ယဉ်ပါးအောင် ထိန်းချုပ်နိုင်စွမ်း မရှိသေးချေ။
၄။ လျှာ သည်

က။ မအောင်နိုင်သေးသော၊
ခ။ အဆုံးအမ မရသေးသော၊
ဂ။ သေစေတတ်သည့် အဆိပ်အတောက်နှင့်ပြည့်သော၊ သေးငယ်သောအင်္ဂါ ဖြစ်သည်။

၅။ ယုံကြည်သူမှန်လျှင် မိမိ၏လျှာကို လုံး၀ ထိန်းချုပ်နိုင်ရမည်။
သို့မှသာ ယုံကြည်ခြင်းရတနာ၌ တိုးပွားနိုင်မည် ဖြစ်သည်။