Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၇)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၇)

 

ထိန်းချုပ်ခြင်းသည် အဓိက

မြင်းကိုနိုင်ခြင်းငှါ ပစပ်ကိုဇက်ခွံ့တတ်၏။ သို့ဖြစ်၍၊ မြင်းကိုယ်တကိုယ်လုံးကို လှည့်စေတတ်၏။ ထိုမှတပါး၊ အလွန်ကြီးသောသင်္ဘောသည် ပြင်းစွာသောလေဟုန်နှင့်လွင့်သွားသော်လည်း၊ တက်မကိုင်အလိုရှိသည်အတိုင်း၊ ငယ်သောတက်မဖြင့် လှည့်တတ်၏။

(ယာကုပ် ၃း၃-၄)

 

မြင်းနှင့် သင်္ဘောကြီး သာဓကများ

၁။ မြင်းကို မြင်းဇက်ကြိုးဖြင့် ထိန်းချုပ်မောင်းနှင်နိုင်သည်။
၂။ မြင်းကို မြင်းဇက်ကြိုးဖြင့် ထိန်းချုပ်သည်နည်းတူ၊ အလွန်ကြီးသောသဘောင်္ကို သေးငယ်သော တက်မဖြင့် ထိန်းချုပ်မောင်းနှင်ရသည်။

က။ မျက်မြင်ကိုယ်တွေ့ဖြစ်ရပ်များ ဖြစ်သည်။
ခ။ လက်တွေ့သဘောတရားနှင့်အညီ ဖြစ်သည်။
ဂ။ လူတိုင်းအတွက် အငြင်းပွားဖွယ်မရှိသော အချက်ဖြစ်သည်။

 

သာဓကများ၏ ရည်ရွယ်ချက်

၁။ ကိုယ်တကိုယ်လုံးကိုလည်း ထိန်းချုပ်နိုင်ရမည်။

က။ စကားအားဖြင့် မမှားမိအောင် နေထိုင်ရမည်။
ခ။ စကား၌ အမှားမရှိအောင် မိမိကိုယ်ကို ထိန်းသိမ်းရမည်။(ယာကုပ် ၃း၁-၂)

၂။ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်းသည် လွန်စွာမှ အရေးကြီးသော အရည်အချင်းဖြစ်သည်။
၃။ စကားအားဖြင့် မမှားသောသူသည် စုံလင်သောသူဖြစ်သည်။ (ယာကုပ် ၃း၁-၂)

၄။ ဤသာဓကတို့၏ ပိုမိုတိကျသော ရည်ရွယ်ချက်ကို ယာကုပ် ၃း၅-၆ ၌ ဖော်ပြထားသည်။

 

ထိုသို့ စကားအရာ၌ မမှားစေရန် မိမိကိုယ်ကို မည်သို့ စောင့်ရှောက်ရမည်နည်း။

၁။ မိမိတို့လျှာကို စောင့်ရှောက်ကြရမည်။
၂။ ဤအကြောင်းကို ပို၍စုံလင်စွာ ယာကုပ် ၃း၅-၆ တို့၌ ဖော်ပြထားသည်။
သေးငယ်သော လျှာကို ထိန်းချုပ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ကြပါစေ။ ယုံကြည်ခြင်းရတနာ ရတတ်စေခြင်းငှာ မိမိတို့၏ လျှာကို ထိန်းချုပ်ကြပါစို့။