Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၃)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၃)

 

စစ်မှန်သော ယုံကြည်ခြင်း

ဘုရားသခင်တဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။ လျှပ်ပေါ်သောလူ၊ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သ
လော။- ငါတို့အဘအာဗြဟံသည်၊ မိမိသားက္ကဇာက်ကို ယဇ်ပလ္လင်ပေါ်မှာတင်လှူပူဇော်သေအခါ၊ အကျင့်
အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည် မဟုတ်လော့။

(ယာကုပ် ၂း၁၉-၂၁)

 

မမှန်သော ယုံကြည်ခြင်း

၁။ နတ်ဆိုးတို့၏ ယုံကြည်ခြင်းသည် မမှန်သော ယုံကြည်ခြင်းဖြစ်သည်။
၂။ နတ်ဆိုးတို့သည် –

က။ ဘုရားသခင် တည်ရှိကြောင်း ယုံကြည်ကြသည်။
ခ။ ဘုရားသခင်သည် တစ်ဆူတည်းဖြစ်သည်ကိုလည်း ယုံကြည်ကြသည်။
ဂ။ သို့သော် ဘုရားသခင်၏ အလိုတော်အတိုင်း ကျင့်ကြံအားထုတ်ခြင်းမရှိကြပါ။
ဃ။ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့တုန်လှုပ်နေကြရသည်။

၃။ ကြောက်ရွံ့တုန်လှုပ် (ဂရိ-phrisso) သည် –

က။ (အပြစ်ကျူးလွန်သောကြောင့်) စိုးရိမ်တုန်လှုပ်သည်၊
ခ။ (ချစ်ခင်လေးစားခြင်း မရှိဘဲ)ကြောက်ရွံ့သည် စသည်တို့ဖြစ်သည်။

၄။ နတ်ဆိုးတို့သည် ဘုရားသခင်နှင့်ဆန့်ကျင့်ဘက်ဖြစ်နေကြသည်ကို သိကြလျက် ကြောက်ရွံ့တုန်လှုပ်နေကြသည်။
၅။ စိတ်အတွင်း၌ အမှန်လက်ခံယုံကြည်သော်လည်း၊ အကျင့်အားဖြင့် ဖော်ပြခြင်း မရှိသော ယုံကြည်ခြင်းသည် နတ်ဆိုးတို့၏ ယုံကြည်ခြင်းမျှသာဖြစ်သည်။

 

စစ်မှန်သော ယုံကြည်ခြင်း

၁။ အဘအာဗြဟံ၏ ယုံကြည်ခြင်းသည် စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်။
၂။ အဘအာဗြဟံသည် –

က။ ဘုရားသခင်တည်ရှိကြောင်းကို ယုံကြည်သည်။
ခ။ ဘုရားသခင်သည် တစ်ဆူတည်း ဖြစ်သည်ကိုလည်း ယုံကြည်သည်။
ဂ။ သို့ဖြစ်၍၊ ဘုရားသခင် စေခိုင်းသည့်အတိုင်း မိမိ၏သား ဣဇာက်ကိုတင်လှူပူဇော်သည်။
ဃ။ ထို့ကြောင့်၊ ဘုရားသခင်သည် သူ့ကို ဖြောင့်မတ်ရာ၌ တည်စေတော်မူသည်။ ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈၌ အောက်ပါအတိုင်း ဖော်ပြထားသည်။

သင်သည် ဤ အမှုကိုပြု၍ သင်၏သား၊ သင်၌တစ်ယောက်သောသားကို၊ ငါ့အား မငြင်းသောကြောင့်၊ ငါသည် သင့်အား အစဉ်အမြဲကောင်းချီးပေးမည်။ သင်၏မျိုးနွယ်သည် ရန်သူတို့၏ မြို့တံခါးများကို အစိုးရလိမ့်မည်။ သင်၏မျိုးနွယ်အားဖြင့် လူမျိုးအပေါင်းတို့ သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏စကားကို သင်နားထောင်သောကြောင့်၊ ငါသည် မိမိကိုယ်ကိုတိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏။

၃။ အာဗြဟံသည် ဘုရားသခင်ထာဝရဘုရားကို ယုံကြည်သည့်အတိုင်းကျင့်ကြံအားထုတ်သည်။
၅။ အာဗြဟံသည် ဘုရားသခင်၏စကားကို နားထောင်၍ အကောင်အထည်ဖော်သောသူဖြစ်သည်။

 

အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်း

၁။ ဤ “အကျင့်” သည် –

က။ “ယုံကြည်သည့်အတိုင်း လက်တွေ့ဆောင်ရွက်ခြင်း” ကို ဆိုလိုသည်။

ခ။ “ဘုရားသခင်၏ စကားကို နားထောင်၍ လိုက်လျှောက်ခြင်း” ကိုဆိုလိုသည်။
ဂ။ နတ်ဆိုးတို့၏ ယုံကြည်ခြင်းမျိုးမဟုတ်ဘဲ၊ “အာဗြဟံ၏ယုံကြည်ခြင်း”မျိုးကို ဆိုလိုသည်။
ဃ။ “ယုံကြည်ခြင်းအကျင့်” ဟုဆိုရပေမည်။

၂။ ထိုသို့သော (ယုံကြည်ခြင်းမှ ပေါက်ဖွားလာသော) အကျင့်သည် ယုံကြည်ခြင်းတရားနှင့် တညီတည်းဖြစ်သည်။ (ရောမ ၃:၂၇)
၃။ ဘုရားသခင်သည် –

က။ သူ၏ ခေါ်သွင်းတော်မူခြင်းအမှု၌ ယုံကြည်ခြင်းဖြင့် တုံ့ပြန်သောသူတို့ကိုသာ ရွေးချယ်တော်မူသည်။ (မဿဲ ၂၂:၁၄)
ခ။ သူရွေးချယ်တော်မူသောသူတို့ကို ဖြောင့်မတ်စေတော်မူသည်။(ရောမ ၈:၃၀)

၄။ အာဗြဟံကဲ့သို့ ယုံကြည်၍ ကျင့်သောသူတို့သည် ဖြောင့်မတ်ရာသို့ရောက်ကြမည် ဖြစ်သည်။