Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၈)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၈)

 

လျှာကို ထိန်းချုပ်ခြင်း (၁)

ထိုနည်းတူ၊ လျှာသည် ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာ
သောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကို ကြည့်ပါလော့။ လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လော
ကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည် ငါတို့၏အင်္ဂါတို့တွင် တည်၍ တကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစိတ်ကိုလည်းရှိတတ်၏။ မိမိသည်လည်း ငရဲမီးရှိ့ခြင်းကို ခံလျက်ရှိ၏။

(ယာကုပ် ၃း၅-၆)

 

ထိုနည်းတူ၊ လျှာသည် ငယ်သောအင်္ဂါဖြစ်သော်လည်း…

၁။ “ထိုနည်းတူ”သည် အထက်က ဖော်ပြပြီးသော သာဓကများကို ရည်ညွှန်းသည်။
၂။ လျှာသည် အထက်က ဖော်ပြသော သာဓကများကဲ့သို့ ဖြစ်သည်။

က။ လျှာသည် ငယ်သောအင်္ဂါဖြစ်သည်။
ခ။ သို့သော် လျှာသည် တကိုယ်လုံးကို ညစ်ညူးစေနိုင်သည်။

၃။ အကြောင်းရင်းမှာ –

က။ လျှာသည် အလွန်ဝါကြွားတတ်သည်။
ခ။ တစ်နည်းဆိုသော် လျှာသည် အလွန်မှောက်မှားတတ်သည်။
ဂ။ စိတ်ကြီးဝင်မာန်မာနသည် ကျဆုံးခြင်း၏ အစဖြစ်သည်။(သုတ္တံ ၁၆း၁၈)

 

လျှာသည် မီးဖြစ်၏

၁။ များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်။
၂။ လျှာသည် သေးငယ်သော်လည်း မီးကဲ့သို့ များစွာသောအရာတို့ကိုဖျက်ဆီးနိုင်သည်။

က။ ငြင်းဖွယ်မရှိ။
ခ။ အမှန်တရားပင် ဖြစ်သည်။
ဂ။ ရာနှုန်းပြည့် လက်တွေ့ဆန်သည်။

 

ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏

၁။ လျှာသည် မီးဖြစ်သည်။ မီးသည် များစွာသော ထင်းကို ဖျက်ဆီးသကဲ့သို့ လျှာသည် တစ်ကိုယ်လုံးကို ဖျက်ဆီးနိုင်သည်။

ထို့ကြောင့် မီးနှင့် ခိုင်းနှိုင်းတင်စားရခြင်း ဖြစ်သည်။

၂။ လျှာသည် ဒုစရိုက်၏လောကဓာတ်လည်း ဖြစ်သည်။ ဆိုလိုသည်မှာ

က။ လျှာသည် ဒုစရိုက်ပြုရာ လောကကမ္ဘာ ဖြစ်သည်။
ခ။ လျှာသည် မကောင်းမှုတို့၏ နယ်ပယ် ဖြစ်သည်။
ဂ။ လျှာသည် အပြစ်ဒုစရိုက်တို့၏ ကျင်လည်ရာ ဖြစ်သည်။

၃။ လျှာသည် ဒုစရိုက်အပြစ်များ စတင်ဖြစ်ပွားရာ ဖြစ်သည်။

 

ထိုသို့နှင့်အညီ…

၁။ လျှာသည် –

က။ တစ်ကိုယ်လုံးကို ညစ်ညူးစေတတ်သည်။
ခ။ ဇာတိစိတ် (ဇာတိပကတိလမ်းကြောင်း) ကိုလည်း မီးညှိတတ်သည်။
ဂ။ ငရဲမီး၌ လောင်ကျွမ်းခြင်းသို့ ရောက်တတ်သည်။

၂။ “စကားကျွန် နှုတ်မရ” ဆိုသည့်အလား၊ မိမိပြောထွက် လိုက်သောစကားတစ်ခွန်းကြောင့် မိမိကိုယ်တိုင် ဒုက္ခရောက်နိုင်သည်မှာ အငြင်းပွားစရာမရှိပေ။
၃။ လျှာကို ထိန်းချုပ်နိုင်ခြင်းသည် –

က။ တစ်ကိုယ်လုံးကို ထိန်းချုပ်ခြင်း ဖြစ်သည်။
ခ။ မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်စွာ နေထိုင်ခြင်းဖြစ်သည်။
ဂ။ ကိုယ့်ကိုယ်ကိုယ် မပျက်စီးစေခြင်းလည်း ဖြစ်သည်။