Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၅)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၅)

 

ယာကုပ်၏ ဓမ္မအဆို

ထိုနည်းတူ၊ ပြည်တန်ဆာရာခပ်သည်၊ တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်၍၊ အကျင့်အား
ဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော့။ ဝိညာဉ်နှင့် ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့် ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏။

(ယာကုပ် ၂း၂၅-၂၆)

 

ထိုနည်းတူ…
၁။ အာဗြဟံ၏ ပုံသက်သေကို ရည်ညွှန်းသော အချက်ဖြစ်သည်။(ယာကုပ် ၂း၂၂-၂၄)

က။ ဘုရားသခင်သည် အာဗြဟံ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်ပေးတော်မူသည်။
ခ။ အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်။
ဂ။ အကြောင်းမှာ- အာဗြဟံသည်

– မိမိ၏ယုံကြည်ခြင်းကို အကျင့်အားဖြင့် ဖော်ပြသည်။
– အကျင့်အားဖြင့် မိမိ၏ယုံကြည်ခြင်းကို ပြည့်စုံရင့်ကျက်စေသည်။

၂။ ယုံကြည်ခြင်းနှင့် အကျင့်တို့သည် ငွေအကြွေစေ့၏ ခေါင်းနှင့်ပန်း ကဲ့သို့ဖြစ်ကြသည်။
၃။ ထိုနည်းတူ ပြည်တန်ဆာရာခပ်သည်လည်း အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်။

 

ရာခပ်၏အကျင့် (ဝါ) ယုံကြည်သက်ဝင်မှု

၁။ တမန်တို့ကို လက်ခံခဲ့သည်။
၂။ တမန်တို့ကို အခြားသောလမ်းမှ ထွက်သွားစေခဲ့သည်။
၃။ တမန်တို့ လွတ်နိုင်အောင် မစခဲ့သည်။
၄။ အကြောင်းရင်းမှာ-

က။ ရာခပ်သည် ဘုရားသခင်ကို ယုံကြည်သည်။ (ယောရှေ ၂း၉-၁၁)
ခ။ အထက်က (၁-၂-၃) တို့ကို ယုံကြည်ခြင်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ (ဟေဗြဲ ၁၁း၃၁)

၅။ ရာခပ်၏အကျင့်သည် သူမ ယုံကြည်ခြင်း၏ အခြားတစ်ဖက် ဖြစ်သည်။
၆။ ရာခပ်သည် ယုံကြည်ခြင်းအကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်ဟု ဆိုရပေမည်။

 

ဝိညာဉ်နှင့်ကင်းသောကိုယ်သည်…

၁။ ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်သည်။

က။ သဘာဝကျသော နိယာမ ဖြစ်သည်။
ခ။ ယုတ္တိတန်သော နိယာမ ဖြစ်သည်။
ဂ။ ယာကုပ်၏ “ဓမ္မအဆို” (Theological A_iom) ဖြစ်သည်။

၂။ အကျင့်နှင့် ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်သကဲ့သို့ ယုံကြည်ခြင်းနှင့် ကင်းသောအကျင့်သည် အယောင်ဆောင်ခြင်း သက်သက်သာဖြစ်သည်။
၃။ ယုံကြည်ခြင်းနှင့်ကင်းသော အကျင့်(သီလ) နှင့် အကျင့်နှင့်ကင်းသောယုံကြည်ခြင်း နှစ်မျိုးစလုံးတို့ကို လုံး၀ (လုံးဝ) ရှောင်ကြဉ်ရမည်ဖြစ်သည်။