Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၂)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၂)

 

တရားကိုကျင့်သောသူ

ထို့ကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ်လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ်
ကိုကယ်တင်နိုင်သော အထဲ၌စိုက်ပျိုးသော နှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သော စိတ်နှင့်ခံယူကြလော့။ ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။

(ယာကုပ် ၁း၂၁-၂၁)

 

ထို့ကြောင့်…

၁။ လူ၏အမျက်ဒေါသသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုတရားကို မပြုစုတတ်သည်မှာ လုံးဝငြင်းနိူင်ဖွယ် မရှိ။ (ယာကုပ် ၁း၂၀)
၂။ “ထို့ကြောင့်” အောက်ပါအချက်တို့ကို ပယ်ရှားရမည်။

က။ ခပ်သိမ်းသောညစ်ညူးခြင်း၊
ခ။ မနာလိုသောစိတ်လွန်ကျူးခြင်း၊
ဤအရာများသည် လူကို ညစ်ညမ်းစေသည်။ (မာကု ရး၂၀-၂၃)

 

သင်တို့စိတ်ဝိညာဉ်ကို ကယ်တင်နိုင်သော…

၁။ ဘုရားသခင်၏ နှုတ်ကပတ်တရားသည် –

က။ ကယ်တင်ရှင်ဖြစ်သော ဘုရားသခင်၏ နှုတ်ထွက်စကားဖြစ်သည်။
ခ။ ဘုရားသခင်၏ နှုတ်ထွက်စကားသည် ပြည့်စုံရမည်သာ ဖြစ်သည်။ (ဟေရှာယ ၅၅း၁၁)
ဂ။ စိတ်ဝိညာဉ်ကို အမှန်ပင်ကယ်တင်နိုင်သည်။

၂။ ထိုနှုတ်ကပတ်တရားသည် –

က။ သမ္မာကျမ်းစာအုပ်ကို ဆိုလိုသည် မဟုတ်။ (ယောဟန် ၅း၃၉)
ခ။ သမ္မာကျမ်းစာ၏ မှန်သောသွန်သင်ချက်များကိုသာ ဆိုလိုသည်။

၎င်းတို့သည် –
– ဝိညာဉ်သဘောရှိသည်။ (၁ကော ၂း၁၀-၁၆)
– ဝိညာဉ်တော်၏သွန်သင်ချက်အားဖြင့်သာ သိရှိနားလည်နိုင်သည်။
ဂ။ ကြားနာသောသူတို့၏ အထဲ၌ စိုက်ပျိုးသော ဘုရားသခင်၏စကားဖြစ်သည်။ (မဿဲ ၁၃း၁-၂၃)

 

နူးညံ့သိမ်မွေ့သော စိတ်နှင့်ခံယူကြလော့

၁။ နူးညံ့သိမ်မွေ့သော စိတ် (ဂရိ- prautes) သည် –

က။ သိမ်မွေ့ခြင်း၊
ခ။ နူးညံ့ခြင်း၊
ဂ။ နှိမ့်ချခြင်း စသည်တို့ဖြစ်သည်။

၂။ ခံယူ (ဂရိ- dechomai) သည် –

က။ လက်ခံရယူခြင်း၊
ခ။ ကြိုဆိုလက်ခံခြင်း စသည်တို့ဖြစ်သည်။

၃။ စိုက်ပျိုးသော (ဂရိ- emphutos) သည် –

က။ အမြစ်တွယ်သော၊
ခ။ မွေးဖွားရာဖြစ်သော စသည်ဖြင့်လည်း ပြန်ဆိုနိုင်သည်။

၄။ မိမိအထဲ၌ (ဘုရားသခင်၏ ပျိုးထောင်ထားခြင်းအားဖြင့်) အမြစ်တွယ်ထားသော နှုတ်ကပတ်တရားကို စိတ်နှလုံးနှိမ့်ချခြင်းဖြင့် ကြိုဆိုလက်ခံရမည်။

 

နာရုံမျှသာပြုသောသူမဟုတ်၊ တရားကို ကျင့်သောသူ ဖြစ်ကြလော့

၁။ တရားကို နာရုံမျှသာ နာသောသူသည် –

က။ မိမိကိုယ်ကို လှည့်ဖြားသောသူ၊
ခ။ နှုတ်ကပတ်တရားကို အမှန် မခံယူသောသူ ဖြစ်သည်။

၂။ တရားကို ကျင့်သောသူသည် –

က။ ကြားရသော နှုတ်ကပတ်တရားကို နူးညံ့သောစိတ်ဖြင့် ခံယူသောသူ၊
ခ။ မိမိအထဲ၌ အမြစ်တွယ်ထားသော နှုတ်ကပတ်တရားကို လက်တွေ့ဖော်ဆောင်သောသူ ဖြစ်သည်။ နှုတ်ကပတ်တရားအတိုင်း အသက်ရှင်သောသူ ဖြစ်သည်။