Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၁)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၁)

 

နားကြားခြင်းငှါ လျင်မြန်စေ

သို့ဖြစ်၍၊ ငါချစ်သောညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ၊ စကားပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။- လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။ (ယာကုပ် ၁း၁၉-၂၀)

 

သို့ဖြစ်၍

၁။ “သို့ဖြစ်၍” သည် အထက်ပါ အကြောင်းကြောင့် ဟုဆိုလိုသည်။
၂။ “သို့ဖြစ်၍” ကို “ထိုသို့ဖြစ်သောကြောင့်” ဟုလည်း ပြန်ဆိုနိုင်သည်။

 

ငါချစ်သောညီအစ်ကိုတို့…

၁။ ချစ်သော ပရိသတ်များကို ရည်ညွှန်းသည်။
၂။ ယာကုပ်၏ စာဖတ်ပရိသတ်များသည် ယုဒလူမျိုးများ ဖြစ်ကြသည်။

 

ခပ်သိမ်းသောသူတို့သည်…

၁။ “ခပ်သိမ်းသောသူတို့” သည် လူတိုင်းကို ဆိုလိုသည်။
၂။ တစ်နည်းအားဖြင့်၊ “လူသည်” –

က။ နားကြားခြင်းငှာ လျင်မြန်ရမည်။
ခ။ သို့သော် စကားပြောခြင်းနှင့် အမျက်ထွက်ခြင်းငှာ နှေးကြရမည်။

 

၃။ နားကြားခြင်း (ဂရိ-akouo) သည် –

က။ ကြားခြင်း၊
ခ။ နားလည်ခြင်း၊ စသည်တို့ဖြစ်သည်။ လူသည် ကြားနာသင်ယူခြင်းကို ဦးစားပေးရမည်။ ထိုအမှု၌ လျင်မြန်ရမည်။

၄။ စကားပြောခြင်း နှင့် အမျက်ထွက်ခြင်း၌ မည်သူမဆို နှေးကြရမည်။

က။ အမှားအမှန်ခွဲခြားပြီးမှ စကားပြောပါ။
ခ။ အကျိူးအကြောင်း ဆင်ခြင်ပြီးမှ ဒေါသထွက်ပါ။ လူသည် စကားပြောခြင်းနှင့် အမျက်ထွက်ခြင်း၌ နှေးကွေးရမည်။

 

လူ၏ဒေါသအမျက်သည်…

၁။ လူ၏ ဒေါသအမျက် (ဂရိ-orge) သည် –

က။ ကြမ်းတမ်းသော စိတ်ဆန္ဒ၊
ခ။ အမျက်ဒေါသ၊
ဂ။ အနာတရဖြစ်စေရန် တုံ့ပြန်လိုသောစိတ် စသည်တို့ ဖြစ်သည်။

၂။ လူ၏ဒေါသအမျက်သည် –

က။ လူ၏စံချိန်စံနှုန်းကို အခြေခံသည်။
ခ။ လူ၏ကြမ်းတမ်းသော စိတ်သဘောမှ ဖြစ်လာသည်။

၃။ မပြုစုတတ် (ဂရိ-ergazomai) သည် –

က။ လုပ်ဆောင်ခြင်း၊
ခ။ ထုတ်လုပ်ခြင်း၊
ဂ။ ဖော်ထုတ်ခြင်း စသည်တို့ဖြစ်သည်။

၄။ လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို –

က။ အကောင်အထည် မဖော်နိုင်။
ခ။ မည်သည့်အကျိုးမျှ မပေးနိုင်။
ဂ။ မဖြစ်ထွန်းစေနိုင်။

ဒေါသအမျက်ထွက်ခြင်းငှာ အလွန်နှေးကြပါစို့။ ဒေါသအမျက်မထွက်မိ စေရန် ကြိုးစားကြပါစို့။ အကယ်၍ မှန်ကန်သောအကြောင်းတရားကြောင့် ဒေါသထွက်ခဲ့လျှင် ဧဖက် ၄း၂၆ ကို သတိရပါ။