Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၆)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၆)

 

ယုံကြည်ခြင်း၌ ကြွယ်ဝချမ်းသာခြင်း

ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကိုရတတ်စေခြင်းငှါ၎င်း၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟု ဝန်ခံတော်မူသော နိုင်ငံတော်၏
အမွေခံဖြစ်စေခြင်းငှါ၎င်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော။
(ယာကုပ် ၂း၅)

 

ငါချစ်သောညီအစ်ကိုတို့…

၁။ ယာကုပ်၏ ပရိသတ်တို့သည် နားထောင်ကြရမည်။
၂။ ကြားနာခြင်းအားဖြင့် နားလည်ကြရမည်။

 

လောကတွင် ဆင်းရဲသောသူတို့သည်…

၁။ ဆင်းရဲသောသူ (ဂရိ-ptochos) သည် –

က။ ဥစ္စာဆင်းရဲသောသူ၊
ခ။ စိတ်နှိမ့်ချသောသူ၊
ဂ။ ဝိညာဉ်ရေး၌ အမှန်ဆင်းရဲသောသူ (မဿဲ ၅) ဖြစ်သည်။

၂။ ယာကုပ်သြဝါဒစာ၏ ရှေ့နောက် အဆက်အစပ်အရ၊ ဥစ္စာဆင်းရဲသောသူကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ (ယာကုပ် ၁း၂-၃)

 

ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော
၁။ “ထိုသူတို့” သည် အထက်က ဆင်းရဲသောသူများကို ရည်ညွှန်းသည်။
၂။ ဘုရားသခင်သည် (မိမိအဖို့) မရှိဆင်းရဲသားများကို ရွေးကောက်တော်မူသည်။

က။ ရွေးကောက် (ဂရိ-eklego) သည် –

– မိမိအဖို့ ကောက်ယူသည်၊
– အများအပြားထဲမှ သီးသန့်ရွေးချယ်သည် စသည်တို့ဖြစ်
သည်။

ခ။ ဆင်းရဲသောသူတို့ကို သီးသန့်ရွေးချယ်သည်။

၃။ ထိုသို့ ရွေးကောက်ရခြင်း၏ အကြောင်းရင်းမှာ-

က။ ယုံကြည်ခြင်းရတနာကို ရတတ်စေခြင်းငှာနှင့်
ခ။ နိုင်ငံတော်၏အမွေခံဖြစ်စေခြင်းငှာ၊ ဖြစ်သည်။

ထပ်ဆင့် ဆင်ခြင်နှလုံးသွင်းခြင်း

၁။ ယုံကြည်ခြင်းရတနာကို ရတတ်စေခြင်း

က။ ဂရိ-plousios သည် –

– ကြွယ်ဝသော၊
– ချမ်းသာသော၊
– ချမ်းသာကြွယ်ဝသော စသည်တို့ဖြစ်သည်။

ခ။ ယုံကြည်ခြင်း၌ ချမ်းသာကြွယ်ဝလာခြင်း ဖြစ်သည်။

၂။ ဘုရားသခင်သည် မရှိဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ချမ်းသာကြွယ်ဝသောသူ ဖြစ်လာစေရန် ရွေးကောက်တော်မူသည်။
၃။ ဘုရားသခင်ကို ချစ်သောသူတို့သာ ရရှိမည့် နိုင်ငံတော်၏အမွေခံဖြစ်စေခြင်း။

က။ ဤအမွေတော်သည် –

– ဘုရားသခင်ကို (လက်ရှိအချိန်၌လည်း) ချစ်နေသော
သူများ အတွက်သာဖြစ်သည်။
– ကောင်းကင်နိုင်ငံတော်နှင့် စပ်ဆိုင်သောအမွေဖြစ်သည်။

ခ။ ဘုရားသခင်က သူ့ကို ချစ်သောသူတို့အားသာ ပေးမည်ဟုကတိပေးထားသော အမွေဖြစ်သည်။

၄။ ဘုရားသခင်သည် လောကစည်းစိမ်၌ ဆင်းရဲသော်လည်း၊ ယုံကြည်ခြင်း၌ချမ်းသာကြွယ်ဝသောသူတို့ကို နိုင်ငံတော်၏အမွေခံ ဖြစ်လာစေရန်ရွေးကောက်တော်မူသည်။

 

စိန်ခေါ်ချက်

၁။ ယုံကြည်ခြင်း၌ ချမ်းသာကြွယ်ဝသောသူဖြစ်၍ နိုင်ငံတော်၏အမွေခံများဖြစ်လာရေးသည် –

က။ ကျွန်ုပ်တို့ ယုံကြည်ခြင်း ခရီးစဉ်၏ ပန်းတိုင် ဖြစ်သည်။
ခ။ ဘုရားသခင်၏ ရည်ရွယ်ချက်ကြီး ဖြစ်သည်။

၂။ ယုံကြည်ခြင်း၌ အမှန်ချမ်းသာသောသူသည်

က။ ဘုရားသခင်ကို ချစ်နေသောသူ၊
ခ။ ဘုရားသခင်၏ ကတိတော်ကို မိမိ၏အသက်သွေးကြောအဖြစ်အမှီပြုသောသူ ဖြစ်သည်။

၃။ ဤယုံကြည်ခြင်းပန်းတိုင်သို့ ဦးတည်၍ အရောက်သွားကြပါစို့။