Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၇)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၇)

 

ဓမ္မအသိ၊ ဓမ္မသတိနှင့် အချင်းချင်း ပေါင်းသင်းဆက်ဆံခြင်း

သင်တို့သည် ဆင်းရဲသောသူကို မထီမဲ့မြင်ပြုကြသည်တကား။ ငွေရတတ်သောသူတို့သည် သင်တို့ကို ညှဉ်းဆဲ
နှိပ်စက်ကြသည် မဟုတ်လော။ တရားပလ္လင်ရှေ့သို့ ဆွဲငင်ကြသည်မဟုတ်လော။ သင်တို့ကို သမုတ်သော
နာမတော်မြတ်ကို သူတို့သည် ကဲ့ရဲ့ကြသည်မဟုတ်လော။

(ယာကုပ် ၂း၆-၇)

 

သင်တို့က ဆင်းရဲသောသူတို့အပေါ် ပြုသောအမှု

၁။ “သင်တို့” သည်

က။ ယုံကြည်သူ ခရစ်ယာန်များ၊
ခ။ ယာကုပ်၏ စာဖတ်ပရိသတ်များ ကိုရည်ညွှန်းသည်။

၂။ “ဆင်းရဲသောသူ” သည် –

က။ လောကီ စည်းစိမ်၌ မရှိဆင်းရဲသောသူ၊
ခ။ ငွေမရတတ်သောသူ ကိုရည်ညွှန်းသည်။

၃။ ယုံကြည်သူများသည် မိမိတို့ဝန်းကျင်တွင်ရှိသော မရှိဆင်းရဲသားများကိုမည်သို့ ဆက်ဆံကြသနည်း။

က။ မထီမဲ့မြင် ပြုကြသည်။
ခ။ အရှက်ကွဲစေကြသည်။
ဂ။ ဂရိ- atimazo သည် အထက်က ဖော်ပြထားသော အဓိပ်္ပာယ်နှစ်မျိုးစလုံး ရှိသည်။

၄။ အကျွန်ုပ်တို့ ဝန်းကျင်၌ရှိသော မရှိဆင်းရဲသားများကို (မိမိထက်ဆင်းရဲသောသူများကို) အရှက်မခွဲမိစေရန် ဓမ္မအသိ၊ ဓမ္မသတိနှင့် ဆက်ဆံကြစို့။ချမ်းသာသောသူတို့က သင်တို့အပေါ် ပြုသောအမှု

၁။ “ငွေရတတ်သောသူတို့” သည်

က။ ချမ်းသာသောသူများ၊
ခ။ စည်းစိမ်ကြွယ်ဝသောသူများ၊ ကိုရည်ညွှန်းသည်။

၂။ ချမ်းသာသောသူတို့သည် ခရစ်ယာန်ယုံကြည်သူများကို မည်သို့ ဆက်ဆံ
ကြသနည်း။

က။ ညှဉ်းပမ်းနှိပ်စက် (ဂရိ-katadunasteuo) သည် –

– ကြမ်းတမ်းစွာ အုပ်ချုပ်သည်၊
– အနိုင်ကျင့်သည်၊
– ဖိနှိပ်၍ ဆက်ဆံသည်၊ စသည်တို့ဖြစ်သည်။

ခ။ တရားပလ္လင်ရှေ့သို့ ဆွဲခေါ်(ဂရိ-့helko) သည် –

– တရွတ်တိုက်ဆွဲသည်၊
– အတင်းအဓမ္မ သွေးဆောင်သည် စသည်တို့ဖြစ်သည်။

ထို့ကြောင့် “ကြမ်းတမ်းစွာ အနိူင်အထက်ပြုသည်” ဟု ပြန်ဆိုနိုင်သည်။

 

ချမ်းသာသောသူတို့ (ထပ်၍ သတိမမူဘဲ) ကျူးလွန်သောအမှု

၁။ ဘုရားသခင်၏ နာမတော်ကို ကဲ့ရဲ့ (ဂရိ-blashphemeo) ကြသည်။
၂။ ချမ်းသာသောသူတို့က ဘုရားသခင်၏ နာမတော်ကို မည်သို့ စော်ကားမိကြသနည်း။

က။ ယုံကြည်သောသူများသည် –

– ဘုရားသခင်ပိုင်ထိုက်သော ဘဏ္ဌာတော်၊
– မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိူး၊
– သန့်ရှင်းသောလူမျိုး၊ (ထွက် ၁၉း၅-၆)
– သခင်ခရစ်တော်၏အသင်း၊ (မဿဲ ၁၆း၁၈)
– ဘုရားသခင်ရွေးချယ်တော်မူသော အမျိုး၊
– ဘုရားသခင်ပိုင်ထိုက်သော အပေါင်းအသင်း၊
– ဘုရားသခင်ထံတော်မှ ကရုဏာနှင့်ကျေးဇူးတော်ကို ခံရသောအမျိုး (၁ပေး ၂း၉-၁၀) စသည်တို့ ဖြစ်ကြသည်။

ခ။ ယုံကြည်သောသူတို့ကို

– ခရစ်ယာန်များ (ခရစ်တော်၏တပည့်များ) (တမန် ၁၁း၂၆၊ ၂၆း၂၈၊ ၁ပေ ၄း၁၆)
– လမ်းတော်ကို လိုက်သောသူများ (တမန် ၂၂း၄-၅၊ ယှဉ်ဖတ်- ယောဟန် ၁၄း၆)
– နာဇရက်ဘာသာဝင်များ (တမန် ၂၄း၅၊ ယှဉ်ဖတ်- မဿဲ ၂း၂၃) စသောအမည် နာမများဖြင့် သမုတ်ကြသည်။

ဂ။ “သင်တို့ကို သမုတ်သော နာမတော်မြတ်” သည် –

– ဘုရားသခင်၏ နာမတော်၊
– သခင်ဘုရား (သခင်ခရစ်တော်)၏ နာမတော် ဖြစ်သည်။

ယုံကြည်သူတို့သည် ထိုနာမတော်မြတ်ဖြင့် ခေါ်ဝေါသမုတ်ခြင်းကို ခံကြရသည်။

ဃ။ ချမ်းသာသောသူတို့သည် ယုံကြည်သူများကို ကဲ့ရဲ့ခြင်းဖြင့် ဘုရား သခင်၏နာမတော်မြတ်ကို ပုတ်ခတ်ပြောဆိုရာ ရောက်စေသည်။ ဘုရားသခင်၏ အမည်နာမတော်ကို စော်ကားခြင်း၊ ပုတ်ခတ်ပြော ဆိုခြင်း၊ မထီမဲ့မြင်ပြုခြင်းသည် ကြီးလေးသောအပြစ် ဖြစ်သည်။

၃။ အကျွန်ုပ်တို့သည် အချင်းချင်းဆက်ဆံခြင်းအမှု၌ ဘုရားသခင်၏နာမ တော်မြတ်ကို မထီမဲ့မြင် မပြုမိစေရန် သတိဝီရိယဖြင့် မိမိကိုယ်ကို စောင့်ထိန်းကြပါစို့။