Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၀)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၀)

 

ကရုဏာရှိသောသူ

လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကိုခံရလတံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြလော့။ ကရုဏာမရှိသောသူသည် ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်
ခြင်းကို အောင်၍ဝါကြွားတတ်၏။

(ယာကုပ် ၂:၁၂-၁၃)

 

လွှတ်ခြင်းတရား

၁။ လွှတ်ခြင်းတရား (ဂရိ-nomou eleutherias) ဆိုသည်မှာ –

က။ ကျွန်ဘဝမှ လွတ်မြောက်ခြင်းတရား၊
ခ။ ပညတ်တော်၏အောက်၌ ကျွန်ခံရခြင်းမှ လွတ်မြောက်ခြင်းတရားကိုဆိုလိုသည်။ (ယှဉ်ဖတ်- ဂလာတိ ၅:၁-၂)

၂။ သခင်ခရစ်တော်သည် အကျွန်ုပ်တို့ကိုယ်စား လက်ဝါးကပ်တိုင်၌ အသေခံခြင်းဖြင့် –

က။ အပြစ်၏အဖိုးအခကို အကုန်အစင် ဆပ်ပေးသည်။
ခ။ ဘုရားသခင်၏ ပညတ်ချက်များကို တစ်ခုမကျန်စောင့်ရှောက်ပေးသည်။

၃။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်ကိုးစားခြင်းဖြင့်

က။ အပြစ်တရား၏အုပ်စိုးခြင်းမှ လွှတ်မြောက်ကြသည်။
ခ။ ပညတ်တရား၏ စိုးမိုးခြင်းမှ လွတ်မြောက်ကြသည်။

 

လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကိုခံရလတံ့သောသူကဲ့သို့…

၁။ကျွန်ုပ်တို့သည် ခရစ်တော်၌ တည်သော လွှတ်ခြင်းတရားအတိုင်း

က။ တရားစီရင်ခြင်းကို ခံရမည့်သူဖြစ်ကြသည်။
ခ။ အနာဂတ်၌ တရားစီရင်ခြင်းကို ခံရကြလိမ့်မည်။
ဂ။ ဘုရားသခင်ကိုယ်တိုင် တရားစီရင်မည် ဖြစ်သည်။

၂။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုလွှတ်ခြင်းတရားနှင့်အညီ

က။ စကားပြောကြရမည်။
ခ။ (အမှုကိစ္စအ၀၀ကို) ဆောင်ရွက်ကြရမည်။

 

ကရုဏာမရှိသောသူသည်…

၁။ ကရုဏာ (သနားကြင်နာခြင်း) ရှိခြင်း၊ မရှိခြင်းသည် –

က။ သူတစ်ပါးနှင့် ဆက်ဆံရာ၌လည်းကောင်း၊
ခ။ ပြုသောအမှုတို့၌ လည်းကောင်း၊
ဂ။ ပြောထွက်သောစကား၌လည်းကောင်း ထင်ရှားသည်။

၂။ ကရုဏာမရှိသောသူသည် –

က။ ကရုဏာကို ခံရမည် မဟုတ်။ (ဆာလံ ၁၈:၂၅-၂၆)
ခ။ ကရုဏာမပါဘဲ တရားစီရင်ခြင်း ခံရမည်။

 

ကရုဏာသည် တရားစီရင်ခြင်းကို…

၁။ ဘုရားသခင်သည် အမျက်ဒေါသဖြင့် အပြစ်သားတို့ကို အဆုံးမစီရင်။
၂။ ဘုရားသခင်သည် မေတ္တာကရုဏာဖြင့် အကျွန်ုပ်တို့ကို ဆက်ဆံတော်မူသည်။ (ဟောရှေ ၁၁:၈-၉)
၃။ ထို့ကြောင့် ကရုဏာသည် တရားစီရင်ခြင်းကို အောင်၍ဝါကြွားတတ်သည်။

က။ အောင်၍ဝါကြွား (ဂရိ-katatauchaomai) သည် ဆန့်ကျင့် (kata) ၍ –

– ဝမ်းမြှောက်သည်၊
– ဝါကြွားသည်၊
– ဘုန်းကျက်သရေပွင့်သည် စသည်တို့ဖြစ်သည်။

ခ။ ကရုဏာသည် တရားစီရင်ခြင်းကို အောင်၍ –

– ဝမ်းမြောက်သည်။
– ဘုန်းကျက်သရေးပွင့်သည်။

၄။ ထို့ကြောင့် ကရုဏာရှိသောသူသည် တရားစီရင်ခြင်း၌ အောင်၍မျက်နှာရမည် ဖြစ်သည်။ အကြောင်းမှာ ကရုဏာရှိသောသူအပေါ်၌ ဘုရားသခင်က ကရုဏာပြုမည် ဖြစ်သည်။

၅။ ယုံကြည်ခြင်းရတနာကို ရတတ်သောသူသည် “မေတ်္တာခြုံလို့ လုံပါစေ၊စေတနာဆောင်လို့ အောင်ပါစေ” ဟုဆိုသကဲ့သို့ မေတ်္တာကရုဏာကို အစဉ်ဆောင်၍ အောင်နိုင်ကြပါစေကြောင်း။