Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၀)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၀)

 

ကောင်းမြတ်စုံလင်သော အဖခမည်းတော်

ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှလာကြ၏။ ထိုအဘသည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။ နိမ္မိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသော အသီးကဲ့သို့ ဖြစ်စေခြင်းငှာ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဘွားစေတော်မူ၏။
(ယာကုပ် ၁း၁၇-၁၈)

 

ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည်…

၁။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှသည်

က။ ကောင်းသောအရာ၊ မင်္ဂလာရှိသော အရာ၊
ခ။ အနာအဆာ မရှိသောအရာ၊ ပြည့်ဝစုံလင်သောအရာ၊
ဂ။ အထူးသဖြင့် လူတို့၏အစွမ်းအစကြောင့်မဟုတ်ဘဲ ရရှိခံစားနေရသော အရာများကို ဆိုလိုသည်။ ဥပမာအားဖြင့် –

– နေ၊
– လေ၊
– ရေ (မိုး)၊
– အသက်ဝိညာဉ် (မိမိတို့တစ်ဦးချင်း၏ အသက်ဝိညာဉ်)၊
– သမ္မာတရား (နှုတ်ကပတ်တော်) စသည်တို့ဖြစ်သည်။

၂။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးတို့သည် –

က။ အဖခမည်းတော်ထံမှ ဖြစ်ကြသည်။
ခ။ အထက်အရပ်မှ ဆင်းသက်လာကြသည်။

 

ထိုအဘသည်…

၁။ အလင်းတို့၏ အဖ ဖြစ်သည်။ ဆိုလိုသည်မှာ ကောင်းသောအရာ၊ ဖြောင့်မတ်မှန်ကန်သောအရာတို့၏ အရင်းအမြစ် ဖြစ်သည်။
၂။ အထက်အရပ် (ကောင်းကင်ဘုံ၌) စံနေတော်မူသောသူ ဖြစ်သည်။
၃။ ထိုအဘသည် –

က။ ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊
ခ။ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူသည်။

၄။ တစ်နည်းအားဖြင့်ဆိုသော် ထိုအဖခမည်းတော်သည်

က။ ပြောင်းလဲယိမ်းယိုင်ခြင်းမရှိသောသူ၊
ခ။ စိတ်နှစ်ခွမရှိသောသူ၊
ဂ။ သံသယမရှိတတ်သောသူ၊
ဃ။ စိတ်ချယုံကြည်တတ်သောသူ စသည်တို့ဖြစ်သည်။

 

နိမ္မိတသတ္တဝါတို့တွင် ငါတို့သည်…

၁။ ဖန်ဆင်းထားသောသတ္တဝါတို့တွင် ယုံကြည်သူတို့သည် အဦးသီးသော အသီးကဲ့သို့ ဖြစ်ကြသည်။

က။ ထိုသို့ ဖြစ်စေခြင်းငှာ အဖခမည်းတော်ဘုရားသခင် အလိုရှိတော်မူသည်။
ခ။ ခမည်းတော်ဘုရားသခင်သည် ယုံကြည်သော အကျွန်ုပ်တို့ကို အဦး သီးသောအသီး ဖြစ်ကြရန် သမ္မာတရားစကားအားဖြင့် ဖြစ်ဖွားစေတော်မူသည်။

၂။ “သမ္မာတရားစကားအားဖြင့် ဖြစ်ဖွားစေခြင်း” သည်

က။ ဒုတိယမွေးဖွားခြင်း ကိုဆိုလိုသည်။ (၁ ပေ ၁း၂၃-၂၄)
ခ။ သမ္မာတရားကို ယုံကြည်လက်ခံခြင်းကြောင့် ဖြစ်သော ဘဝအသက်တာပြောင်းလဲခြင်းကို ဆိုလိုသည်။

၃။ “အဦးသီးသောအသီး” သည် –

က။ နောက်မှဖြစ်ထွန်းလာသောအသီးအပွင့်များသည် အဦးသီးသောအသီးကဲ့သို့ ဖြစ်ကြသည်။
ခ။ ဖန်ဆင်းခံသတ္တဝါအပေါင်းတို့သည် ယုံကြည်သောအကျွန်ုပ်တို့ကဲ့သို့ ဖြစ်လာကြမည်ဖြစ်သည်။ ဆိုလိုသည်မှာ နိမ္မိတသတ္တဝါတို့သည်

– ဘုရားသခင်၏ ကယ်တင်ခြင်း၏ အကျိုးကျေးဇူးကိုရရှိခံစားလာကြမည်။ (ရောမ ၈း၂၁-၂၃)
– ဘုရားသခင်၏ ကောင်းမြတ်စုံလင်သော အုပ်စိုးခြင်းကိုဝန်ခံလာကြမည်။ (ဗျာဒိတ် ၂၁း၂၄-၂၇)